အခန်း243

173 24 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၄၃

လုဇြီ ဆြံ့အ သွားရတော့သည်။ အကြီးအကဲလင်းက သူတော်စင် ဖြစ်ခဲ့ဖူးတယ် ဟုတ္လား။ သူတော်စင်ဟုတ်လား။ ဘယ္လိုဟာသလဲ။

အကြီးအကဲလင်းကို အရမ်းမြင့်မားတဲ့ အဆင့်အတန်းရှိတယ်ဆိုတာ သူ သိပေမယ့် အခုလောက်ထိတော့ မထင်ထားခဲ့ပေ။ သူ့ရဲ့ နှုတ်ခမ်းတွေက ရှုံ့မဲ့သွားရပြီ။

လင်းလင်က လုဇြီရဲ့ စိတ်ရှုပ်နေတဲ့ အမူအရာကို မြင်တော့ ပျော်သွားသည်။ သူမက ဂုဏ်ယူစွာနဲ့ ပြော၏။

ငါ့အဘိုးက တစ်ချိန်တုန်းက လင်းရှီ သူတော်စင် ဖြစ်ခဲ့တယ်လေ၊ လူသားပိုင်နက် နယ်မြေတစ်ခုကို အပိုင်စားရထားတဲ့ သူတော်စင်ပေါ့

သူမ ရှင်းပြတာကို ကြားတော့ လုဇြီ မှင်သက်သွားရ၏။ လင်းရှီ သူတော်စင်ကို သူ သိပေသည်။ လင်းရှီ သူတော်စင်ရဲ့ နတ္ဘုရား မျက်ဝန်းတွေအကြောင်း ပြောတာကို သူ ကြားခဲ့ဖူးသည်။ ထိုမျက်ဝန်းတွေက အရာအားလုံးကို ထိုးဖောက် မြင်နိုင်တယ်လို့ ဆို၏။
ထိုသူက အလွန်အမင်းကို သန္မာကာ နဂါးငွေ့တန်း အဆင့် ဖြစ်တည်မှုတွေကိုတောင်မှ သတ်နိုင်တယ်လို့ ပြောကြသည်။

သို့သော် လင်းရှီ သူတော်စင်က နဂါးငွေ့တန်းထဲကို ထြက္ခြာ သွားခဲ့သည်မှာ နှစ်ပေါင်း ခြောက်ရာကျော် ကြာခဲ့လေပြီ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒဏ်ရာ ပြင်းပြင်းထန်ထန်ရကာ ပြန်လာခဲ့တယ်လို့ ကြားခဲ့ဖူး၏။ ထို့နောက် ထိုသူကို သေသွားပြီဆိုပြီး ကြေညာလိုက်ပေသည်။

သူ မယုံနိုင်သလို ပြောလိုက်၏။
ငါ့ကို လာနောက်မနေနဲ့ လင်းရှီသူတော်စင်က တိုက္ပြဲထဲမွာ သေသွားပြီ မဟုတ္လား

လုဇြီက ထိုသို့ပြောတော့ လင်းလင်က အထင်တသေး စိုက် ကြည့်လာသည်။
ငါ့အဖိုးက ဘာကြောင့် သေရမှာလဲ။ သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေလို့ ခန္ဓာကိုယ်က ထိခိုက်နေရုံပဲရှိတာ ၊သူ့ရဲ့ခွန်အားတွေက ခြောက်ကပ်သွားပြီး အခု သိုင်းအမြူတေ အဆင့်ကို ကျသွားရုံပါပဲ

လင်းလင်ကတော့ ဝမ်းနည်းစွာ ပြောသည်။ လုဇြီကေတာ့ မယုံနိုင်သလို ဖြစ်နေခဲ့၏။ နဂါးငွေ့တန်း စနစ်ရဲ့ ထိပ်တန်းအဆင့် အစွမ်းထက်ဆုံး ဖြစ်တည်မှုက ဒဏ်ရာရတဲ့အခါ သိုင်းအမြူတေ အဆင့်ကို ကျသွားနိုင်တယ်လား။ လုဇြီ လက်မခံနိုင်ဘဲ ဖြစ်နေခဲ့သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now