အခန်း235

170 24 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၃၅ လုဇြီရဲ့ ဖျော်ဖြေမှု

ထိုအခိုက် ကျောင်းသူ၊ကျောင်းသားတိုင်းတွင် အတွေးနှစ်ခုသာ ရှိတော့သည်။ ပထမကေတာ့ ပေါ်ရီပေါ်ဆိုသည့် အင်ပါယာမြို့တော် အကယ်ဒမီကျောင်းမှ တတိယနှစ် ကျောင်းသားရဲ့ ခေါင်းက မကောင်းဘူးဆိုတာသာဖြစ်သည်။ ထို့ကြောင့် ကြောင်တောင်တောင်တွေ လာလုပ်နေတာ ဖြစ်လောက်ပေ၏။

ဒုတိယတစ္ခ်က္ကေတာ့ မင်းမှာ ပါရမီသာရှိရင် အရာရာ လုပ်ဆောင်နိုင်ပြီဆိုတဲ့ အေတြးသာ ဖြစ်သည်။ ဒါက အတိတ်တွင် ရှိခဲ့သည့် မရေမတွက်နိုင်သည့် လူတွေ အျမဲ တမ်း မွေးရာပါ ပါရမီရှင်တွေ အပေါ် မနာလို ဖြစ်နေခဲ့ရသည့် အချက်ပါပေ။

မဟုတ်ပါက လုဇြီဆိုတဲ့ မွေးရာပါ ပါရမီရှင်က သငေ်္ဘာပေါ်က ခြေချရုံရှိသေး လူတစ်ယောက်က အပြေးလာပြီး ပိုက်ဆံတွေ ထုတ်ပေးနေမည် မဟုတ်ပေ။

သို့သော်လုဇွီကတော့ ပျော်ပုံမရပေ။ လောကတွင် အလကားရသည့် နေ့လည်စာဆိုပြီး ရွိမယ္လို့ သူ မထင်ပေ။ တဖက္က သေချာပေါက် သူ့ဆီက တစ္ခုခုကို လိုချင်နေလို့သာ ဖြစ်နိုင်ပေသည်။ လုဇြီ ပေါ်ရိပေါ်ကို ကြည့်ကာ မေးလိုက်သည်။

ပြီးတော့ရော

ဒီ အင်ပါယာမြို့တော် အကယ်ဒမီကျောင်းက တတိယနှစ် ကျောင်းသား ဘာဆက်ပြောမည်လဲ ဆိုသည်ကို သူ သိချင်ပေသည်။ တဖက္သူက သူ့ကို ကြိုစောင့်နေတာ ဖြစ်နိုင်သည် မဟုတ္လား။ သို့ဆိုမွေတာ့ သူက နားထောင်ပေးရမည်ပေါ့။

ပေါ်ရိပေါ်က ပြုံးသည်။
ဟားဟား ဂျူနီယာ လုဇြီက ငါ့ရဲ့ ပထမအဆင့် စွမ်းအားနဲ့ တစ်ချက် တိုက္ခိုက္တာကို ခံနိုင်ရင် ငါက မင်းကို အကယ္ဒမီ အမှတ် ၅၀၀၀ပေးမယ်။ ငါ့ရဲ့ ဒုတိယအဆင့် ခွန်အားနဲ့ တစ်ချက် တိုက္ခိုက္တာကို ခံနိုင်ရင် ငါက မင်းကို အကယ္ဒမီ အမှတ် ၁၀၀၀၀ ပေးမယ်။ ငါ့ရဲ့ တတိယအဆင့် စွမ်းအားနဲ့ တိုက္ခိုက္တာကို ခံနိုင်ရင်တော့ အကယ်ဒမီအမှတ် ၁၅၀၀၀ပေးမယ်

ထိုစကားကို ကြားတော့ လုဇြီ မျက်နှာက မအီမသာ ဖြစ်သွားသည်။ နန်ကုန်းကျင်းလည်း နားမလည်သလို ကြည့်၏။ နန်ကုန်းကျင်းနဲ့ လုဇြီသာ လုဇြီရဲ့ စွမ်းအား အစစ်အမှန်ကို သိလေသည်။ သိသာစွာပင် တဖက္သူက သူ့ရဲ့ တိုက်ပွဲနယ်မြေတုန်းက စွမ်းအားကို မူတည်ပြီး ပြောလာခြင်း ဖြစ်ပါ၏။ မဟုတ်ပါက ပိုက်ဆံတွေ အလကား လာပေးရဲလိမ့်မည် မဟုတ်ပေ။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now