အခန်း213

187 28 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၁၃ နတ်သိုင်း

သူ လော့အင် ၀င်လို့ ပြီးတာနဲ့ ဆိုက်ထဲကို တန်း၀င်လိုက်သည်။ လုဇြီရဲ့ အဆင့်က အဆင့်သုံးကို ပြောင်းသွားသည်မို့ သူ ၀ယ်ယူနိုင်တာတွေ ပိုများလာပြီ ဖြစ်သည်။

လုဇြီ စကန် ဖတ်လိုက်သည်။ ထိုထဲတွင် အဆင့်မြင့်ပစ္စည်းတွေလည်း ပါသလို အထွတ်အထိပ် အဆင့် ဆွေးနွေးခြင်း ဖိုရမ်လိုမျိုးလည်း ပါပေသည်။ သူက ကိုယ်ပိုင် သိုင်း ဗီဒီယို ကလစ်တွေကို ကျော်ကြားတဲ့ ဆရာမ်ား ဆက်၇ှင်ဆိုတဲ့ နေရာတွင် ၀င်တင်လို့ ရပေသည်။ ဒါ့အပြင် ဗဟို အစိုးရ ကာကွယ်ရေး အမှတ်တွေနဲ့ မေးခွန်းတွေတော့ ဖြေရပေမည်။

လုဇြီ သိပ်မကြာခင် အချိန်မှာပင် ပြန်ပိတ်လိုက်၏။
ဒီစာမျက်နှာကို သူကြည့်ရုံပဲ ကြည့်မှာ။

ပထမဆုံးအကြိမ် သူ ဒီနေရာကို ရောက်ခဲ့စဉ်က သူက သိုင်းဝိဉာဉ်အဆင့်ကို တက်နိုင်ဖို့ အလကားရတဲ့ ချီဆွဲဆောင်ခြင်း ဂါထာကို ကူးယူခဲ့သည်။ ထို့နောက် သူ ဝိဉာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာခဲ့ပေ၏။ ထိုကျင့်ကြံခြင်းက သာမန် ကျင့်ကြံသူတွေ ကျင့်ကြံတာနဲ့ ကွာခြားသည်။ သူက ရှင်းပြချက်ကို ရဖို့ ဖိုရမ်တွင် အချိန်အကြာကြီး ရွာခဲ့ရ၏။

ပိုးကောင်ကပ်ဘေးတွင် သူက သေမျိုးဆင့်ကဲ ပြောင်းလဲခြင်းအဆင့် ဝိဉာဉ်စွမ်းအင် ကျင့်ကြံခြင်း အတွေ့အကြုံကိုသာ ၀ယ်ခဲ့ကာ သူ့ရဲ့ အမှတ်တွေ ကုန်သွားခဲ့ရသည်။ ထို့ကြောင့် ကျန်တာတွေကို လိုက်မကြည့်ခဲ့မိပေ။

ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ ကာကွယ်ရေး အမွတ္က ၅၈၀၀၀၀ရှိနေလို့ ကြည့်ဖို့ရာအတွက် ယုံကြည်ချက်၇ှိနေလေသည်။
သူ အားလုံးကို လိုက်ကြည့်ပစ်မယ်။

ဆိုက်ထဲတွင် အမျိုးအစားခွဲပေါင်း မ်ားစြာ ရှိသည်။ သိုင်း၊ ရတနာ၊ ဆွေးနွေးခန်း၊ ကျော်ကြားသော ဆရာမ်ားရဲ့ လမ်းညွှန်မှုနဲ့ မစ်၇ှင်းတွေတောင်မှ ရှိပေ၏။ ရှေ့စာမျက်နှာတွင် ဗီဒီယိုနဲ့ ပြထားသည့် အကျော်ကြားဆုံး သတင်းတွေ၊ ဘလော့တွေကိုလည်း တွေ့ရသည်။ လုဇြီက သူ လွတ်သွားတာတွေ မ၇ှိရအောင် အသေးစိတ် လိုက်ကြည့်နေတော့၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now