အခန်း268

169 24 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၆၈ မမျှော်လင့်ထားတဲ့ ရရွိမွု
နန်ကုန်းကျင်းက လုဇြီ စိတ်ဝင်စားနေတာကို မြင်တော့ ပြုံးသည်။
ကောင်လေး တွေးမနေနဲ့။ ပုံမှန်အတိုင်း သူတော်စင်လေးပါးက သေမျိုးဆင့်ကဲပြောင်းလဲခြင်း အဆင့် အထွတ်အထိပ်က လူတွေကိုပဲ ခေါ်သွားတတ်တာ၊ ဒါတောင်မှ အထွတ်အထိပ်အဆင့် ဖြစ်ဖို့ လိုသေးတယ်။ အထွတ်အထိပ်အဆင့်က လူတွေကတော့ ပြိုင်ပွဲအတွက် သြားဖို့ အရွေးခံရတယ်။ ဒါက သူတို့အတွက် အလေ့အကျင့် ဖြစ်စေတယ်လေ
နှစ်နှစ်အတွင်းဆိုတော့ နင် အဲ့ဒိအဆင့်ရောက်ဖို့က မဖြစ်နိုင်ဘူး ၊နောက်တစ်ကြိမ်ကျရင်တော့ နင် လိုက္လို့ရမွာပါ
ကျင်းယောင် သူတော်စင်က ပြုံးသည်။
ကျင်းကျင်းပြောတာက နားထောင်ရ ဆိုးပေမယ့် အမှန်ပဲ
လုဇြီ ဆြံ့အသြား၏။ ဒီလူတွေက သူ့ကို တကယ် နားမလည်ကြဘူးပဲ။ သူက ခေါင်းဆောင်တွေကို သတ်ပြီး အရှင်သခင် တစ်ပါးဖြစ်လာလိမ့်မယ်။ အဲ့ဒိအခါ သေမျိုးဆင့်ကဲ ပြောင်းလဲခြင်းအဆင့် မြေပုံထဲဝင်ပြီး သူက နှစ်နှစ်အတွင်း အထွတ်အထိပ်နား ကပ်လာလိမ့်မယ်။
အာ သူက လု အရှုံးမပေးတတ်တဲ့ ဇြီပဲ။ ဒီလူတွေကို အဲ့ဒိအချိန်ကျမှ အဲ့သြသွားအောင် လုပ်ရမယ်။ လုဇြီက လက်မခံချင်တာကို မြင်တော့ ကျင်းယောင် သူတော်စင်က ပြုံးသည်။
ကေလး အရှေ့နယ်မြေ စုဆောင်းပွဲမှာ မပါနိုင်လို့ မစိုးရိမ်နဲ့ နောက်နှစ်မှာ မျိုးနွယ်လေးခု စုဆောင်းပွဲ ရှိတယ်။ လူသားမျိုးနွယ်က အိမ်ရှင်အဖြစ် ကျင်းပရမှာဆိုတော့ လူသားတွေရဲ့ လုပ်နိင်စွမ်းကို ပြရမယ်။ အဲ့က်မွ လက်စွမ်းပြလိုက်ကွာ
မျိုးနွယ်လေးခု စုဆောင်းပွဲ ဟုတ္လား
လုဇြီ မေးလိုက်သည်။
နန်ကုန်းကျင်း: ဟုတ္သားပဲ ငါ နင့်ကို ပြောပြဖို့ မေ့နေတာ
ဘာကြီးလဲ
လုဇြီ နန်ကုန်းကျင်းကို ဆြံ့အစြာ ကြည့်လိုက်သည်။
နန်ကုန်းကျင်းက ရှင်းပြ၏။
အရှေ့နယ်မြေက မျိုးစိတ်တွေက အချင်းချင်း မတိုက်ခိုက်ကြပေမယ့် အဖွဲ့လိုက် ငြင်းခုန်တာမျိုးတွေတော့ ရှိတတ်တယ်။ ငါတို့တွေက အနီးအနားက မျိုးစိတ်တွေနဲ့ မဟာမိတ်ဖွဲ့ထားရတယ်။ အဲ့ဒိမျိုးစိတ်တွေက တောင်ပံမျိုးစိတ်၊ ဘာဘာရီအန် မျိုးစိတ်နဲ့ အဝိုင်းမျိုးစိတ်တို့ပဲ။ဒီပွဲကို အရှေ့နယ်မြေ စုဆောင်းပွဲ မတိုင်ခင် ကျင်းပလေ့ရှိတယ်။ ဒါပေါ့ လူငယ်မျိုးဆက်တွေ ယှဉ်ပြိုင်ရတာပဲ
နန်ကုန်းကျင်းက ပြုံးသည်။
ငါ ကျောင်းတက်တုန်းကဆိုရင် ပထမရတယ်
လုဇြီကေတာ့ နန်ကုန်းကျင်းရဲ့ ဂုဏ်ဖော်ဖို့ လုပ်နေတာကို လျစ်လျူရှု ထားလိုက်သည်။ ပထမမ်ား သူလည်း လုပ်နိုင်မှာပဲ။
အဘိုးကြီး နန်ကုန်းက ပြောသည်။
ဘာဘာရီအန်နဲ့ တောင်ပံမျိုးစိတ်တွေက မျိုးစိတ်ဟောင်းတွေပေါ့။ အဝိုင်းမျိုးစိတ်ကသာ ငါတို့လို နောက်မှပေါ်တဲ့ မျိုးစိတ်အသစ်ဖြစ်တယ်
ထို့နောက် အဘိုးကြီး နန်ကုန်းက ထူးဆန်းသလို ပြုံးကာ ပြောသည်။
ဘာဘာရီအန်နဲ့ တောင်ပံ မျိုးစိတ်တွေက ရှေးခေတ်ကတည်းက မြေကမ်ဘာကို ရောက်ဖူးကြတယ်။ သူတို့က ဒဏ္႑ာရီဆန်တယ်
လုဇြီရဲ့ မျက်နှာက မအီမလည်ဖြစ်သွားသည်။ မြေကမ်ဘာရဲ့ နတ်ဘုရားတွေဆိုတာက အဲ့ဒိမျိုးစိတ်တွေဖြစ်နေတာတော့ မဟုတ်ပါဘူးနော်။သူက ဘာဘာရီအန် မျိုးနွယ်ကိုတော့ တွေ့ဖူးသည်။ ငါးမီတာ မြင့်တဲ့ ဘာဘာရီအန္က လူသားတွေအတွက်တော့ လူ့ဘီလူးကြီး ဖြစ်နေမှာ သေချာသည်။
သူက အဝိုင်း မျိုးစိတ်အကြောင်း ပိုသိချင်ပေသည်။ နာမည်လေးက ချစ်စရာလေးဆိုတော့ သိချင်စိတ်က ပိုများသည်။
ကျင်းယောင် သူတော်စင်က ဆက်ပြောသည်။
ပွဲရောက်ဖို့ တစ်နှစ်လိုသေးတယ် လုဇြီ မင်းက ပါရမီကြီးတယ်၊ ကြိုးစားကွာ
မင်းနိုင်ရင် ငါ ကျင်းကျင်းနဲ့ မင်းကို မိတ်ဆက်ပေးမယ်.
လုဇြီ:.
နန်ကုန်းကျင်း:.
ဒီလူက သူ့ကို အတင်းကို သဘောတူနေတော့တာပဲ။
ထို့နောက် သူ ဆုတွေအကြောင်းကို တွေးမိသွားသည်။ သူ့တွင် အကယ်ဒမီအမှတ် သန်း၁၀၀တောင် ရွိတယ္ဆိုတာကို သတိရလိုက်တော့ လုဇြီ မေးလိုက်သည်။
အဘိုးကြီး နန်ကုန်း တာအို ဉာဏ်အလင်းပွင့် ခန်းမဆိုတာက ဘာမ်ားလဲ။ ကျွန်တော့်ရဲ့ အမှတ်တွေနဲ့ ဘာမ်ား ဝယ်ရင် ကောင်းမလဲလို့ပါ
ကျင်းယောင် သူတော်စင်က ရှင်းပြသည်။
တာအို ဉာဏ်အလင်းပွင့် ခန်းမဆိုတာက အခန်းကျဉ်းလေးထဲ တာအို ဉာဏ်အလင်း စွမ်းအင်တွေကို ထုတ်ပေးထားတာကို ပြောတာပဲ။ အဲ့ဒိထဲ ဝင်နေရင် အဲ့ဒိလူရဲ့ နတ်စွမ်းအင်အပေါ် နားလည်နိုင်စွမ်းက တိုးတက်လာလိမ့်မယ်။ အဲ့ဒိထဲမွာ စကြာဝဌာကြီးရဲ့ စည်းမျဉ်းတွေကို ထည့်သွင်းထားတယ်။ ဒီတော့ နတ်စွမ်းအင် လေ့လာတဲ့အခါ တကယ့်ကို အကျိုးထူးမှာ သေချာတယ်။ ဒါပေါ့ အထဲမွာ နတ်သိုင်းတွေ ကျင့်ရင် အကောင်းဆုံးပေါ့
နန်ကုန်းကျင်းက ဝင်ပြောသည်။
ကောင်လေး နင် လေတောင်ပံ နတ်သိုင်းကို သေချာတောင် မကျင့်ရသေးဘူး မဟုတ္လား။ ဘာကိစ္စ နောက်တစ်ခုကို မေးနေတာလဲ
လုဇြီ လည်ပင်းလေး ဆန့်လိုက်သည်။
ကျွန်တော် ကျွမ်းကျင်နေပါပြီ။ နည်းနည်းလောက် ထပ်ကြည့်လိုက်ရင် ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်သွားမှာ သေချာပါတယ်
နန်ကုန်းကျင်း:
ဘာလဲ ဒီကောင် စလေ့ကျင့်တာက ဆယ်ရက်တောင် မရှိသေးဘူးလေ၊ ဒါကို တကယ် ကျွမ်းကျင်သွားပြီလို့ ပြောနေတာလား။ သူမတောင်မှ နတ်သိုင်းတစ်ခုကို ကျင့်ဖို့ တစ်လလောက် အချိန်ယူရတယ်လေ။
ဘာဖြစ်လို့လဲ
ကျင်းယောင် သူတော်စင်က မေးသည်။
နန်ကုန်းကျင်းက ပြောပြလိုက်၏။ ထိုအခါ သူ့အမူအယာကပါ ထူးဆန်းသွားတော့သည်။ လေတောင်ပံ နတ်သိုင်းက မခက်ပေ။ သို့သော် လွယ်လွန်းသည်လည်း မဟုတ်ပြန်ပါပေ။ လုဇြီက စိတ်ပျက်လာခဲ့သည်။ သူ့ကို မယုံကြဘူးပဲ။
လုဇြီရဲ့မ်က္လုံးထဲ အစိမ်းရောင် အလင်းတွေ လက္လာခဲ့ကာ သူ့ကျောဘက်တွင် တောင်ပံ တစ္စုံ ပေါ်လာခဲ့လေသည်။ ကျောပြင်တွင် သားမွှေးတောင်ပံ ရှိနေသည်ကို ထင်ရှားစွာ မြင်လာရပါ၏။
နန်ကုန်းကျင်းနဲ့ ကျင်းယောင် သူတော်စင်တို့ရဲ့ ပါးစပ္က မဲ့သွားရသည်။ ဒီကေလးက တကယ် တတ္သြားတာကိုး။ နန်ကုန်းကျင်းက ပိုလို့သာ ဆွံ့အရသည်။ သူမကိုယ်တိုင် ထိုနတ္သိုငိးကို ဝယ်ပေးလိုက်ခြင်းဖြစ်ရာ ပို နာကျင်ရပေသည်။
ကျင်းယောင် သူတော်စင်က လောကကြီး အကြောင်း သိသည်။နတ်သူငယ် မျိုးစိတ်ရဲ့ ဂြိုလ်ကိုတောင်မှ သူရောက်ခဲ့ဖူးပေသည်။ ထိုနေရာက မည်သည့် မွေးရာပါ ပါရမီရှင်မဆို ကြောက်စရာ ကောင်းကြသည်။ သာမန် နတ်သူငယ် စစ်သည်တို့ကတောင်မှ လူသားမွေးရာပါ ပါရမီရှင်ထက် အပုံကြီးသာပေသည်။
သူက ပြုံးသည်။
လေတောင်ပံ နတ်သိုင်းဆိုတာက လေနဲ့လျှပ်စီးသိုင်းရဲ့ အခြဲပဲ။ မင်း နောက်ကျရင် လေနဲ့လျှပ်စီး တောင်ပံနတ်သိုင်းကို ကျင့်ကြည့်ပေါ့။ ဒါပေမယ့် မင်းမှာ လျှပ်စီး နတ်စွမ်းအင် မရှိရင်တော့ မဖြစ်နိုင်လောက်ဘူး
ကျင်းယောင် သူတော်စင်က သက်ပြင်းချသည်။
လုဇြီ: ကျွန်တော့်မှာ လျှပ်စီး နတ်သိုင်းရှိပါတယ်။ ကျွန်တော် လျှပ်စီးတောင်ပံ နတ်သိုင်းကိုလည်း ကျင့်ပြီးပါပြီ။ အခုလက်ရှိမှာ လေနဲ့လျှပ်စီး နတ်သိုင်းကို ကျင့်နေပါတယ်။ နည်းနည်း ထပ်လေ့လာရင် ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်တော့မှာပါ
နန်ကုန်ကျင်း:.
ကျင်းယောင် သူတော်စင်:.
နန်ကုန်းကျင်းကတော့ အမွန္ကို ဆွံ့အနေရသည်။လုဇွီက ဆယ်ရက်အတွင်းမှာ နတ်သိုင်း သုံးခုကိုတောင် သင်ယူနိုင်ခဲ့သည်တဲ့။ သူက တကယ့်ကို ပါရမီရွိတာပဲ။ သူမလည်း ကြယ် လက္သီးကို ပြင်းပြင်းထန်ထန် လေ့လာဖို့ လိုနေပြီ။
ကျင်းယောင် သူတော်စင်လည်း လုဇြီရဲ့ ပါရမီကို သေဘာက်ကာ မ်က္လုံးက အရောင်တွေ တောက်လာခဲ့သည်။ သူတော်စင် လေးပါးတွင် သက်တမ်း နှစ်ထောင်သာ ကျန်သည်။ သူတို့မရှိတော့တဲ့အခါ လူသားမျိုးနွယ်ရဲ့အခြေအနေက စိုးရိမ္စရာ ဖြစ်လာသည်။ သို့သော် လုဇွီကြောင့် မျှော်လင့်ချက်က ရှိလာခဲ့လေပြီ။
လုဇြီက လက်ရှိတွင် အားနည်းသေးပေမယ့် မျှော်လင့်ချက် အပြည့်ထားနိုင်သည့် လူမျိုးဖြစ်သည်။ သူ့ရဲ့တိုးတက်မှုက သိပ္ကို မြန်လွန်းနေ၏။ သူ စိတ်မလှုပ်ရှားဘဲ ဘယ်နေပါတော့မလဲ။ ကျင်းယောင် သူတော်စင်က ရယ်လိုက်သည်။
ဟားဟားဟား ကောင်းတယ်ကွာ အရမ်းကောင်းတယ်။ လုဇြီ မင်းက တော်တော် ပါရမီရွိတာပဲကြ ဟမ်။ မင်း ဘာ နတ်သိုင်းလိုချင်လဲသာ ကြည့်လိုက် ငါ မင်းကို နှစ်ဆယ် ရာခိုင်နှုန်း ဈေးလျော့ပေးမယ်။
မင်းရဲ့ မြင့်မြတ်တဲ့ ဂုဏ်သရေဆောင် တံဆိပ်ကိုလည်း အဆင့်နှစ်ထိ တိုးပေးမယ်ကွာ
သူ လုဇြီကို လူငယ်မှူးမတ်အဖြစ်အဆင့်တိုးပေးချင်နေသည်။ သို့သော် လုဇြီက အားနည်းလွန်းသေးပေသည်။ လူငယ်မှူးမတ်ဖြစ်သွားပါက လုပ်ကြံသတ်ဖြတ်သူတို့ရဲ့ ပစ်မှတ် ဖြစ်သွားနိုင်ပေ၏။ ဒါက လုဇွီအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်သည်။
ကျင်းယောင် သူတော်စင်က အလေးအနက် ထားကာ ပြောသည်။
ဇြီ မင်း ငါအခု ပြောတာကို မှတ်ထားရမယ်နော်။ မင်းဝယ်သမျှ သုံးသမျှ နတ်သိုင်းတွေ အရင်းအမြစ်တွေ ဆိုတာက လူသားတွေရဲ့ သက်တမ်းနဲ့ ပေးချေထားတယ် ဆိုတာပဲ။ မင်း အနာဂတ်မှာ ဘယ်လိုအဆင့်ကိုပဲ ရောက်ရောက် လူသားမျိုးနွယ်ကို ဘယ်တော့မှ စိတ်မပျက်စေနဲ့
လုဇြီကေတာ့ ကြောင်နေ၏။ သူက အကြံဉာဏ်လေးပဲ တောင်းတာလေ။ ဆုတွေပါ ပေးလိုက်တယ်တဲ့လား။ လုဇြီ ခေါင်းငြိမ့်ကာ ပြောလိုက်၏။
ကျွန်တော် နားလည်ပါတယ်
တကယ်တော့ သူ အလုပ်နဲ့ပဲ သက်သေပြသင့်တယ်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now