အခန်း236

175 24 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၃၆ အံ့သြဖွယ် အတွေ့အကြုံ

လင်းလင်ရဲ့ ခန္ဓာကိုယ် တောင့်တင်းနေတာကို မြင်တော့ ရွှမ်းယွီချီတို့တွေ ကြောင်သွားကြသည်။

ဘာဖြစ်တာလဲ နင် ဇြီ့ကို စိတ်ပူနေလို့လား။ မစိုးရိမ်ပါနဲ့ ဆရာမ နန်ကုန်း ရှိပါတယ်

လင်းလင်က ထိုစကားကို ကြားတော့ မ်က္လုံးက တဖျက်ဖျက် လက်သွားသည်။ သူမ ပြုံးလိုက်၏။

ဘာမွ မဟုတ်ပါဘူး

သူမရဲ့ စိတ်ထဲတွင်တော့ သံသယေတြ ပြည့်နေ၏။ ငါက ဒီကောင့်ကို လုံး၀ စိတ်မပူပါဘူးနော် ဟုတ်ပြီလား။ သူ့ရဲ့ ခွန်အားနဲ့သာဆိုရင် စီနီယာ့ကိုသာ စိတ္ပူရမွာပါ ဟုတ်ပြီလား။

ရေခဲကွင်းပြင်ထဲတွင် လုဇြီက အတည်ပေါက် သရုပ်ဆောင်နေဆဲ ဖြစ်သည်။ သူ့မျက်၀န်းထဲ အလင်းတွေ လက္လာခဲ့ကာ လေနဲ့ မီးစွမ်းအင် အကာအကွယ်လွှာ ပေါ်လာခဲ့သည်။ တဖက္က လာနေတဲ့ အရိပ်ဓားတွေနဲ့ အကာအကွယ်လွှာက ထိပ်တိုက် ဆုံသွားခဲ့သည်။

ဘုန်း

နှစ်ဘက် ထိပ်တိုက်တွေ့တဲ့အခါ ပြင်းထန်ကျယ်လောင်တဲ့ အသံကို ထွက်ပေါ်စေသည်။ ကြည့်ရှုနေသူတို့က ရူးသွပ်နေပုံရတဲ့ လေပြင်းတွေနဲ့ မီးလှိုင်းတွေက အရပ်မျက်နှာ အနှံ့ ပြန့်နှံ့ကုန်တာကို တွေ့လိုက်ရသည်။ ထိုအားလှိုင်းတွေက ရေခဲနံရံကို သြားထိ၏။ ထိုသို့ထိတဲ့အခါ ရေခဲနံရံက သံမဏိ နံရံကြီးအလား ဘာမွကို မဖြစ်သွားခဲ့ပေ။ အားလှိုင်းတွေလည်း တခဏကြာတော့ ပျက်ပြယ်သွားခဲ့ပေသည်။

မြင်ကွင်းက ပြန်ကြည်သွားကာ အားလုံးလည်း အလေးအနက် အမူအယာနဲဖြစ်နေတဲ့ လုဇြီကို တွေ့လိုက်ရသည်။ ပေါ်ရိပေါ်က ပြုံးကာ ပြောသည်။

ဂျူနီယာ လုဇြီ မင်းက တကယ့်ကို ပါရမီပါတာ ပါပဲကြာ။ မင်းက ငါ့ရဲ့ ပထမ တိုက္ကြက္ကို တကယ် ခံနိုင်ရည် ၇ှိတာပဲကွ။ ဒါကြောင့် တိုက္ပြဲ နယ်မြေမှာ မင်း ဒီလို စွမ်းဆောင် နိုင်ခဲ့တာကိုး

လုဇွီလည်း ပြုံးကာ ပြန်ပြောသည်။
စီနီယာ့ရဲ့ စွမ်းအားတွေက ကြောက်မက်ဖွယ် ကောင်းလှပါတယ်။ ဒါပေမယ့် ကျွန်တော်က လွယ်လွယ် အရှုံးပေးမယ့် သူမျိုးတော့ မဟုတ်ဘူးလေ။ နာကျင်မှုတွေ ဆိုတာက ကျွန်တော်သန်မာလာရတဲ့ အားသာချက်တွေပဲ

အနာဂတ်ခရီးသည် ဒုတိယတြဲDonde viven las historias. Descúbrelo ahora