အခန်း315

105 18 0
                                    

အပိုင်း ၃၁၅ မွတ္ပုံ မတင်ထားသည့် သငေ်္ဘာ

ထိုအချိန်တွင် ကုလာဂြိုလ်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ လေထဲတွင် လင်းလင်သည် လုဇြီအား ငေးစိုက် ကြည့်လို့နေသည်။ သူမသည် ပါးစပ်ဟကာ တစ်စုံတစ်ရာ ပြောရန် ပြင်သော်လည်း မည်သည့်စကားမှ မပြောဖြစ်လိုက်ချေ။ သူမကိုယ် သူမပင် သနားလာခဲ့သည်။

လင်းလင်သည် အလင်း၀င်ပေါက် ၅၀၀စွမ်းရည် ရှိသည့် နေရာလပ်သားရဲအား ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ သူမ နိုင်ခဲ့သဖြင့် လုဇြီအား နိုင်လောက်ပြီဟု ထင်ခဲ့သည်။ သို့သော် လုဇွီသည် အလင်း၀င်ပေါက် ၆၀၀စွမ်းရည်ရှိသည့် သားရဲနှစ်ကောင်အား လက်တစ်ခါ ရမ်းလိုက်ရုံဖြင့် သတ်လိုက်နိုင်သည်။ သူမ မည်သို့ တုန့်ပြန်ရမည်ပင် မသိတော့ချေ။

လင်းလင် သတိလစ်တော့မတတ် ကြောင်အနေခဲ့သည်။ ထိုဖြစ်ရပ်သည် သူမနှင့် လုဇွီကြား ကွာခြားချက် မည်မျှ ကြီးမားကြောင်း သိသာလာစေသည်။ လင်းလင် မကျေနပ်နိုင်တော့ချေ။

ကျန်း၀မ်တို့သည် လုဇြီအား မျက်လုံးပြူးကာ ကြည့်နေကြ၏။ တစ်ဖက်သူသည် အလင်း၀င်ပေါက် ၆၀၀၀န်းကျင်၇ှိသည့် သားရဲနှစ်ကောင်အား ချက်ချင်း သတ်လိုက်သည်။ ခရစ်သည် အလန့်တကြား ထပြောသည်။

ဒီမွန်းစတားလေးက ဘယ္က ရောက်လာတာလဲ၊ သူက ပထမနှစ်ရော ဟုတ်ရဲ့လား

ယနေ့ခေတ် ပထမနှစ် ကျောင်းသားတို့သည် ထိုမျှ လုပ်ဆောင်နိုင်မှု ကြီးမားနေပြီလော။ ကျန်း၀မ်က မျက်မှန်ကို ပင့်တင်ကာ ပြောသည်။

ငါတို့ အရင်ပြန်ပြီး စစ်ဆေးကြည့်တာပေါ့၊ဒီလောက် စွမ်းအားကြီးတဲ့ ပထမနှစ် ကျောင်းသားက ကိစ္စကြီးတွေ မလုပ်ခဲ့ဘဲ နေမှာမဟုတ်ဘူး

ခ၇စ် ခေါင်းငြိမ့်လိုက်သည်။ထိုအခိုက် လုဇွီသည် လင်းလင်အား လှည့်ကြည့်ကာ ပြောလိုက်သည်။
ကောင်းပြီ ပြန်ရအောင် ၊နောက်တစ်ကောင်ကို သတ်ပြီးရင် ငါတို့ ကျောင်းကို ပြန်လို့ရပြီ

မစ်၇ှုင်း ပြီးသွားသည့်အခါ သူတို့တွေ တာအို ဉာဏ်အလင်းပွင့် ခန်းမတွင် ခြောက်နာ၇ီ ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။ သူ၏ လေနတ်စွမ်းအင်သည် တိုးတက်မှု နှေးလာသည်။ ထို့ကြောင့် သူ၏ ကျောက်စိမ်း ဟက်တက်ကွဲသိုင်းအား တိုးတက်ချင်လျှင် တာအို ဉာဏ်အလင်းပွင့် ခန်းမသည်သာ ကူညီနိုင်လောက်သည်။ ထို့အပြင် သူ၏ ကြယ်လက်သီးသိုင်းကိုလည်း တိုးတက်အောင် လေ့ကျင့်ရန် လိုနေသေးသည်။ ထိုအချိန်တွင် ယခုကဲ့သို့ မစ်ရှင်းမျိုးနှင့် ကြုံရသည်က သူ့ကို ပျော်ရွှင်စေသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now