အခန်း239

180 22 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၃၉ လက်ရွေးစင်တန်းရဲ့ အခွင့်အရေးတွေ

ပေါ်ရိပေါ်  ထွက်သွားပြီးနောက် အားလုံးက လုဇြီကို စိတ်ရှုပ်ထွေးစွာ ကြည့်ကြသည်။ ဒီကောင်က ပေါ်ရိပေါ်ကိုတောင် နိုင်သွားတယ်။ ဒီအဆင့် စွမ်းအားဆိုတာက လက်ရှိတွင် ၇ှိနေသည့် လူတိုင်းကို မင်သက်ဖို့ရာ လုံလောက်သည်။

ကျောင်းသူ၊ကျောင်းသားတွေသာ ထိုသို့ အမူအယာဖြစ်နေသည် မဟုတ်ဘဲ လျှိုပင်ချင်းတောင်မှ လုဇြီကို ထူးဆန်းသလို ကြည့်နေကြပေသည်။ သိသာစွာပင် သူ လုဇွီအရွယ်ကထက် လက်၇ှိ လုဇြီက စွမ်းအား ကြီးနေခဲ့သည်ပေ။

နန်ကုန်းကျင်း တစ်ယောက်သာ လုဇြီရဲ့ စွမ်းအားကို သိပြီးသားပေမို့ အံ့အားမသင့်ခြင်း ဖြစ်သည်။ လုဇွီလည်း ရှက်ရွံ့စွာနဲ့ လင်းလင်တို့ဘက် ပြန်လာလိုက်လေသည်။

လင်းလင် ငါတို့ ဒီနေ့ မတိုက္ခိုက္တာ ကောင်းလိမ့်မယ်

သူ နောက်ထပ် မတိုက်ချင်တော့ဘူး။
လင်းလင်လည်း ခေါင်းငြိမ့်သည်။ တိုက်လည်း သူမ နိုင်မှာမှ မဟုတ်ဘဲ။ အဲ့လိုဆိုရင် သူမ ၀မ်းနည်းရလိမ့်မယ်။ ဒါပေမယ့် သူမ လက်လျှော့မှာတော့ မဟုတ္ဘူး။ တစ်ရက်မှာတော့ စားပွဲလှန်နိုင်ရမယ်။

နန်ကုန်းကျင်း: ကောင်းပြီ ကျောင်းသားဟောင်းတွေက ကိုယ့်အဆောင်ကိုယ် ပြန်ကြတော့ ။ ကျောင်းသားသစ်တွေကတော့ အာကာသ ဘူတာရုံကို သွားကြ မင်းတို့ကို စောင့်နေတဲ့သူတွေ ရှိတယ်။

ထို့နောက် သူမက လှည့်ကာ ကောင်းကင်ပေါ် ပျံတက်ရင်း ထွက်ခွာသွားတော့သည်။ လျှိုပင်းချင်းက လုဇြီကို တစ်ချက်ကြည့်ပြီးမှ ပျံသန်းကာ ထွက်ခွာသွားခဲ့သည်။ လူငယ်မှူးမတ်တွေအတွက် ဂြိုလ်ပေါ်တွင် ကိုယ်ပိုင်နယ်မြေတွေ ရွိသလို လေ့ကျင့်ရေး ကွင်းတွေကိုလည်း ပိုင်ဆိုင်ပေသည်။

လူစုခွဲပြီးနောက် တိတ်ဆိတ်မှုတွေက ပြိုပျက်သွားခဲ့သည်။ မာဂရက္က လုဇြီရဲ့ ပခုံးကို လာပုတ်သည်။

ဂျူနီယာ လုဇြီ မင်းက တော်တော် နတ္ဆိုးဆန္တာပဲ။ တိတ်တိတ်လေး တိုးတက်လာတယ်ပေါ့ ဟုတ္လား။ ဒီအရှိန်နှုန်းနဲ့ဆို ငါ့ကိုတောင် သိပ်မကြာခင်အချိန်မှာ ကျော်သွားလောက်တယ်

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now