အခန်း291

122 21 0
                                    

အပိုင်း ၂၉၁ အရမ်း မိမိုက္သလို လုပ်နေရင် အစားခံ၇ရောလား

ထိုဂြိုလ်ရဲ့ ပျက်ဆီးနေသည့် နယ်မြေပေါ်ရှိ မြေဆီလွှာတွေတွင် ဓားရာတွေ ပြည့်နေခဲ့လေသည်။ အစိမ်းရောင် မီးတောက်တို့က ကျောက်တုံးတွေကို လောင်ကျမ်းသွားခဲ့ကာ ချီတလွန့်လွန့် ဖြစ်နေခဲ့သည်။ အစိမ်းရောင် မီးတောက်တွေက ထိုနယ်မြေကို ဖုံးလွှမ်းထားခဲ့၏။

မီးတောက် အစွန်းတွေတွင် အနက်ရောင် အလင်းတွေက ထိုးထွက်နေခဲ့ကာ အလင်းတိုင်လို ဖြစ်နေခဲ့လေသည်။ မိုးခြိမ်းသံတွေကို ကြားလိုက်ရကာ မီးတောက်တွေကြားထဲ ပစ်ခတ်တော့မလို ဖြစ်လာခဲ့လေသည်။

မီးတောက်တွေ အားနည်းလာတာကို မြင်တော့ လုဇြီက လက္သီး ပြန်သိမ်းကာ သာသာယာယာ ဖြစ်သွားသည်။ လူတိုင်းကလည်း ခပ်အေးအေး ဖြစ်သွား၏။ဒီအဆင့်အားလောက်က သူတို့ကို မထိခိုက်စေနိုင်ပေ။

ပြဿနာက မီးတောက်သာ ဖြစ်၏။ ထိုထဲက ချီအားက ပြင်းထန်ပေသည်။ ထိုအခိုက် အာကာသပြင် စွမ်းအားက သူတို့ကို လွှမ်းခြုံလာခဲ့ကာ အနက်ရောင်၀တ်စုံ ၀တ်ထားသည့် ပုံရိပ်သုံးခု ပေါ်လာခဲ့လေသည်။

အားလုံးအား အစိမ်းရောင် မြူတွေက ဖုံးသြားခဲ့ကာ အစိမ်းရောင် အလင်းနှစ်စက်သာ ပေါ်နေတော့လေသည်။ ထိုအခိုက် လက်ဝါးချက်တွေက လုဇြီတို့ဆီ ေ၇ာက်လာခဲ့သည်။ ထိုလက်ဝါးချက်တွေက လုဇွီတို့နဲ့ ထိတောမည့် အချိန်တွင်ပင် လုဇြီတို့က အ၇ှိန်အဝါတွေ ထုတ်ဖော်လိုက်ကြသည်။

မာဂရက္က ဓားကို ၀င့်ကာ လင်းလင်ကို ရိုက်တော့မယ့် လက္ကို ခုတ်မည် ပြင်လိုက်သည်။ လင်းလင်ကလည်း လွံကို ထုတ်ပြီး နောက်ပြန် ရွယ်ထားလိုက်၏။

အခြားတစ်ဘက်တွင် လီချင်းယွန်ရဲ့ မြူဖြူက သူ့ဆီ ရောက်တော့မယ့် လက်မည်းကြီးကို လွှမ်းသွားခဲ့သည်။ အယ်ဒွန်ရဲ့ဓားက အလင်းတွေ လက္ကာ ထိုလက္ကို ဖြတ်သည်။

ထိုအခိုက် မာဂရက်နဲ့ အယ်ဒွန်တို့အပြင် ပြင်းထန်သည့် ဝိဉာဉ်စွမ်းအင်နဲ့ နတ်စွမ်းအင်တို့ လွှမ်းခြုံထားသည့် ၀တ်စုံနက်က လုဇွီဘေးသို့ ရောက်သွားလေသည်။လုဇွီ လှည့်ကြည့်လိုက်သည်။ သူ့ညာလက်က အနက်ရောင် အလင်းတွေ လက္ကာ တစ်ဖက်ရဲ့ လက်မည်းကြီးကို ရိုက်ထုတ်လိုက်ခဲ့သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now