အခန်း263

160 23 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၆၃ အလွန် စွမ်းအားကြီးလာခြင်း
ယင်ယင့်ကို မိတ်ဆက်ပေးပြီးသည့်နောက် ယဲ့မူနဲ့ အခြားသူတွေအားလုံးက သူမကို ကောင်းကောင်း နှုတ်ဆက်ကြသည်။ မည်သို့ပင်ဆိုစေ ချစ်စရာကောင်းတဲ့ ကလေးတွေကို လူတိုင်း နှစ်သက်ကြပေ၏။
ယင်ယင်က လူအုပ္ကို စပ္စုသလိုသာ ကြည့်နေပေမယ့် ဘာမွ ပြန်မပြောပေ။ ထိုအခိုက် လုဇြီက ပြောလိုက်၏။
စကားမစပ် လင်းလင်နဲ့ငါက ယင်ယင်နဲ့ပတ်သက်ပြီး လုပ္စရာ တစ္ခု ရှိသေးတယ်။ မင်းတို့အရင် ပြန်နှင့်ကြတော့
ယင်ယင့်ကြောင့် မနေ့ကကိစ္စ ဖြစ်ပြီးသည့်နောက် ကျောင်းက စာပို့လာခဲ့ကာ ကျောင်းသူ ကျောင်းသားအားလုံးကို ကျောင်းနှစ်ရက် ပိတ်ထားကြောင်း ပြောလာခဲ့ပေသည်။ ဆိုလိုသည်က သူတို့အနေနဲ့ ထိုကြောက်မက်ဖွယ်ချီ ထွက်ပေါ်လာတဲ့ အကြောင်းကို စုံစမ်းဖို့လိုသေးတယ်လို့ ဆိုပေသည်။
ဒီနေ့တွင် ယဲ့မူတို့တွေ အားလုံးက လုဇွီရဲ့အခြေအနေကို လာစစ်ဆေး ကြည့်ရုံသာ ဖြစ်၏။ သူတို့က လုဇြီ ပြောတာကို ကြားတော့ အနည်းငယ် သံသယဝင်ပေမယ့် ဘာမှမမေးကြပေ။ ထို့နောက် လုဇွီနဲ့ လင်းလင်ကို ထူးဆန်းတဲ့အမူအရာတွေနဲ့ ကြည့်ရင်း ပြန်သွားကြတော့သည်။ အဆုံးတွင်တော့ သူတို့တွင်လည်း ကိုယ်ပိုင်ကျင့်ကြံရမည့် အချိန် လိုအပ်နေသည်ပေ။
ထိုအခိုက် လုဇွီနဲ့ လင်းလင်တို့က ယင်ယင့်ကို ခေါ်ကာ နန်ကုန်းကျင်းပေးတဲ့ လိပ်စာအတိုင်း ထွက်လာလိုက်သည်။ သူတို့၏ ဖုန်းသို့ တိုက်ရိုက် ထည့်ထားသည့် လိပ်စာဖြစ်လို့ သူတို့ လမ်းပျောက်မှာတော့ မစိုးရိမ်ပါပေ။ ဗဟိုအစိုးရ တက္ကသိုလ်နဲ့ သိပ္မေဝးတဲ့ နေရာတွင် တောအုပ်တစ်ခုရှိသည်။ ထိုနေရာနားတွင် ကြီးမားလှတဲ့ ရေကန်ကြီးလည်းရှိ၏။ တစ်ဖက်တစ်ချက်ဆီတွင် သုံးထပ်အဆောက်အဦး အိမ်နှစ်လုံး ရှိပေသည်။
လင်းလင်နဲ့ လုဇြီ၊ ယင်ယင်တို့က ထိုရေကန်နားသို့ ရောက်သွားကြ၏။ အိမ်နှစ်လုံးကို မြင်တော့ လုဇြီ မှင်သက်သွားသည်။ နန်ကုန်းကျင်းက သူတို့ကို ဒီနေရာ လိပ္စာကိုသာ ပေးလိုက်ပေမယ့် ဘယ်အိမ်ဆိုပြီးတော့ မရည်ညွှန်းထားခဲ့ပေ။ ဘယ္တစ္လုံးက သူမ အပိုင်လဲ။
လုဇြီက နန်ကုန်းကျင်းကို ဖုန်းဆက်ရန် ပြင်နေတဲ့အချိန်တွင်ပင် အိမ်နှစ်လုံးမှ တစ္လုံးက ပုံရိပ္တစ္ခု ထွက်လာခဲ့သည်။ ယင်ယင်က ထိုပုံရိပ္ကို မြင်တော့ မျက်လုံးတွေ တောက်ပ သြားခဲ့၏။
အစ္မ ဟော်ရှား
လင်းလင်နဲ့ လုဇြီတို့က ချိုးယွဲ့ဟော်ရှားကို ကြည့်လိုက်ကြသည်။ ချိုးယွဲ့ဟော်ရှားက ပုံမှန် အဝတ်အစားကိုသာ ဝတ်ဆင်ထား၏။ ချိုးယွဲ့ဟော်ရှားက ယင်ယင့်ကို ဖက္ကာ ခေါင်းလေးကို အပြုံးနဲ့ ပုတ်သည်။ ထို့နောက် လုဇွီနဲ့လင်းလင်ကိုလည်း ပြုံးပြ၏။
နင်တို့ ရောက်လာပြီလား လာလေ
ထိုသို့ဖြင့် သူမက ယင်ယင့်ကို သူမရဲ့အိမ္သို့ ခေါ်သွားမည် ကြံသည်။
သို့ရာတွင် ထိုအချိန်တွင်ပင် နန်ကုန်းကျင်းက အျခား အိမ္တစ္လုံးမွ ထွက်လာခဲ့သည်။ သူမသည်လည်း ပုံမှန်အဝတ်အစားနဲ့ ဖြစ်၏။ နန်ကုန်းကျင်းက ချိုးယွဲ့ဟော်ရှားကို စိတ်ရှုပ်သလို ကြည့်သည်။
ပန်းရောင် အမွှေးနဲ့ မြေခွေးမ လုဇြီကို ယင်ယင့်ကို ငါ့အိမ်ခေါ်လာဖို့ ငါ ပြောပြီးသားလေ။ နင်က သူမကို ခေါ်သွားဖို့ ကြံနေတာလား
ချိုးယွဲ့ဟော်ရှားက နန်ကုန်းကျင်းကို အပြစ်ကင်းစွာကြည့်သည်။
ငါက နင် မူးနေတယ်လို့ ထင်လို့လေ
လုဇွီနဲ့ လင်းလင်
ဒီနှစ်ယောက်က ရေကန်ကို တစ္ဖက္တစ္ခ်က္ဆီ ထားပြီး  နေနေတာလား။ လုဇြီ ဆွံ့အစွာနဲ့ ပြောလိုက်ရတော့သည်။
ဆရာမ နန်ကုန်း ဆရာမ ချိုးယွဲ့ ကျွန်တော်တို့ နောက်မှ ရန် ဆက်ဖြစ်တာ ကောင်းမယ်ထင်တယ် ။ဒါပေမယ့် ဘာလို့ ဆရာမတို့က ကပ်လျက်နေနေကြတာလဲ
သူတို့က ယင်ယင့်ကို ခေါ်လာတုန်းပဲ ရှိသေးတာလေ။ ဒီနှစ်ယောက်က စပြီးသတ်နေကြပြန်ပြီ။
နန်ကုန်းကျင်းက ချိုးယွဲ့ဟော်ရှားကို စူးစိုက်ကြည့်သည်။ ထို့နောက် ပြော၏။
ဒါပေါ့ ဘယ္သူက ပိုပြီး သန္မာလဲဆိုတာ သိဖို့ ငါတို့ နေ့တိုင်း တိုက်ခိုက်နေကြပဲလေ
ချိုးယွဲ့ဟော်ရှားက ပြုံးသည်။
သံသယရွိစရာကို မလိုဘူး ငါက ပိုသန်မာတယ်
လုဇွီနဲ့ လင်းလင်
သူတို့ ကူကယ်ရာ မဲ့နေကြ၏။ တစ်ဖက်သူတွေရဲ့စကားတိုက်ပွဲက ရပ်တန့်သွားတာကို မြင်တော့ လုဇြီက ချောင်းဟန့်လိုက်သည်။
အင်း အခုက စောသေးတာဆိုတော့ ဆရာမ နှစ်ယောက်လုံးရဲ့အိမ်ကို လိုက်လည်လို့ ရတာပဲ ။တိုက္ခိုက္ဖို့မလိုပါဘူး ဟုတ္တယ္မလား
ယင်ယင်က ဒီနေရာတွင် ရှိနေသည်မို့ ထိုနှစ်ယောက်တိုက်ခိုက်ဖို့ကတော့ မဖြစ်နိုင်ပါပေ။ သူတို့က နန်ကုန်းကျင်းရဲ့အိမ်ကို အရင်သွားရန် ဆုံးဖြတ်လိုက် ကြသည်။ သူတို့အထဲကို ဝင်သွားရင်း လုဇွီနဲ့ လင်းလင်က သံသယ ဝင်လာရ၏။
ဧည့်ခန်းတွင် ဝိုင်ပုလင်းတွေနဲ့ ပြည့်နှက်နေခဲ့သည်။ အမျိုးမျိုးသော အဝတ်အစားတွေကလည်း ဆိုဖာပေါ်တွင် ပုံနေလေ၏။ လုဇွီရဲ့နှုတ်ခမ်းတွေက ရှုံ့မဲ့သွားရပြီ။ ဒီအမျိုးသမီး နန်ကုန်းကျင်းက သိုင်းပညာတော်ပြီး ကြည့်ကောင်းတာက လွဲပြီး က်န္တာ ဘာမွ သုံးစားမရဘူးပဲ။
လုဇြီက နန်ကုန်းကျင်း ငယ်စဉ်က မည်သို့ ဖြစ်ပျက်ခဲ့လဲဆိုတာကို မသိခဲ့ပေ။ ချိုးယွဲ့ ဟော်ရှားကတော့ ဒီအခြေအနေနဲ့ ကျွမ်းဝင်နေခဲ့ပြီ။ သူမက လက္ကို လှုပ်ရှားလိုက်ကာ မြေပြင်က အဝတ်အစားတွေ အားလုံးက ဆိုဖာပေါ်တွင် အသာအယာစီပြီးသား ဖြစ်သွားစေခဲ့သည်။ ထို့နောက် သူမက ယင်ယင်ကို သယ်ရင်း ထိုင်လိုက်၏။
ယင်ယင်က ပတ်ဝန်းကျင်ကို စူးစမ်းနေခဲ့သည်။ ချိုးယွဲ့ဟော်ရှားက သူမရဲ့မ်က္လုံးကို ပိတ်လိုက်၏။
လိမ္မာတဲ့ ကလေးတွေက ဒီလိုအရာတွေကို မသင်ယူရဘူး
နန်ကုန်းကျင်းက အနည်းငယ်တောင်မှ ရှက်ရွံ့သွားစိတ်မဖြစ်ပေ။ သို့သော် ယင်ယင်ရှိနေတာကို မြင်တော့ သူမက စတင် ရှင်းလင်းလိုက်တော့သည်။
သေမျိုးဆင့်ကဲ ပြောင်းလဲခြင်း အဆင့်ရဲ့ အရှိန်နှုန်းနဲ့ အချိန်တို အတွင်းမှာပင် အားလုံး ရှင်းလင်းလို့ ပြီးသွား၏။ဧည့်ခန်းက အစီအစဉ်တကျ ဖြစ်သွားသည်။ လုဇြီက နန်ကုန်းကျင်း သူမရဲ့အဝတ်အစားတွေနဲ့ ပုလင်းတွေကို ဘယ်နေရာကိုများ ပစ်လွှတ်လိုက်လဲဆိုတာကို သိချင်နေပေ၏။ နန်ကုန်းကျင်းက ဆိုဖာပေါ်တွင်ထိုင်ကာ ဝိုင်ပုလင်းကို သောက်ရင်းပြောသည်။
ငါတို့ရဲ့ ဆုအကြောင်း သိရပြီ
လုဇွီနဲ့ လင်းလင်တို့ရဲ့မျက်လုံးတွေက တောက်ပလာခဲ့ကာ နန်ကုန်းကျင်းကို ကြည့်လိုက်သည်။
ဘာတွေလဲ
ဟီး ဟီး
နန်ကုန်းကျင်းက သေးသွယ်တဲ့ လက်ကောက်ဝတ်လေးကို အသာအယာ လှုပ်ရှားလိုက်သည်။
အကယ်ဒမီအမှတ် သန်းတစ်ရာတဲ့။ လူတိုင်းတစ်ယောက်ကို သန်းတစ်ရာဆီရမှာ၊ ပြီးတော့ တာအိုဉာဏ်အလင်းပွင့်ခန်းမမှာလည်း တစ္လလုံးလုံး လေ့ကျင့်ခွင့်ရသေးတယ် ။ဒါ့အပြင် ကိုယ်တိုင်းနဲ့သံချပ်ကာ ဝတ်စုံတွေကိုလည်း ထုတ်လုပ်ခွင့်ရအုံးမှာ ။ပြီးတော့ ကုန်ကျစရိတ်တွေအားလုံးကို ဗဟိုအစိုးရက အကုန်အကျခံလိမ့်မယ်။ အဖိုးတန် လက်နက်တွေကိုပဲ သုံးထားမှာနော် ။ပစ္စည်းကို ကြယ်အဆင့် ဖြစ်တည်မှုတွေက သွန်းလုပ်ပေးမှာ
လုဇွီနဲ့လင်းလင်တို့ မျက်လုံးတွေ ပြူးကျယ်သွားကြသည်။အကယ်ဒမီအမှတ် သန်းတစ်ရာတောင်လား။ မီးနတ္ဘုရား မုန်တိုင်းက သန်းရှစ်ဆယ် ကျသင့်မည်ဖြစ်ကာထိုအရာက အလြန္ကို စွမ်းအားကြီးမားတဲ့ နတ်သိုင်းလည်း ဖြစ်ပေသည်။ ဒီတစ်ခုတည်း ရတာနဲ့ကို တန်နေပြီ။
တာအို ဉာဏ်အလင်းပွင့် ခန်းမမှာ တစ်လတောင် လေ့ကျင့် ခွင့်ရမှာလား။ စီနီယာ မာဂရက်တောင်မှ သုံးနာရီပဲ အချိန်ရခဲ့တာလေ။
ဒါ့အပြင် ကြယ်အဆင့် ဖြစ်တည်မှုက သူတို့အတွက် သံခ်ပ္ကာ ဝတ္စုံကို သွန်းလုပ်ပေးမယ်ဆိုတာက အရမ်းကို များလွန်းသွားပြီ ဖြစ်သည်။ ထိုသံခ်ပ္ကာ ဝတ္စုံက ဝိဉာဉ်စွမ်းအင် သံခ်ပ္ကာ ဝတ်စုံတွေထက် အဆပေါင်းများစွာ ပိုပြီးကောင်းမွန်ပေ၏။
နန်ကုန်းကျင်းနဲ့ ချိုးယွဲ့ဟော်ရှားတို့လည်း ပြုံးနေကြသည်။ ဒီဆုက သူတို့အတွက် အရမ်းကို ကောင်းမွန်လွန်းပေသည်။ ရိုးရိုးသားသား ပြောရမည်ဆိုပါက ယင်ယင်နဲ့ ပတ်သက်ပြီး သူမတို့ ဘာမွ မလုပ်လိုက်ရပါပေ။ ချိုးယွဲ့ဟော်ရှားက ပြုံးသည်။
အကာအကွယ် မီးသူတော်စင်က အကန့်အသတ်မဲ့ နဂါးငွေ့တန်း နယ်မြေ အပြင်ဘက်ကို ရောက်နေတယ်။ မဟုတ်ရင်တော့ ငါတို့အတွက် သံခ်ပ္ကာ ဝတ္စုံကို မီးသူတော်စင်ကိုယ်တိုင် သွန်းလုပ်ပေးလိမ့်မယ်
နန်ကုန်းကျင်းကလည်း ရယ်၏။
သူက လူသားမျိုးနွယ် ကံကြမ္မာအတွက် သွားနေတာပဲလေ အလကား သွားနေတာမှ မဟုတ္တာ
လုဇြီ မှင်သက်သွားသည်။ အဲလစ်ရဲ့ ဘိုးဘေးက သူမရဲ့မီးစွမ်းအင် အရင်းအမြစ်အတွက် ခရီးထွက်နေရကြောင်း ပြောခဲ့ဖူးသည်။ အဲ့ဒီသူက အကာအကွယ် မီးသူတော်စင်များ ဖြစ်နေလောက်လား။
နန်ကုန်းကျင်းက ပြော၏။
လုဇြီ လင်းလင် ဒီတစ်ကြိမ်တော့ မင်းတို့ နှစ်ယောက်ကို ကျေးဇူးတင်တယ် ။မဟုတ်ရင် ငါတို့ ဒီအမှတ်ရဖို့ အကြာကြီး စဉ်းစားနေရတော့မှာ
ချိုးယွဲ့ဟော်ရှားကလည်း လုဇြီကို ပြုံးပြသည်။
"လုဇြီ ငါ နင့်ကို နမ်းသင့်လား ဟမ်"
လုဇြီ မ်က္လုံး ပြူးသွား၏။သူ သေဘာတူလိုက္လို့ မဖြစ်ကြောင်း လုဇြီ သိနေသည်။ သူသာ သဘောတူလိုက်ပါက တစ်စုံတစ်ရာ ဖြစ်ပျက်လာနိုင်၏။ ချိုးယွဲ့ဟော်ရှားအကြောင်းကို သူ သေချာမသိပေ။ သူမက လှပေမယ့် ဟိတ်ဟန်များလွန်းပေသည်။
"ကျွန်တော် ကျွန်တော် တော်ပါပြီ"
နန်ကုန်းကျင်းက ချိုးယွဲ့ဟော်ရှားကို ဆူလိုက်၏။
ဟား ဟား ဟား ပန်းရောင် အမွှေးနဲ့ မြေခွေးမ နင် အငြင်းခံလိုက်ရပြီ
နန်ကုန်းကျင်းလည်း ပျော်ရွှင်နေခဲ့ကာ ဝိုင်ထပ်သောက်လိုက်သည်။
ချိုးယွဲ့ဟော်ရှားက မျက်လုံးတွေ မှေးကျဉ်းလိုက်ပေမယ့် ဘာမွေတာ့ မပြောပေ။ သူမသည်လည်း နောက်နေသည်သာဖြစ်သည်။ သို့သော် နန်ကုန်းကျင်းက လာဆူတဲ့အတွက်တော့ မပျော်တော့ပေ။ သူမက လုဇြီကို တစ်ချက်ကြည့်လိုက်သည်။ ဒီကောင်က သူမကို နှစ်ခါတောင် ငြင်းထားတာလား။
လုဇြီက အကြောင်းအရာ ပြောင်းလိုက်၏။
ဆရာမ နန်ကုန်း အကယ်ဒမီအမှတ်တွေက ဘယ်တော့ရမှာလဲ ပြီးတော့ တာအို ဉာဏ်အလင်းပွင့် ခန်းမကိုရော ဘယ်တော့သွားရမှာလဲ
နန်ကုန်းကျင်းက ပြောလိုက်၏။
အကယ္ဒမီ အမှတ်တွေကတော့ ဒီနေ့ ရလိမ့်မယ်။ တာအိုဉာဏ်အလင်းပွင့်ခန်းမကတော့ အခုတစ်သုတ် ဝင်နေတဲ့ကျောင်းသူ ကျောင်းသားတွေပြီးရင် ဝင်လို့ရပြီ။ ရက်အနည်းငယ်လောက် ကြာလောက်အုံးမယ်
ထို့နောက် သူမက ဆက်ပြောလိုက်သည်။
စကားမစပ် မနက်ဖြန်ကျရင် ထပ္လာခဲ့အုံး ငါနင့်ကို တွေ့ပေးချင်တဲ့ လူရှိတယ်
သူမက သူ့ကို ဆုသီး သန့်ပေးအုံးမယ်ဆိုတဲ့ စကားကို လုဇြီ သတိရလိုက်သည်။ ဘာမ်ားလဲ။ ကျောင်းက အရမ်းကောင်းတာဆိုတော့ သူတို့အတွက် တကယ့်ကို အံ့သြစရာ ဆုတွေ ရှိနေမှာ သေချာတယ် ။
ဒါ့အပြင် သူက တာအို ဉာဏ်အလင်းပွင့် ခန်းမကို တစ်လတောင် သုံးခွင့်ရအုံးမှာဆိုတော့ နတ်စွမ်းအင် ပိုင်ဆိုင်ထားတဲ့ သားရဲ ခေါင်းဆောင်တွေကို သတ်နိုင်တဲ့ အဆင့်အထိ ရောက်လောက်လား။ ဒီလိုဆိုရင် သူ့ရဲ့စွမ်းအားတွေကတော့ ပြဇာတ်ဆန်ဆန် ထိုးတက်သွားတော့မှာပဲ။ သူ အရမ်း စွမ်းအားကြီးသွားရင် ဘယ္လိုလုပ္မလဲ။

အနာဂတ်ခရီးသည် ဒုတိယတြဲTempat cerita menjadi hidup. Temukan sekarang