အခန်း214

189 27 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၁၄ ဓားနတ်ဆိုးတွေရဲ့ အာရုံဦးဓားများ

ထိုတွင် အမျိုးမျိုးသော လျှို့ဝှက်သိုင်းတွေ ရှိသည်။ ရုပ်ပိုင်းဆိုင်ရာ လျှို့ဝှက်သိုင်းလည်း ရွိသလို စိတ်ပိုင်းဆိုင်ရာ လျှို့ဝှက်သိုင်းလည်း ရှိပေသည်။ ဝိဉာဉ်စွမ်းအင် လျှို့ဝှက်သိုင်းတောင်မှ ရွိပါ၏။ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသည့် သိုင်းအချို့လည်း ရွိကာ ထူးခြားသည့် စွမ်းအင် သက်ရောက်မှုတွေရှိတဲ့ လျှို့ဝှက်သိုင်းတွေလည်း ရှိပေသည်။

လုဇြီ လျှို့ဝှက်သိုင်းဆိုတဲ့ စာမျက်နှာကို ကြည့်နေလိုက်သည်။ နတ်စွမ်းအင်ကို ပိုင်ဆိုင်သူက နည်းပေသည်။ အများစုသော သိုင်းပညာရှင်တို့က သူတို့ရဲ့ ဝိဉာဉ်စွမ်းအင် ဗဟုသုတအပေါ်  မူတည်ပြီး လျှို့ဝှက်သိုင်းတွေနဲ့ တိုးတက်အောင် လုပ်နိုင်စွမ်းရှိသည်။

ဥပမာ အနေနဲ့ ဝိဉာဉ်စွမ်းအင်နဲ့ စိတ်ချင်းဆက်သွယ်ခြင်း ဖြစ်သည်။ ထိုနတ်စွမ်းအင်နဲ့ အျခားသူကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်လို့ရပေသည်။
သို့ရာတွင် ဘေးထွက် ဆိုးကျိုးတော့ ရှိပေ၏။ ထိုသူရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုက လုံလောက်မှု မ၇ှိခဲ့လျှင် ဝိဉာဉ်စွမ်းအင်တွေ ပေါက်ကွဲမှု ဖြစ်လာတာကို ကိုင်တွယ်နိုင်မည် မထင်ပေ။

ဒုတိယ တစ်ချက်အနေနဲ့ မင်းရဲ့ စွမ်းအားကို အချိန်တိုအတွင်း တိုးတက်စေတာက မင်းရဲ့ဝိဉာဉ် စွမ်းအင်တွေကို အချိန်တိုအတွင်း ခြောက်ကပ် သွားစေနိုင်သေးကာ မင်းကို အားနည်း သွားစေနိုင်ပေသည်။ ဒါက ခေါင်းပန်းလှန်သလိုပါပေ။

ထိုကဲ့သို့သော လျှို့ဝှက်သိုင်းတွေက နတ်သိုင်းတွေထက်သိသိသာသာ ဈေးပေါသည်။ ကာကွယ်ရေးအမှတ် ၁၀၀၀၀၀လောက်သာ ပေးရပါ၏။ လုဇြီအတြက္ကေတာ့ အသုံးမ၀င်ပေ။ နတ်စွမ်းအင်ကို ဝိဉာဉ်စွမ်းအင်နဲ့ ပေါင်းသုံးတာက ပိုကောင်းသည် မဟုတ္လား။

ခန္ဓာကိုယ်ကို သန့်စင်ရသည့် လျှို့ဝှက်သိုင်းတွေလည်း ရှိပေသည်။ထိုသိုင်းမျိုးတွင် ဘေးထွက် ဆိုးကျိုးတော့ မ၇ှိပေ။ သို့သော် လိုအပ်တဲ့ ပစ္စည်းတွေကတော့ များပေ၏။ လုဇွီအတွက်တော့ မလိုပါချေ။ သူက အနီရောင် အလင်းလုံးတွေနဲ့ သန့်စင်ထားပြီး ဖြစ်လို့ သူ့ခန္ဓာကိုယ်က ပြီးပြည့်စုံတဲ့ အဆင့်ကိုတောင် ရောက်၇ှိနေခဲ့ပြီပေ။

အနာဂတ်ခရီးသည် ဒုတိယတြဲजहाँ कहानियाँ रहती हैं। अभी खोजें