အခန်း274

130 20 0
                                    

အပိုင်း ၂၇၄ အရင်းအမြစ်အကြောင်း

အဆုံးတွင်တော့ လျှိုပင်းချင်း လူလေးယောက်စာအတွက် စာရင်း ဖြည့်လိုက်ရသည်။ ထိုလေးယောက်လုံးကို မြို့ကို ဝင်ခွင့် ပြုလိုက်ပေသည်။

လေးယောက်လုံး ဝင်သွားတာကို မြင်တော့ လျှိုပင်းချင်းရဲ့မျက်လုံးတွေက အရောင်လက်လာခဲ့၏။ သူက ဒေတာကို စစ်ဆေး ကြည့်လိုက်သည်။ ထူးခြားတဲ့ မစ်ရှင်းနဲ့ပတ်သက်ပြီး ဘာမွ ဖော်ပြထားတာမျိုး ရှိမနေခဲ့ပေ။ ဒါ့အပြင် အဆင့်မြင့် မစ်ရှင်းတွေမှာတောင်မှ ဒီလိုမျိုး အဆင့်မြင့် ဆုလာဘ်မျိုး ရထားခြင်းမျိုး မရှိနေခဲ့။

သူတို့ရဲ့ဆုက တစ်ချိန်တည်း ရထားခြင်းဖြစ်ကာ လေးယောက်လုံး တစ်ချိန်တည်း လုပ်ခဲ့ပုံရသည်။
လျှိုပင်းချင်းက ဒီတစ်လောမှာ ကြီးကြီးမားမား တစ္ခုခု ဖြစ်ပျက်ခဲ့သလားဆိုတာကို ပြန်တွေးမိလိုက်၏။ သူ့ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့သည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆည်းဆာချိန်စနစ် တစ္ခုလုံး အမှောင်ထုထဲ နစ်မြုပ်သွားတာကို သူ သတိရလိုက်တော့သည်။ ထိုအချိန်က ဗဟိုအစိုးရ နေရာတစ်ခုတည်းကသာ ကြယ်အလင်းရောင် ရှိနေခဲ့ခြင်းဖြစ်၏။ ဒီကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ ချီက ဒီလေးယောက်နဲ့ ဆက်စပ်နေတာလား။

လျှိုပင်းချင်း ခေါင်းခါလိုက်တော့သည်။ မဖြစ်နိုင်ဘူး။ ဒီဖြစ်နိုင်စွမ်းက အရမ်းကို နိမ့်လွန်းတယ်။ သူ ကျင်းယောင် သူတော်စင်ကို မြင်ဖူးသည်။ ဒီစွမ်းအင်က ကျင်းယောင် သူတော်စင်ထက်တောင်မှ သာလွန်နေခဲ့သည်။ ထိုချီစွမ်းအင်မှာ သတ်ဖြတ်ခြင်းအရှိန်အဝါ ပါရှိနေပါက အားလုံးသေမှာ သေချာပေသည်။

ရှင်းလင်းစွာပင် ဒါက လူသားမျိုးနွယ်ဆီမှ ထွက်လာသည့် စွမ်းအင် ဟုတ်မနေခဲ့ပေ။ စွမ်းအား ကြီးမားလွန်းသည့် အခြားမျိုးစိတ်တွေမှ ရောက်လာခြင်း ဖြစ်နိုင်ပါ၏။ ထိုမျိုးစိတ်တွေက ဒီလေးယောက်နဲ့  ပတ်သက်နေနိုင်တယ်လား။ လျှိုပင်းချင်း တွေးတာကို ရပ်တန့်လိုက်တော့သည်။

သူ့ရဲ့စောင့်ကြပ်တဲ့ မစ်ရှင်းပြီးသွားသည့်နောက် သူက အကယ္ဒမီ အမှတ်တွေ ရရှိအုံးမည် ဖြစ်ပေမယ့် နန်ကုန်းကျင်းနဲ့ ချိုးယွဲ့ဟော်ရှားကိုတော့ ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now