အခန်း262

156 23 0
                                    

Share 40ကျော်လို့ 2ပိုင်းလက်ဆောင်ပါ ကျေးဇူးပါ

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၆၂ တစ်ညထဲနဲ့ မင်းတို့ရဲ့ကလေးက ဒီအရွယ်တောင် ရောက်ပြီလား

ယင်ယင် သဘောတူလိုက်တာနဲ့ အားလုံးအတွက် အကျိုးရှိတာတွေ ဖြစ်လာပေလိမ့်မည်။ ဒါက လူသားမျိုးနွယ် တစ်ခုလုံးအတွက် ဖြစ်၏။ နန်ကုန်းကျင်းက ကျင်းယောင် သူတော်စင်နဲ့ ဆက်သွယ်လိုက်သည်။

ကျင်းယောင်ဂြိုလ်တွင်..။
ကျင်းယောင် သူတော်စင်က တဲအိမ်ထဲတွင် ၇ှိနေခဲ့သည်။သူက နန်ကုန်းကျင်းရဲ့ စာကို မြင်တဲ့အခါ စိတ္သက္သာရာ ရသွားသည်။ နဂါးငွေ့တန်း အဆင့်တွေဟာ သူတို့ အမိန့်ပေးလို့ရနိုင်သည့် အဆင့်မဟုတ်ပေ။ သူမသာ လူသားမျိုးနွယ်နဲ့အတူနေပါက ရန်သူတွေကို တပ်လှန့်ပြီးသားဖြစ်သွားနိုင်ပေသည်။

ဟားဟားဟား

ကျင်းယောင် သူတော်စင်က ပျော်လွန်းသဖြင့် အော်ရယ်နေခဲ့သည်။သူ စိတ်လှုပ်၇ှားလွန်းသဖြင့် ချီစွမ်းအင်ကို ထုတ်မိသွားကာ အနီးအနား ၀န်းကျင်၇ှိ သူတို့ကို တုန်ယင်သွားစေတော့သည်။ ထိုအခါမွ သူက ချီစွမ်းအင်ကို ပြန်သိမ်းရ၏။ ထို့နောက် ဗဟိုအစိုးရရွိ ရာထူးကြီး ပုဂိ်္ဂုလ်ကြီးတွေနဲ့ ဆက်သွယ်လိုက်သည်။
ယင်ယင်က သူတို့နဲ့အတူနေသည့်အခါ ဆွေးနွေးစရာတွေက ၇ှိလာခဲ့သည်။

ထိုသို့ဖြင့် ညအချိန် ရောက်လာသည်။ မိုးကုတ်စက်ဝိုင်းထဲသို့ နေကြယ်ကြီး နှစ်လုံးက နစ်မြုပ်သွားခဲ့သည်။ ဝါးတောလေးထဲတွင် လေတိုးသံတွေ ပြည့်နေ၏။ထူးခြားသည့် ပ ုံသဏ္႑ာန်၇ှိသည့် တိရိစၧာန်တွေက ရေကန်ထဲမှ အချိန်တိုင်း ခုန်နေခဲ့သည်။ အရာအားလုံးက စည်းချက်ကျနေ၏။ မတိုင်မီက အခြေအနေကသာ ဆိုးလာခဲ့ပါက သူတို့တွေ မနက်ခင်းကိုပင် မြင်တွေ့လိုက်ရမည် မဟုတ်ပေ။ အာဏာပိုင်တွေ ဆွေးနွေးပြီးနောက် ယင်ယင့်ကို လင်းလင်ရဲ့အဆောင်တွင်သာ ထားရန်သဘောတူလိုက်သည်။

ယင်ယင်က သူတို့လေးယောက်နဲ့သာ အရင်းနှီးဆုံးဖြစ်သည်။ ထို့ကြောင့် ထိုလေးယောက်နဲ့ အတူနေခိုင်းတာက အကောင်းဆုံး ဖြစ်နိုင်၏။ ထိုလေးယောက်လုံးကလည်း လူသားမျိုးနွယ်ရဲ့ တကယ့် အရေးပါသောသူတွေ ဖြစ်လာမည့်သူတွေ ဖြစ်ကြသည်။ထို့ကြောင့် ထိုသူတို့ ယင်ယင့်ကို ခေါ်ထားတာက ပြဿနာ မရှိနိုင်ပေ။ လင်းလင်ရဲ့ မိသားစုက နဂိုကတည်းက စစ်တပ် အရာရွိ မျိုးရိုးဖြစ်သည်။ သူမရဲ့အဘိုးက တစ်ချိန်က သူတော်စင် ဖြစ်ခဲ့၏။ လူတိုင်းက လင်းလင် ယင်ယင့်ကို စောင့်ေ၇ှာက်တဲ့အပေါ်  မကန့်ကွက်ကြပေ။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now