အခန်း259

161 20 0
                                    

Share 40ကျော်လို့အပို2ပိုင်းလက်ဆောင်ပါအားပေးသူတိုင်းကိုကျေးဇူးပါ

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၅၉ ၀မ်းနည်းမှု

သူတို့တွေအတွက် အခုအချိန်တွင် ယင်ယင်နဲ့ နီးကပ်အောင် လုပ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။ ယင်ယင်ကသာ ထင်ထင်လိုမျိုး သူတို့ကို မိတ်ဆွေအဖြစ်သတ်မှတ်ခဲ့ပါက အရာအားလုံး အဆင်ပြေသွားနိုင်၏။

နောက်တစ်နေ့နံနက်တွင် လုဇြီက နန်ကုန်းကျင်း စိတ်လှုပ်ရှားစွာနဲ့ ယင်ယင်နဲ့အတူ ကာတွန်းကား ကြည့်နေတာကို တွေ့လိုက်ရသည်။ သူ့ရဲ့နှုတ်ခမ်းတွေက မဲ့ရွဲ့သွားရ၏။ နန်ကုန်းကျင်းက ယင်ယင်နဲ့ နီးကပ်နိုင်မယ့် တကယ့်နည်းလမ်းကို ရှာတွေ့ခဲ့တာပဲ။

သူမရဲ့အသက်အရွယ်က သုံးဆယ်နားပင် ရောက်နေခဲ့ပြီ။ ဒါတောင်မှ ကာတွန်းကား ကြည့်ရတာကို ကြိုက်နေတုန်းလား။ လုဇြီကေတာ့ သူမရဲ့ခန္ဓာကိုယ်ကပဲ တိုးတက်လာပြီး ဦးနှောက်ကတော့ ယင်ယင်နဲ့ အရွယ်တူတူလောက်ရှိလောက်မယ်လို့ တွေးလိုက်သည်။

တစ်ယောက်က အရွယ်ရောက်ပြီး သူဖြစ်ကာ ကျန်တဲ့တစ်ယောက်ကတော့ ကေလး ဖြစ်သည်။ နှစ်ယောက်လုံးက တစ္ညလုံး ကာတွန်းကား ထိုင်ကြည့်နေခဲ့၏။ လုဇွီပင် သံသယ ဝင်လာရသည်။

အခြားတစ်ဖက်တွင်လည်း ချိုးယွဲ့ဟော်ရှားနဲ့ လင်းလင်တို့ကလည်း ကိုယ့်နဖူးကိုယ် ပွတ်နေကြသည်။ လုဇွီတောင်မှ ဒီလိုတွေးမှတော့ သူတို့ကလည်း ပိုတွေးမိသည်သာ။

မီးခိုးရောင်ဝံပုလွေနဲ့ သိုးလေးတစ်ကောင်က ကာတွန်းကားထဲ ပေါ်နေသည်။ သို့သော် သိုးကေတာ့ အာကာသသငေ်္ဘာတွေတောင်မှ မောင်းနှင်နိုင်စွမ်း ရှိနေပါ၏။

မြက်ခင်းစိမ်းတွေကလည်း အစိမ်းရောင်ဂြိုလ်တွေဖြစ်လာနိုင်သည်။ ဟုတ်ပြီ ဟုတ်ပြီ။ သူတို့ ဒီကာတွန်းကားကိုပဲ ဘာလို့ ထပ္တလဲလဲ ကြည့်နေကြရတာလဲ။ မပြောင်းလဲတဲ့ တစ်ခုတည်းသော အရာကေတာ့ မီးခိုးရောင် ဝံပုလွေက အနီရောင် ဝံပုလွေရဲ့စားတာကို ခံရသည့် အချက်ပင် ဖြစ်သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲOnde histórias criam vida. Descubra agora