အခန်း237

174 25 0
                                    

အအနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၃၇ ဒီအတိုင်း ဆက်ပြီး သရုပ်ဆောင်လို့ မဖြစ်တော့ဘူး

ပေါ်ရိပေါ်က လုဇွီရဲ့မျက်နှာကို တစ်ချက် ကြည့်လိုက်သည်။ ရွုံးတာကို ငြင်းဆိုတဲ့ အမူအရာကို မြင်လိုက်ရ၏။ ပေါ်ရိပေါ် အနည်းငယ်တော့ ကျက်သေသေ ဟသွားရသည်။ သူ့ရဲ့မျက်လုံးတွေက အနည်းငယ် နက်မှောင်သွား၏။

ဂျူနီယာလုဇွီ ဒီလောက် သန်မာနေတာကို မအံ့သြတော့ပေ။ သူက ဘယ်တော့မှ အရှုံးမပေးတတ်တဲ့ ဇွဲရှိနေတာကိုး ဟုတ္တယ္မလား။ ထို့နောက် သူက ခေါင်းငြိမ့်လိုက်တော့သည်။

ကောင်းပြီလေ ဂျူနီယာ လုဇြီက ဒီလိုမျိုး ဆက်ပြောနေမှတော့ ငါကလည်း ဆက်ပြီး တိုက်ခိုက်ပေးရမှာပေါ့။ အခုကေတာ့ ငါးကွက်မြောက်ပဲ၊ ဂျူနီယာလုဇွီ ဂရုစိုက်ပါ

ငါးကွက်မြောက် ခွန်အားတွေကို ထုတ်သည့်အခါတွင်တော့ သူက နတ်စွမ်းအင်ကို စတင် အသုံးပြုတော့မှာဖြစ်သည်။ ထိုနတ်စွမ်းအင်က ရွှေနတ်စွမ်းအင်လဖြစ်သည်။သူ့ရဲ့ဓါးအလင်းတန်းတွေ အားလုံးက ဓါးနတ်စွမ်းအင်တို့ကြောင့် ပိုပြီးသာ စွမ်းအား ကြီးမားလာခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ပိုပြီး ထက်ရှလာသလို အလွန်အမင်းလည်း စွမ်းအား ပြင်းထန် လာတော့လေသည်။ သူက ညာလက္ကို အသာအယာ လှုပ်ရှားလိုက်ကာ သူ့ရဲ့လက်ဖဝါးက ဓါးကြီး တစ်စင်းအလားဖြစ်လာလေတော့သည်။ လက်ထဲတွင် ဓါးကိုင်ထားတဲ့ ပေါ်ရိပေါ်ရဲ့အရှိန်အဝါက ပြောင်းလဲသွားခဲ့လေကာ လအလွန်အမင်း လွှမ်းမိုးနိုင်စွမ်း ကြီးမားလာလေ၏။

ဂရုစိုက်ပါ ဂျူနီယာ လုဇြီ

သူက လုဇြီကို တည့်တည့် ကြည့်နေခဲ့ကာ သူ့လက်ထဲက ဓါးက ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတွေ လက်လာခဲ့လေရင်း လုဇြီဆီကို ခုတ်ချလိုက်တော့၏။
အရှင်သခင် ဓါး။

အရှင်သခင်ဓါး ဆိုပေမယ့် အရှိန်အဝါနဲ့ ရွှေရောင်နတ်စွမ်းအင်ကို အသုံးပြုထားခြင်းကြောင့် စွမ်းအားကတော့ အလွန်အမင်း ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ကို ဓါးအလင်း တစ်စင်းက ဖြတ်သန်းသွားခဲ့ကာ ထိုဓါးအလင်းက မီတာရာကျော်အထိ ရောက်ပေသည်။ နားကွဲမတတ် ဆူညံ စူးရွတဲ့ အသံကလည်း ထွက်ပေါ်လာခဲ့လေ၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now