အခန်း272

267 26 2
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၇၂ လူငယ်မှူးမတ် နှစ်ယောက်
အမဲလိုက် ကြားခံနယ်မြေတွင်းတွင် ဘာတွေဖြစ်ပျက်နေခဲ့လဲဆိုတာကို တွေးနေခြင်းအား လုဇြီ ရပ်လိုက်သည်။ နောက်မှသာ သူ ဆက်စဉ်းစားပေတော့မည်။ သူ့ရဲ့လက်ရှိ စွမ်းအားနဲ့ဆိုရင် သူ အရာအားလုံးကို လုပ်နိုင်စွမ်း မရှိသေးပေ။
အနည်းဆုံးတော့ သူ နာကျင်မှုကို မခံစားရတော့ရင် အဆင်ပြေပါတယ်။ ထိုအကြောင်းကို တွေးမိတော့ လုဇြီ ပျော်လာသည်။
သူ ထိုင်ချလိုက်ကာ ဒီနေ့ရခဲ့သည့် အလင်းလုံးတွေကို ကြည့်လိုက်သည်။ အလင်းလုံး အသစ်တွေက အဟောင်းတွေထက် အားနည်းပေမယ့် အလင်းဝင်ပေါက် ဖွင့်လှစ်ခြင်းတွေတော့ ဖြစ်နေသေးသည်။ ထို့ကြောင့် လုဇွီအပေါ် သက်ရောက်မှု ရှိပေ၏။သူ အမူးသမားကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားရမယ်။ ထိုအကြောင်းကို တွေးမိပြန်တော့ လုဇြီ ကျင့်ကြံရန် စိတ်အား တက်ကြွလာခဲ့သည်။
သူ ကျင့်ကြံရမယ်။
နောက်တစ်နေ့ နံနက်တွင် လုဇြီ မျက်လုံးဖွင့်ကာ ထလိုက်သည်။ တစ္ညတာ ကျင့်ကြံလိုက်သည်က လုဇြီကို အလင်းလုံး သုံးလုံး သုံးလိုက်ရစေသည်။ သူ့ရဲ့ဝိဉာဉ်စွမ်းအင် ကျင့်ကြံခြင်း အဆင့်က အလင်းဝင်ပေါက် ဖွင့်လှစ်ခြင်း အဆင့်ကို ရောက်သွားခဲ့ပြီ။ သို့သော် သူ့ခန္ဓာထက်တော့ အားနည်းနေသေးပေသည်။ ကွာခြားမှုကတော့ သိပ်မများတော့ပေသည်။
လုဇြီကေတာ့ သူ့ကိုယ်ထဲ ပြင်းထန်နေသည့် စွမ်းအားတွေကို အာရုံခံမိနေခဲ့သည်။ သူ ပိုပြီး စွမ်းအားကြီးလာပြီပဲ။ သန့်ရှင်းရေး လုပ်ပြီးနောက် လုဇြီက အောက်ထက် ဆင်းလာခဲ့ကာ ယင်ယင့်ကို မြင်လိုက်ရသည်။ ယင်ယင့်အပြင် လင်းလင်လည်း ရောက်နေ၏။ လုဇြီက မေးလိုက်သည်။
မင်းက ဘာလာလုပ္တာလဲ
လင်းလင်: ငါ ကျင့်ကြံပြီးလို့ ထွက်လာတော့ ယင်ယင့်ကို မတွေ့တော့ဘူးလေ
ထို့နောက် သူမက လုဇြီကို ဟောက်သည်။
နင် ငါ့ကို ဘာကိစ္စ စာတောင် မပို့ထားတာလဲ
ယင်ယင်များ မ ၇ှိတော့ဘူးလားလို့ သူမ ဘယ်လောက်တောင် စိတ်ပူလိုက်ရလဲ။ သူမ မသိခင် ယင်ယင် ကစားနေတုန်း နဂါးငွေ့တန်း တစ္ခုလုံး လောင်ကျွမ်း ပျက်ဆီးသွားရင် ဘယ္လိုလုပ္မလဲ။
လုဇွီလည်း ဆွံ့အသွားသည်။
ယင်ယင်က ဗိုက်ဆာနေတယ်လေ၊ သူမက အပြင်မှာ ဝါးပင်တွေ ကိုက်စားနေတာ မင်းသိလား။ ငါ့ကို ဘာကိစ္စ အပြစ် လာတင်နေတာလဲ။ ငါက သူမကို ဘာမွ မကျေွးဘဲ ပစ်ထားသင့်တာလား ပြော
လင်းလင်က မင်သက်သွားခဲ့ကာ သူမ အမွားကို သိသွားပုံရသည်။ သူမ ဆက်မပြောတော့ပေ။ လုဇြီ ပြုံးလိုက်သည်။
ကောင်းပြီ ငါတို့ ပြီးရင် ဆရာမ နန်ကုန်းဆီသွားပြီး ကျင့်ကြံဖို့ လုပ်ရမယ်။ သူမက ငါတို့ကို သင်ပေးမယ်လို့ပြောတယ်
လင်းလင်လည်ေး ခေါင်းညိတ်သည်။ သူမက ထရပ္ကာ ပြောသည်။
ငါ ယင်ယင့်အတွက် မနက္စာ ချက်လိုက်ဦးမယ်
လုဇြီ: ငါလည်း ဝေစုလိုတယ်နော်
ယင်ယင်က ကာတွန်းကြည့်နေခဲ့ရာက စားစရာ အကြောင်းကြားတာနဲ့ ချက်ချင်းပင် လင်းလင်ကို ကြည့်လာသည်။ လင်းလင်က လုဇြီကို မျက်နှာမဲ့ကာ ကြည့်ရင်းပြော၏။
ဘာပဲဖြစ်ဖြစ် ယင်ယင် ဒီလိုဖြစ်လာတာ နင့်ကြောင့်ပဲ။ ကဲပါ ငါ နင့်အတွက်ပါ ချက်ပေးမယ်
ဘယ်လိုပဲဖြစ်ဖြစ် လုဇြီ တောင်းဆိုတာကို သူမ မငြင်းနိုင်ပေ။ လုဇြီ ရယ္လိုက္ကာ ယင်ယင့် ခေါင်းကို ပုတ်လိုက်သည်။ ယင်ယင်က ဝှက်ဖဲပဲ။ ယင်ယင်လေးသာ ရှိရင် လင်းလင် မငြင်းနိုင်ဘူး။
သူတို့ စားသောက်ပြီးတဲ့နောက် နန်ကုန်းကျင်းရဲ့အိမ်သို့ ထွက်လာခဲ့လိုက်ကြသည်။ လုဇြီ တံခါးခေါက်လိုက်တော့ တံခါးက ပွင့်သွားခဲ့၏။သို့သော် ချိုးယွဲ့ဟော်ရှားကိုသာ တွေ့လိုက်ရပေသည်။
လုဇြီ မင်သက်သွားခဲ့၏။ သူမက ညင်သာစွာ ပြုံးပြနေခဲ့သည်။ သူ သူမကို မရှုပ်မိပါဘူးနော်။
ယင်ယင် မမက ညီမေလးကို ဖက်ချင်လို့ လာပါဦး
ချိုးယွဲ့ဟော်ရှားက သူ့ကို တစ္ခ်က္သာ ကြည့်ကာ ယင်ယင့်ကို ပြေးဖက်သည်။ယင်ယင်လေးက မငြင်းပေ။ လိမ္မာစွာ အဖက်ခံ၏။ အချို့သော အကြောင်းပြချက်တို့ကြောင့် သူမက ယင်ယင့်ကို အတော် ချစ်ပေသည်။
၀င်လာခဲ့ကြလေ
ချိုးယွဲ့ဟော်ရှားက ပြောသည်။
လုဇြီ: ဆရာမက ဒီကို ဘယ္လို ရောက်နေတာပါလဲ
ချိုးယွဲ့ဟော်ရှားက ပြုံးသည်။
ငါ မနေ့က နတ်သိုင်းမှာ တိုးတက်လာတယ်လေ။ ဒီတော့ ဒီအမျိုးသမီး အမြှောက်နဲ့ စမ်းသပ်ဖို့ ရောက်လာတာပဲ
လုဇွီနဲ့ လင်းလင်တို့က သူမရဲ့ စကားကြောင့် ဆွံ့အသွားကြသည်။ ထိပ်တန်း လူငယ်မှူးမတ် နှစ်ယောက်ရဲ့ သိုင်းပြိုင်ပွဲလား။ သူတို့ တကယ်ပဲ ကြည့်ချင်ပါတယ်။ ဒါပေမယ့် နောက်ကျသွားပြီ ထင်တယ်။ လုဇြီက ဘယ်သူနိုင်လဲ ဆိုတာကို မေးချင်ပေမယ့် မမေးရဲပေ။
ချိုးယွဲ့ဟော်ရှားကသာ ရှုံးနေခဲ့ရင် အခြေအနေတွေက ကို့ယို့ကားယား ဖြစ်သွားလိမ့်မယ်။နန်ကုန်းကျင်းသာ ရှုံးခဲ့ရင်လည်း သူ အရိုက်ခံရလိမ့်မယ်။ ထိုအခိုက် နန်ကုန်းကျင်းက အပေါ်ထပ်က ဆင်းလာသည်။
ပုံရိပ်ယောင် ခန်းမက အသင့်ပဲ ။ ငါ စက်တွေပြင်ထားပြီးပြီ နင်တို့ လာကြတော့
ချိုးယွဲ့ဟော်ရှားက နန်ကုန်းကျင်းကို ကြည့်သည်။
စာသင်ဖို့လား ငါလည်း ပါမယ်လေ။ ငါပါ လိုက်ခဲ့မယ်
နန်ကုန်းကျင်း မျက်ခုံးပင့်လိုက်သည်။
နင်က အင်ပါယာ အကယ္ဒမီ ကျောင်းကလေ ဘာကိစ္စ သူများကျောင်းမှာ လိုက်ရှုပ်မှာလဲ
ဘာလဲ ငါ စာသင်ကောင်းပြီး နင့်ကျောင်းသားတွေကို ခိုးမွာစိုးလို့လား
နန်ကုန်းကျင်း: နင် တက္လာခဲ့
လုဇွီနဲ့ လင်းလင်ကတော့ အကျင့်ဖြစ်နေခဲ့ပြီ၊သူတို့ရယ်တောင် ရယ်ချင်နေသေး၏။ လူငယ်မှူးမတ် နှစ်ယောက် သင်ပေးတာက သူတို့အတွက်တော့ အကျိုးရှိတာပင်။ သူတို့တွေ ယင်ယင့်ကိုလည်း ဝင်ခိုင်းလိုက်ကြသည်။ သူတို့တွေ စက်တွေ တပ်လိုက်၏။
ချိုးယွဲ့ဟော်ရှားက လုဇြီကို ကြည့်ကာ ဆွဲဆောင်မှုရှိစွာ ပြုံးသည်။
ဂျူနီယာ မောင်ငယ်လေး အရမ်းကို လှပပြီး ဆွဲဆောင်မှုရှိတဲ့ ဒီမမကို ဂိုက်အနေနဲ့ လိုချင်လား
လုဇြီ:
လုဇြီ ကို့ယို့ကားယား ပြုံးလိုက်သည်။
ကျွန်တော်က နည်းနည်း ကြမ်းတမ်းတဲ့ တိုက်ခိုက်ရေး ပုံစံကို လေ့ကျင့်တာဆိုတော့ ဆရာမ ချိုးယွဲ့နဲ့ မသင့်တော်လောက်ပါဘူး
ထိုအခါ ချိုးယွဲ့ဟော်ရှားက မျက်နှာလေးမဲ့ကာ လင်းလင်ကို ကြည့်သည်။
လင်းလင် နင်က သံလက္သီး မိန်းမကို အစ်မကျင်းလို့ ခေါ်တယ် မဟုတ္လား။ ဒါဆို ငါ့ကို ဆရာမ ချိုးယွဲ့လို့ မခေါ်သင့်ဘူး။ ငါတို့တွေက သေတဲ့အထိ တိုက်ပွဲဝင်ကြမှာပဲလေ ဟုတ်တယ် မဟုတ္လား
လုဇြီ:
လင်းလင်:.
နန်ကုန်းကျင်း:
သူတို့တွေ  နာမည်ကြောင့် တိုက်ခိုက်တော့မှာ မ်ားလား။
လင်းလင် ပြုံးလိုက်သည်။
ကျေးဇူးတင်ပါတယ် အစ်မဟော်ရှား
ချိုးယွဲ့ဟော်ရှားက ပျော်ရွှင်စွာ ပြုံးလိုက်သည်။ နန်ကုန်းကျင်းက သူမကို စူးရဲစြာ ကြည့်လိုက်ပေမယ့် ဘာမွေတာ့ မပြောပေ။ လုဇြီကေတာ့ မယုံကြည်နိုင်တော့ပေ။ စသင်တော့မယ် ထင်တယ်။
နန်ကုန်းကျင်းက ပြောသည်။
စတော့
လုဇြီ ခေါင်းငြိမ့်လိုက်သည်။ သူ့ရဲ့ အကြည့်တွေက အာရုံစိုက်ထား ဟန်ဖြစ်လာကာ ဒူးကွေးရင်း ခုန်လိုက်သည်။ သူ ပျောက်ကွယ်သွားခဲ့သလို နဂိုရှိနေခဲ့သည့် နေရာတွင် ချိုင့်ကြီး ထင်ကျန်ခဲ့ပေသည်။
တစ်ချိန်တည်းတွင်ပင် လုဇြီက နန်ကုန်းကျင်းရဲ့ ဘယ်ဘက်တွင် ပေါ်လာသည်။ သူ့ရဲ့ ဝိဉာဉ် ကျင့်ကြံခြင်း အဆင့်က အလင်းဝင်ပေါက် ဖွင့်လှစ်ခြင်းအဆင့်ကို ရောက်နေခဲ့ပြီ။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းအား၊ ပထမအဆင့် နတ်စွမ်းအင်၊ ခွန်အား နတ်စွမ်းအင်တို့ကိုပါ သူက ထုတ္သုံးထား၏။
လုဇွီရဲ့ကိုယ်တွင် အနက်ရောင် အလင်းတွေ လက်လာသည်။ သူ့ရဲ့ အနက်ရောင် ဆဲပင်နဲ့ မျက်လုံးတွေက သတၳုရောင် လက္လာ၏။ သူ့ရဲ့ချီစွမ်းအင်က လွှမ်းမိုးနိုင်စွမ်း ပြင်းကာ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ သူက ကျားနက်ကြီးနဲ့ တူလာ၏။ လုဇြီက အခြားသဘာဝစွမ်းအင်တွေကို ထုတ်မသုံးရသေးချေ။
နန်ကုန်းကျင်းက သဘာဝ နတ်စွမ်းအင်တွေကို မသိပေ။ ဒီစွမ်းအင်တွေကို ထုတ္သုံးတာက သူမကို နည်းနည်းကို ကသိသအောက် ဖြစ်စေနိုင်ပေသည်။ ခပ်ဖျော့ဖျော့ အနက်ရောင် သလင်းသားလွှာက လုဇြီရဲ့ ညာလက်တွင်ပေါ်လာသည်။ သူက လက္သီး ဆုပ်ထား၏။ထိုနေရာမှ  စွမ်းအားတွေ ထိုးထြက္လာခဲ့ကာ ပတ်ဝန်းကျင် လေထုက အက်ကွဲလာတော့သည်။
ခြိမ်း
လုဇြီရဲ့ ညာလက္သီးက အနက်ရောင် အလင်းတွေ လက္လာခဲ့ကာ နန်ကုန်းကျင်းရဲ့ ညာပခုံးကို ထိုးလိုက်တော့သည်။ ကြောက်မက်ဖွယ် လက္သီးအားက နန်ကုန်းကျင်းရဲ့ လွပတဲ့ ဆံနွယ်တွေကို လွင့်စေသည်။
နန်ကုန်းကျင်းက မျက်နှာသေနဲ့သာ ဖြစ်သည်။ သူမက လက္သီးကိုထုတ္ကာ လုဇြီရဲ့ လက္သီးကို တားသည်။
ချိုးယွဲ့ဟော်ရှားနဲ့ လင်းလင်တို့က တိုက္ပြဲ မစသေးပေ။ သူတို့က စောင့်ကြည့်နေကြပေသည်။ သူတို့က လုဇြီရဲ့ စွမ်းအားကို ကြည့်နေကြ၏။ ချိုးယွဲ့ဟော်ရှားက မင်သက်နေခဲ့သည်။ လုဇြီ ကျောင်းရွေးတဲ့ အချိန်ကို သူမ သတိရလိုက်သည်။ အဲ့ဒိအချိန်က လုဇြီက အဆင့်နိမ့် နက်နဲသိုင်း စစ်သည် အဆင့်လေးသာ ဖြစ်ပေသည်။
သို့သော် အချိန်တိုအတွင်းတွင် အခုလောက်အထိ ဖြစ်လာ၏။ သူက ပြိုင်ဘက်ကင်းသည့် အလား ထင်ရလာသည်။
လင်းလင်ကလည်း ကြည့်နေခဲ့သည်။ သူမက အကြီးအကဲ လင်းရဲ့ မူလစွမ်းအင်ကို စုပ်ယူနေပြီမို့ လုဇြီကို ကျော်ဖြတ်နိုင်လောက်ပေသည်။ သို့သော် လိုအပ်နေသေးပုံ ရ၏။
နန်ကုန်းကျင်းလည်း အံ့သြနေခဲ့ပေသည်။ မနေ့ကတောင်မှ လုဇြီက အခုလောက် မဟုတ်သေးချေ။ ယခု သူက ပိုတိုးတက်လာပြီ ဖြစ်သည်။ ဒါကြောင့် အဘိုးကြီးက သူ့ကို သေဘာက်တာမ်ားလား။ သို့သော် သူမက ထိုအကြောင်းတွေကို ထုတ်ပြောလိမ့်မည် မဟုတ်ပေ။
လုဇြီရဲ့ လက်နဲ့ နန်ကုန်းကျင်းရဲ့ လက္တို့ ထိပ်တိုက်တွေ့သည့်အခါ သဲတွေလို သူ့ရဲ့စွမ်းအားတွေ ပြန့်ကျဲသွားရတာကို သူ ခံစားမိလိုက်သည်။သူ အတော်လေးကို အားနည်းသွား၏။ သူ နောက်ဆုတ်ချင်ပေမယ့် နန်ကုန်းကျင်းရဲ့ လက္က သူ့ခေါင်းဆီ ရောက်လာသည်။ သူမရဲ့ လက္က သူ့နှဖူးကို တောက်တာကိုသာ သူ ခံလိုက်ရ၏။
လုဇြီ နောက်လွှင့် သွားရတော့သည်။ သို့သော် သူ အမြန်ပြန် ထိန်းလိုက်နိုင်သည်။ သူ့လက်က  နှဖူးကို အုပ်ထားရသည်။ နန်ကုန်းကျင်းက နောက်သည်။
နင် စွမ်းအားကြီး လာပေမယ့် အားကို သေချာ မထိန်းနိုင်သေးဘူး ။ နင့်ရဲ့စွမ်းအာက ပြန့်ကျဲသွားရတာပဲကြည့်။ နင် များများလေ့ကျင့်ပြီး အားထိန်းနိုင်အောင် လုပ္ဖို့ လိုသေးတယ်
အျခား အလင်းဝင်ပေါက် ဖွင့်လှစ်ခြင်းအဆင့်တွေနဲ့ ယှဉ်သော် လုဇြီရဲ့ စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းက အတော်မြင့်နေပြီ ဖြစ်သည်။
သို့ရာတွင် သူမရဲ့ လိုအပ္ခ်က္က မြင့်မားနေခဲ့၏။ ချိုးယွဲ့ဟော်ရှားနဲ့ လင်းလင်တို့က လုဇြီရဲ့ နာကျင်နေတဲ့ပုံစံကိုမြင်တော့ ပြုံးသွားကြသည်။ လင်းလင်က ပင့်သက်ရှိုက်ကာ ပြောသည်။
အစ္မ ဟော်ရှား ညီမတို့လည်း စရအောင်

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now