အခန်း283

121 18 0
                                    

အပိုင်း ၂၈၃ အကို ပြန်လာတော့မှာလား

လုဇြီ သူ့စိတ်စွမ်းအင်ကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်တာနဲ့ သံချပ်ကာနဲ့ ဆက်နွယ်မှုကို ခံစားမိလိုက်ရသည်။ ဒါက ဘယ္လို သီအိုရီတွေကြောင့်မှန်းတော့ မသိပေမယ့် ကိစ္စတော့ မ၇ှိပါပေ။ လွယ်နေရင် ပြီးတာပဲ မဟုတ္လား။

သူ့ရဲ့စိတ်စွမ်းအင်က လှုပ်လိုက်တာနဲ့ တိုက်ပွဲ၀င် သံခ်ပ္ကာ အပိုင်းအစတွေက လုဇွီရဲ့ကိုယ်နဲ့ ချိတ်ဆက်ပြီးသားဖြစ်သွားခဲ့သည်။

သူ့ကိုယ်ပေါ် ၀တ်ပြီးသားဖြစ်သွားတဲ့ ၀တ်စုံကို လုဇြီ ကြည့်လိုက်သည်။ ထို၀တ်စုံပေါ်တွင် အစိမ်းရောင်နဲ့ ခရမ်းရောင် အလင်းတွေ ရှိနေကာ ရှုပ်ယှက်ခတ်နေလေသည်။ သူ လက်တွေ ဆန့်ကြည့်လိုက်သည်။ ဒီ၀တ္စုံက သူနဲ့ကွက်တိကျနေခဲ့၏။

လုဇြီက လက်နှစ်ဖက်လုံး ဖြန့်လိုက်ကာ ဘယ်ဘက်တွင် လေနဲ့ ညာဘက်တွင် လျှပ်စီးတို့ ပေါ်လာစေလိုက်သည်။ ထိုအခါ ဒီ၀တ်စုံနဲ့က ပိုသုံးရ အဆင်ပြေကြောင်း သိလာရတော့သည်။ထို့ကြောင့် စွမ်းအားပိုတိုးလာကာ တိုက်ပွဲ၀င်စွမ်းအား တိုးတက်လာတော့မည် ဖြစ်ပေသည်။ လုဇြီ ကျေနပ်နေ၏။ဒီ၀တ်စုံနဲ့ဆို သူ သိပ်ကြည့်ကောင်းနေတော့မှာပဲ ။

သူ နန်ကုန်းကျင်း၊ လင်းလင်နဲ့ ချိုးယွဲ့ဟော်၇ှားတို့ကို ကြည့်လိုက်သည်။ သူတို့လည်း ၀တ်ထားကြ၏။လင်းလင်ရဲ့ သံခ်ပ္ကာက အဖြူရောင်အစင်းနဲ့ အပြာရောင် အစင်းဖြစ်ကာ နန်ကုန်းကျင်းကတော့ ေ၇ွှနဲ့ အနက်ဖြစ်သည်။ ချိုးယွဲ့ဟော်ရှားကတော့ ပန်းရောင်နဲ့ ရွှေရောင် အစင်းတွေ ဖြစ်၏။

သံချပ်ကာတွေက ကိုယ်ကျပ်ဖြစ်ကာ သူတို့ကိုယ်နဲ့ကပ်နေခဲ့၏။သူတို့တွေ ၀တ်စုံရဲ့ အျခား ဖန်၇ှုင်တွေကိုလည်း လုပ်ကြည့်လိုက်ကြသည်။ ထို့နောက် ပြန်ချွတ်ထားလိုက်ကြ၏။
နန်ကုန်းကျင်းက ပုလင်းတစ်လုံးကို ထုတ္ကာ သောက်ရင်း ရယ်သည်။

ယင်ယင်ကြောင့် ရတဲ့ဆုတွေကတော့ တကယ်မိုက်တယ်၊ ငါ့ရဲ့ လက်ရှိစွမ်းအင်က ဒီသံချပ်ကာနဲ့သာဆိုရင် ခက်ခဲတဲ့ မစ်၇ှုင်းတွေကိုတောင် လုပ်နိုင်စွမ်း ရှိလာလောက်တယ်။ ငါ အရှေ့ပိုင်း နယ်မြေ စုဆောင်းပွဲကျရင် အထွတ်အထိပ်အဆင့်ကို ရောက်မယ်လို့ ယုံကြည်ချက်၇ှိတယ်

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now