အခန်း275

126 16 0
                                    

အပိုင်း ၂၇၅ လု သံမဏိ ခေါင်း ဇြီ

မြွေကြီးက လုဇြီရဲ့တိုက္ခိုက္ခ်က္ကို မရှောင်ဘဲ တိုက်ရိုက် ရင်ဆိုင်ပေသည်။

ခြိမ်း။

အစိမ်းရောင် လေစွမ်းအင်တွေက လုဇြီရဲ့လက္သီးမွ ဖြာထွက်နေခဲ့ကာ ခရမ်းရောင် လျှပ်စီးတွေကို သယ်ဆောင်ထားလေရင်း မြွေကြီးရဲ့ထူထဲလှသည့်ကြေးခွံကို ရင်ဆိုင်လိုက်တော့သည်။

တိုက္ပြဲမွ ၁၀ ကီလိုမီတာ ဝေးကွာသည့် နေရာအထိ အားလှိုင်းတွေ ပျံ့နှံ့ပေသည်။ ပတ်ဝန်းကျင်ရှိ မြက်တွေ အားလုံးက လေဓါးတွေကြောင့် ပိုင်းဖြတ်ခံရ၏။ အနက်ရောင် မြေသားတောင်မှ ပြင်းထန်စွာ လှုပ်ခါလာခဲ့သည်။

တိုက်ပွဲရဲ့အလယ်တွင်တော့ အစိမ်း၊ ခရမ်းနဲ့ အနက်ရောင် အလင်းတန်းတွေက ဖြာထွက်နေခဲ့သည်။  အလင်းတန်းတွေ ပျောက်ကွယ်သွားတဲ့အခါ အထဲတွင် ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို မြင်ရလာသည်။

ကီလိုမီတာ အနည်းငယ်သာ နက်သည့် တွင်းကြီးကို တွေ့ရသည်။ မြွေရဲ့ခေါင်းက အက်ကွဲနေခဲ့ကာ ခန္ဓာကိုယ်တွင်တော့ ဒဏ်ရာပေါင်းများစွာ ရှိနေခဲ့လေသည်။ တစ်ချိန်တည်းတွင်ပင် မြွေမှ သွေးတို့က စိမ့်ထွက်နေခဲ့ကာ အိုင်လေးပင် ဖြစ်နေခဲ့၏။ လေပြင်းတွေ တိုက္ခတ္လာခဲ့ကာ လေက သွေးအနံ့ကို သယ်ဆောင်လာခဲ့သည်။

သိပ်မဝေးသည့် နေရာတွင်တော့ ဒဏ်ရာ အပြည့်ရှိနေခဲ့သည့် လုဇြီကို မြင်ရသည်။ သူ့ရဲ့ညာလက်က သွေးအလိမ်းလိမ်းဖြစ်နေကာ သူက မြေပြင်ပေါ်သို့ အားနည်းစွာပင်  လှဲနေရသည်။

သူက အေမာတေကာ ချောင်းဟန့်ရင်း ပြောလိုက်၏။
သေစမ်းကွာ

သူ့ရဲ့တစ်ကိုယ်လုံးမှ နာကျင်မှုတွေကို ခံစားနေရပေသည်။မြွေကြီးရဲ့စွမ်းအားတွေကြောင့် ဒဏ်ရာရတာထက် လေနဲ့ လျှပ်စီး စွမ်းအင်ကို ပထမဆုံးအကြိမ် ပေါင်းစပ်ခြင်း ဖြစ်သည်မို့ ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ ထိခိုက်အောင် လုပ်မိသွားခြင်း ဖြစ်ပေသည်။

သူ့တွင်သာ ပထမအဆင့် ခန္ဓာကိုယ် နတ်စွမ်းအင်နဲ့ ပထမအဆင့် အကာအကွယ်လွှာသာ ရှိမနေခဲ့ဘူးဆိုရင် သူ့ကိုယ်သူတောင် သတ်မိလောက်ပေသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now