အခန်း286

124 20 0
                                    

အပိုင်း ၂၈၆ သူတို့ကို မနာကျင်စေချင်ဘူး

နောက်တစ်နေ့ နံနက်တွင် ယင်ယင်က နန်ကုန်းကျင်းနဲ့ ချိုးယွဲ့ဟော်ရှားတို့ အိမ္ကို သူမဘာသာ သွားခဲ့သည်။ ဦးလေးမာလင်က ကြယ်အဆင့် ဖြစ်တည်မှုဖြစ်ကာ မည်သည့် အာကာသနယ်မြေကိုမဆို ခုန်ပျံကျော်လွှားကာ သွားနိုင်ပေသည်။ ယင်ယင်ကလည်း ထိုသို့လုပ်နိုင်ပေ၏။ ထို့ကြောင့် သူမက အလွန်အမင်း ဝေးကွာတဲ့ နေရာတွေကို ဆိုရင်တောင်မှ ချက်ချင်း သွားနိုင်စွမ်း ရှိပေသည်။

ယင်ယင် ထွက်ခွာသွားတဲ့နောက် လုဇွီနဲ့ လင်းလင်တို့က အဆောင်ကနေ ထြက္ခြာလာခဲ့ကာ နတ်သမီးဂြိုလ်ရဲ့နေရာလပ် ဘူတာရုံသို့ ရောက်လာခဲ့ကြသည်။

သူတို့က ဆုံမှတ်နေရာတွင် သွားရောက် စောင့်ဆိုင်းရမည် ဖြစ်သည်။ ထိုနေရာကနေ နင်းခန်စနစ်သို့ သွားမယ့် အာကာသ သငေ်္ဘာကို အတူစီးရမွာ ဖြစ်သည်။ ထိုနေရာတွင် သွေးညဓားပြအဖွဲ့ကို ရှာရမည် ဖြစ်၏။

ဒီတစ်ကြိမ်တွင်တော့ နင်းခန်စနစ်ရဲ့အပြင်ဘက်တွင် တိုက်ခိုက်မှု နေရာ တွေ့ရှိရတယ်လို့ သတင်းကြားထားရပေသည်။ တိုက်ခိုက်ခံခဲ့ရတဲ့ ထိုနေရာတွင် အာကာသ သငေ်္ဘာကလည်း ပျက်စီးနေခဲ့သလို ထိုထဲတွင်ရှိသမျှ လူတိုင်းကလည်း သေနေခဲ့ပေ၏။

သို့သော် ထိုဖြစ်စဉ်က သွေးညအဖွဲ့ရဲ့လုပ်ဆောင်မှုနဲ့တော့ မတူညီခဲ့ပေ။ သွေးညအဖွဲ့က ဗဟိုအစိုးရပိုင်နက်နဲ့ နီးကပ်တဲ့ နေရာတွင် ထိုသို့လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ဒါက သူတို့ရဲ့ပုံစံ ဟုတ်မနေခဲ့။

လုဇွီနဲ့ အခြားသူတွေ အားလုံးက ဒီဖြစ်စဉ်ကို သိချင်နေခဲ့ကြသည်။ ဆုံမှတ်နေရာသို့ ရောက်သွားတော့ လုဇွီနဲ့ လင်းလင်တို့က မီးခိုရောင်ဆံပင်နဲ့ လွပလွတဲ့ စီနီယာအစ္မ မာဂရက္ကို တွေ့လိုက်ရသည်။ ထို့နောက်အနက်ရောင် ဆံပင် စီနီယာ အကိုတစ်ယောက်နဲ့ ရွှေရောင်ဆံပင်နဲ့ စီနီယာ အကိုတစ်ယောက်လည်း ရှိနေခဲ့သည်။

လုဇွီနဲ့ လင်းလင်ကို မြင်တော့ စီနီယာအစ္မ မာဂရက္က လက်ဝှေ့ ရမ်းပြသည်။
လုဇြီ လင်းလင် ဒီမွာ

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now