အခန်း314

111 23 0
                                    

အပိုင်း ၃၁၄

ကုလာဂြိုလ်ရှိ တစ်နေရာတွင် ၁၀ ကီလိုမီတာ ကျယ်ပြောသည့် အတောအတွင်းရှိ မြေဆီလွှာတွေဟာ မြက်ပင်တွေ အားလုံး ကင်းရှင်းနေခဲ့လေသည်။ထိုမြေတွေသည်လည်း နက်မှောင်သွားခဲ့သည်။

သောင်းကျော်သည့် ကုလာပြည်သူတို့သည် လေအကာအကွယ်ထဲတွင် အေးအေးဆေးဆေးသာ ရှိနေကြပေ၏။ ပြောင်ရှင်းနေကာ စုတ်ပြတ်သွားသည့် ထိုနယ်မြေသည် သိသာထင်ရှားစွာ အလွန် လှသည်။

ထိုနေရာတွင် နေရာလပ် သားရဲတစ်ကောင်ရှိကာ ထိုသားရဲသည် မီတာ ၁၀၀၀ ကျော်ရှည်ပေ၏။ အခုအခါတွင်တော့ ထိုသားရဲ သေဆုံးသွားခဲ့လေပြီ။

တစ်လောကလုံး တိတ်ဆိတ်သွားတော့သည်။ ကုလာပြည်သူတို့ အားလုံးဟာ ခေါင်းတွေ မော့လိုက်ကြကာ အေဝး ကောင်းကင်တစ်နေရာရှိ အဖြူရောင်ပုံရိပ်အား ကြည့်လိုက်ကြတော့သည်။ သူတို့၏ မျက်လုံးထဲတွင် လေးစားမှုတို့ ပြည့်လျှံနေခဲ့သည်။

ထိုပုံရိပ်သည် သွေးတို့ လွှမ်းနေသော်လည်း သူတို့၏ မျက်လုံးထဲတွင်တော့ ချစ်မြတ်နိုးမှု၊ ရဲရင့်မှုတို့နှင့်သာ ပြည့်နှက်နေတော့လေသည်။ သူတို့၏ ကိုယ်ပိုင်မျက်လုံးဖြင့် တစ်ဖက် နတ္ဆိုး မည်မျှ စွမ်းအားကြီးကြောင်း သူတို့ တွေ့ခဲ့ရသည်။ သူတို့၏ စစ်နတ်ဘုရားသည်သာ ထိုနတ္ဆိုးအား ရင်ဆိုင်နိုင်စွမ်းရှိခဲ့ပေ၏။

သူတို့၏ စိုးရိမ်မှုတွေ အားလုံး ပျောက်ကွယ်သွားကြသည်။ သူတို့တွေ ပါးစပ်တွေ ဟလိုက္ကာ စတင်အော်ဟစ်ကြတော့မည် ပြင်လိုက်၏။ ထိုအချိန်တွင် နောက်ထပ် ဟိန်းသံနှစ်သံ ထွက်လာလေတော့သည်။

ထိုအသံသည် လေထု၏ တိတ်ဆိတ်မှုအား ဖြိုခွဲလိုက်ခဲ့ကာ ကုလာပြည်သူတို့အား စိတ်လှုပ်ရှားသွားစေသည်။ သူတို့၏ ငြိမ်းချမ်းမှုတို့ဟာ ပျောက်ဆုံးသွားခဲ့သည်။ သူတို့အားလုံး စိုးရိမ်ပူပန်မှုတွေ တစ်ဖန်ပြည့်လာကြရ၏။

ဒေါသတကြီး ဟိန်းဟောက်သံတွေဟာ မတိုင်မီကထက် ပြင်းထန်ပေသည်။ ထိုသူတို့အားလုံး အဖြူရောင်ပုံရိပ်အား စိုးရိမ်တကြီး ကြည့်လိုက်ကြတော့သည်။ ထိုအမျိုးသမီး စစ်နတ်ဘုရားသည် ဆက်လက် တိုက်ခိုက်တော့မည် မထင်ချေ။ သူတို့အားလုံး သေကြရတော့မည် ထင်၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now