အခန်း306

112 21 0
                                    

အပိုင်း ၃၀၆ ဇြီက လောကမှာ အေခ်ာဆုံးပဲ

ဧည့်ခန်းထဲတွင် အားလုံး၏ သိချင်စိတ် ပြည့်နေသော မျက်၀န်းတို့အား နန်ကုန်းကျင်း လျစ်လျူရှုထားပြီး အားနည်းချက်တို့ ဖာထေးနိုင်လိုက်သည့် ခံစားခ်က္ကိုသာ ပြန်လည် တွေးတောနေဖြစ်သည်။မူလက ယင်ယင့်ကိုသာ ထိတွေ့နိုင်ရန်အတွက် သူမ ထိုအလင်းလုံးအား သုံးချင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ဆရာမ တစ်ယောက်အနေနှင့် တပည့်အပေါ် အကြွေးမတင်ချင်ပေ။ သို့သော် ထိုအလင်းလုံးအား အသုံးပြုပြီးသည့်နောက် သူမ မတောင့်ခံနိုင်တော့ချေ။

သူမသည် လူသားတို့အား ကာကွယ်နိုင်သည့် အမျိုးသမီး စစ်သည် ဖြစ်ချင်သည်။ ထိုအနီရောင် အလင်းလုံးသည် သူမ၏ အားနည်းချက်တို့အား ဖာထေးပေးနိုင်၏။ ထိုနည်းဖြင့် သူမ၏ အနာဂတ်ဟာ တောက်ပလာနိုင်သလို ပို၍ ဝေးကွာသည့် အဆင့်အထိ သူမ ရောက်နိုင်လောက်သည်။

ထိုကဲ့သို့သော အခွင့်အရေးကောင်းကြီး တစ်ခုသည် သူမ ေ၇့ှတွင် ရှိနေသည့်အခါ သူမ လိုချင်လာရ၏။သို့သော် ထိုသည်က လုဇြီ၏ နတ်စွမ်းအင်ဖြစ်သည်။ လုဇွီအတွက် မလုံလောက်လျှင် သူမသည်လည်း ရလိမ့်မည် မဟုတ်ပေ။

နန်ကုန်းကျင်း ဘာလုပ်ရမည်ပင် မသိတော့ချေ။ သို့သော် သူမသည် လွတ်လွတ်လပ်လပ် နေတတ်သူဖြစ်သည့်အလျောက် ထိုကိစ္စအား မေ့ထားလိုက်တော့သည်။ လုဇြီ၏ အကျင့်စရိုက်အရ သူ့တွင် ပိုလျှံလာပါက သူမအား ပေးလောက်ပေသည်။

လုဇွီပြောခဲ့သည့် ဆယ္ဆ ပြန်ကျေးဇူးဆပ်မည် ဆိုသည့် စကားအား သူမ သတိရလိုက်သည်။ နန်ကုန်းကျင်း စိတ်ချမ်းသာသွားသည်။ လုဇွီသည် သူမအား ထိုအလင်းလုံးတွေ ထပ်ပေးလောက်သည်။

လုဇြီ အင်အားကြီးလာသည့်အခါ အလင်းလုံးတွေ များပြားလာမည် ဖြစ်သည့်အတွက် သူမအတွက် ပိုလျှံလာလောက်သည်။ ထိုအရာကြောင့် ဦးလေးမာလင်က လုဇွီအပေါ်  ပစားပေးထားခြင်း ဖြစ်လောက်သည်။  နန်ကုန်းကျင်းတောင်မှ သူနှင့် သူငယ်ချင်း ဖြစ်ချင်လာ၏။ ထိုအခါ တောင်းရ လွယ်လောက်ပေသည်။

လင်းလင်နှင့် ချိုးယွဲ့ဟော်၇ှားတို့သည် နန်ကုန်းကျင်းအား စောင့်ကြည့်နေခဲ့ကြပေသည်။ နန်ကုန်းကျင်း ပြောသည်အား သူတို့ ကြားကြသည့်အခါ ထိုသက်ရောက်မှုက မဆိုးမှန်း သူတို့ သိလိုက်ကြသည်။ သူတို့ စမ်းသပ်ချင် သြား၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now