အခန်း221

184 31 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၂၁ ရပ်လို့တောင် မရေတာ့ဘူး

အမဲလိုက် ကြားခံနယ်မြေတွင် လုဇြီ ရောက်နေခဲ့သည်မှာ နှစ်ရက် ကြာခဲ့လေပြီ။တိုက်ပွဲပေါင်းများစွာရဲ့ အတွေ့အကြုံကို ယူပြီးနောက် သူ့ရဲ့စွမ်းအားတွေကို သူ သေချာ ထိန်းချုပ်နိုင်ခဲ့လေပြီ။ လုဇြီ စိတ္သက္သာရာ ရလာ၏။

သူ ကောင်းကင်ကို မော့ကြည့်တော့ လျှပ်စီးတွေနဲ့ တလက်လက်ဖြစ်နေတဲ့ မြွေကြီးကို မြင်ရသည်။ မြွေက နှာတမှုတ်မှုတ် လုပ်နေသည်။ သူ မ်က္ခုံး ပင့်လိုက်၏။ သူက ခန္ဓာကိုယ် နတ်စွမ်းအင်ကို သုံးပြီး မြေပြင်မှ ခုန်တက်လိုက်သည်။

ခြိမ်း

ပေါက်ကွဲမှုတွေ ဖြစ်လာကာ မြေကြီးတွင် အက်ရာပေါ်လာသည်။ လုဇွီသည်လည်း ပျောက်သွားလေသည်။

မြွေကြီးက ပါးစပ်ကြီး ဖွင့်ကာ သူ့အား နှာမှုတ်ပြန်သည်။ သို့သော် မြွေပင် သတိမထားမိသေးခင် သူ့ခေါင်းက ပေါက်ကွဲကာ ခန္ဓာကတော့ မြေကြီးပေါ် အ၇ှိန်ပြင်းစွာ ပြုတ်ကျသည်။ လြယ္လိုက္တာ။

လုဇြီက ခန္ဓာကိုယ် နတ်စွမ်းအင်ကို သုံးလိုက်သည့်အခါ နတ်သိုင်း အပိုင်းအစတွေကို မြိုထားတတ်တဲ့ အလင်း၀င်ပေါက် ဖွင့်လှစ်ခြင်းအဆင့် သားရဲတွေထက် သာသွားလေ့ရှိသည်။ ထို့ကြောင့် သူ အသာလေး သတ်နိုင်နေ၏။

ထိုအခါမွ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းသည့် နတ်စွမ်းအင်ကို နာမည်လေးတစ်ခုတောင် မပေးရသေးကြောင်း သူ သတိရသွားသည်။

လုဇြီ မေးစေ့ ပွတ်ရင်း တွေးကြည့်သည်။ ပေါပေါပဲပဲတော့ ပေးလို့မဖြစ်ဘူး သေချာ စဉ်းစားရမယ်။

ထိုနတ်စွမ်းအင်ကို အသုံးပြုလိုက်သည့်အခါ သတၳုနက်ရောင် ပြောင်းသွားတတ်သည်။ အားကလည်း လွှမ်းမိုးနိုင်စွမ်း ကြီးလွန်းကာ သူသာလျှင် ကောင်းကင်နဲ့ မြေကြီးကို ပိုင်စိုးသလို ခံစားချက်ကလည်း ၀င်တတ်သည်။
ဒီလိုဆိုမွေတာ့. ။ ရုတ်တရက် လုဇြီရဲ့ မျက်လုံးတွေ အရောင် တောက်လာသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now