အခန်း299

118 21 0
                                    

အပိုင်း ၂၉၉ ဒီကေလးက မဆိုးဘူး

နန်ကုန်းကျင်းနှင့် လင်းလင်တို့၏ အကြည့်တွေကို မြင်သည့်အခါ လုဇြီ အပြစ်ကင်းစွာ မျက်တောင် တဖျက်ဖျက် ခတ်ပြလိုက်သည်။
ကျွန်တော် ဒီအတိုင်း ထိလိုက္တာပါ၊

နန်ကုန်းကျင်းနှင့် လင်းလင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နန်ကုန်းကျင်းက ပြောသည်။
ထပ်လုပ်ကြည့်

လုဇြီ ခေါင်းငြိမ့်ကာ လက်ဆန့်ထုတ်လိုက်သည်။ သူ ယင်ယင့်ရဲ့ ပါးဖောင်းဖောင်းလေးအား လက်ညိုးနှင့် အသာ တို့လိုက်သည်။
ထိလို့ ကောင်းလိုက်တာ

နန်ကုန်းကျင်းနှင့် လင်းလင်သည် လုဇြီအား စူးရဲစြာ ကြည့်တော့သည်။ အိပ်ပျော်နေသည့် ယင်ယင်အား လုဇြီ ထိုသို့ ထိတွေ့လိုက်သည်က ယဉ်ကျေးမှုမရှိသည့် အပြုအမူဖြစ်သည်။

အကြည့်တွေကို အာရုံရသည့်အခါ လုဇြီ လက်ပြန် ယုတ်လိုက်သည်။
အာ ကျွန်တော်ပဲ ထိလို့၇တာ ထင်ပါတယ်

သူ့ထံရောက်နေသည့် အကြည့်တို့က အလွန်စူးရှလာသည်။ သူတို့ မနာလို ဖြစ်လာသည်။ ဘာကြောင့် လုဇြီသာ ထိလို့ရသည်လဲ၊ သူတို့သည်လည်း ယင်ယင့်အား အတူ ပြုစု စောင့်ေ၇ှာက်ကြသည်ပဲ၊ သူတို့သည်လည်း ယင်ယင့်ကို ထိခွင့်ရသင့်ပေသည်။

လက်၇ှိ အဖြစ်ဟာဆိုရင်ဖြင့် အဖေနှင့် အေမအား မည်သူ့ကို ပိုချစ်ကြောင်း ရွေးခိုင်းရင်းမှ အချင်းချင်း အမြင်မကြည် ဖြစ်လာရသယောင် ထင်ရသည်။ လုဇွီသည်လည်း သူ့အား စူးရဲစြာ ဝိုင်းကြည့်နေသည့်အဖြစ်ကို သဘောမကျပေ။ သို့သော် သူလည်း မည်သည့်အကြောင်းကြောင့် ယခုလို ဖြစ်နေမှန်း မသိပါပေ။

လုဇြီ ခန့်မှန်းကြည့်လိုက်သည်။ ထိုအဖြစ်သည် သူ အသုံးပြုသည့် အလင်းလုံးတွေနှင့် သက်ဆိုင်နေလောက်သည်။ ယင်ယင် သူ့အား စမြင်စဉ်က အနံ့ကောင်းကြောင်း ပြောဖူးခဲ့သည်။

သူ  အလေးအနက် တွေးတောလိုက်သည်။ လုဇွီတွင် အကြံဆိုး တစ်ခုပေါ်လာသည်။ သူ ယင်ယင့်အား အလင်းလုံး ကျေွးပြီး နှိုးလိုက်လျှင် အဆင်ပြေသွားလောက်သည်။ မည်သို့ပင်ဆိုစေ ယင်ယင်သည်သာ သူနှင့်အတူ စားစရာအတွက် တိုက်ခိုက်တတ်ပေသည်။ သူသည်လည်း ယင်ယင့်အား သံယောဇဉ်၇ှိသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWo Geschichten leben. Entdecke jetzt