အခန်း271

162 25 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၇၁ အမဲလိုက် ကြားခံနယ်မြေက ပြောင်းလဲမှု
လုဇြီ သူ့ရဲ့အစီအစဉ်ကို တွေးတောနေရင်း အိပ်ရာပေါ်တွင် ထိုင်နေခဲ့သည်။
သူ ဝယ်ခဲ့သည့် နတ်သိုင်းတွေကို သူ အရင်ဆုံး စမ်းစစ် ကြည့်ရပေမည်။ ထိုအခိုက် သူ လေနဲ့လျှပ်စီးနတ်သိုင်းကို အရင်ဆုံး ကျင့်ကြံသင့်တယ်ဆိုတာကို သတိရလိုက်သည်။
ကျောက်စိမ်း ဟက်တက်ကွဲခြင်း သိုင်းက ဒုတိယေနရာမွသာ ကျင့်ကြံသင့်ပေ၏။ မည်သို့ပင်ဆိုစေ သူ့ရဲ့လေနတ်စွမ်းအင်က သိပ်ဆိုးရွားသည့် အခြေအနေတွင် ရှိမနေခဲ့ပေ။ ဒီတော့ သာမာန် တိုက်ခိုက်မှုတွေကို ဒီစွမ်းအင်နဲ့ တိုက်ခိုက်နိုင်တာလောက်တော့ ဖြစ်သင့်ပေ၏။
နောက်ဆုံးမှသာ ကြယ်လက်သီးသိုင်းကို ကျင့်ကြံဖို့ သူ ဆုံးဖြတ်လိုက်တော့သည်။ တာအို ဉာဏ်အလင်းပွင့်ခန်းမသို့ သိပ်မကြာခင်အချိန်တွင် သွားနိုင်တော့မည်ပေ။ ထိုနေရာတွင် သူ ခရမ်းရောင် အလင်းလုံးကိုပါ ထပ်သုံးပြီး ပိုမိုသက်ရောက်မှု များအောင် လုပ်နိုင်စွမ်း ရှိပေသည်။
နောက်နှစ်ရက်ကြာသည့်အခါ လုဇွီနဲ့ လင်းလင်တို့က အမျိုးသမီး အရက္သမားရဲ့အိမ္ကို သွားကြရမည် ဖြစ်သည်။
ထိုညတွင် သူက အနီရောင် အလင်းလုံးတွေကို သုံးလိုက်သည်။ လုဇြီက မ်က္လုံး မှိတ်ထားရင်း အမဲလိုက် ကြားခံနယ်မြေထဲသို့ ဝင်ခဲ့လိုက်တော့၏။ မနေ့က ဘာတွေ ဖြစ်ပျက်နေခဲ့လဲဆိုတာကို သူအလွန်အမင်း သိချင်နေခဲ့၏။
အဲ့ယုန္မ်ား သေသွားတာလား။ ဒါမှမဟုတ်အရှင်သခင် လေးပါးများ သေသွားတာလား။ သံသယေတြ အပြည့်နဲ့ လုဇြီ အမဲလိုက် ကြားခံနယ်မြေတွင် ပြန်ပေါ်လာခဲ့သည်။
သူ ပေါ်လာတဲ့ နေရာကတော့ ငါးမီတာ မြင့်သည့် မြက်ခင်းတွေ အပြည့်ရှိနေတဲ့ နေရာသာ ဖြစ်သည်။ လုဇွီရဲ့စိတ်စွမ်းအင်နဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်တော့ ပုံမှန်မဟုတ်သည့် ဘယ္လိုအရာကိုမွ မမြင်ရပေ။ ထို့ကြောင့် အသင့်အနေအထားနဲ့ သူ ပျံသန်း သွားလိုက်တော့သည်။
မီတာတစ်ရာလောက် မြင့်တဲ့ အမြင့်တွင် သူ သွားနေလိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်နေလိုက်သည်။ သူ မြင်ရသမျှကတော့ အစိမ်းရောင် မြက်ခင်းတွေသာဖြစ်သည်။
သိပ်မဝေးတဲ့နေရာတွင် တိုက္ပြဲ ဖြစ်နေပုံရ၏။ သို့သော် သိုင်းအမြုတေ အဆင့်တွေရဲ့တိုက်ပွဲလောက်သာ ဖြစ်ပါ၏။ အလင်းလုံးတွေက သူ့အတွက်တော့ အသုံးမဝင် ဖြစ်နေခဲ့ပြီ။ ထို့ကြောင့် သူက ထိုတိုက္ပြဲကို စိတ်မဝင်စားပါပေ။ အခြားနေရာ အနှံ့တွင်တော့ ငြိမ်းချမ်းကာ စီးချက်ကျနေခဲ့သည်။
လုဇြီ သက်ပြင်းချလိုက်သည်။ သူ ပျော်ပွဲရွှင်ပွဲတွေ လြတ္သြားတဲ့ပုံပဲ။ ထို့နောက် မြေပြင်ပေါ် ဆင်းသက်လိုက်တော့သည်။ လေထဲ ပျံသန်းနေရင် ပျံသန်းနိုင်တဲ့ခေါင်းဆောင်တွေရဲ့အစာ ဖြစ်သွားနိုင်ပေ၏။
ခြိမ်း
ရုတ်တရက် အဝေးတစ်နေရာက မိုးခြိမ်းသံ ထွက်လာခဲ့သည်။ ဒါက လုဇြီကို လှည့်ကြည့်လိုက်မိစေ၏။ သူမင်သက် သွားရတော့သည်။ သိသာစွာပင် ထိုနေရာတွင် ချီစွမ်းအင်နှစ်ခု ရှိနေခဲ့သည်။ သို့သော် သူ ခံစားမိတာကေတာ့ နတ်စွမ်းအင်လေးမျိုး ဖြစ်ပါ၏။
ထိုနေရာတွင်ရှိတဲ့ ချီစွမ်းအင်က အလင်းဝင်ပေါက်အခုငါးဆယ်လောက်သာ ဖွင့်ထားတဲ့ အဆင့်တွေ ဖြစ်ကြသည်။ ဘယ္လို ဖြစ်နိုင်မှာလဲ။
ခေါင်းဆောင်တွေက နတ်စွမ်းအင်တွေ ပိုင်ဆိုင်ထားရင်တောင်မှ အခုလောက်ထိတော့ များပြား မနေသင့်ဘူးလေ။ ဘာလို့နတ်စွမ်းအင်က လေးမျိုး ဖြစ်နေရတာလဲ။
လုဇြီ ထိုနေရာသို့ ချက်ချင်းပင် ပျံသန်း သွားလိုက်တော့သည်။ သူ့ရဲ့မူလရှိနေခဲ့တဲ့ နေရာနဲ့ ထိုနေရာက ကီလိုမီတာ လေးဆယ်သာ ဝေးကွာ၏။ လုဇွီအတွက်တော့ ဒီအမြန်နှုန်းက ခဏေလးသာ ဖြစ်သည်ပင်။ တစ်မိနစ်တောင် မကြာလိုက်ချေ။ သူ ချက်ချင်းပင် ထိုနေရာသို့ ရောက်သွားလေတော့သည်။
ထိုနေရာတွင် နက်မှောင်နေသည့် ကြောင်ကြီး တစ်ကောင်ရှိနေခဲ့ကာ လျှပ်စီးအလင်းတွေဖြင့် လက်နေခဲ့သည်။ အခြားတစ်ဖက်တွင်တော့ အစိမ်းရောင်အလင်းတွေ လက်နေခဲ့တဲ့ ကြေးခွံခြငေ်္သ့ကြီး ရှိနေခဲ့သည်။
လုဇြီ
နတ်စွမ်းအင် နှစ်မျိုး ပိုင်တာလား။ ဘယ္လို ပိုင်တာလဲ၊ရှင်းလင်းစွာပင် သူ နှစ်မျိုးလုံးကို ခံစားမိနေပေသည်။ဘာလို့ တစ်ကောင်မှာ နတ်စွမ်းအင် နှစ်မျိုး ပိုင်နေရတာလဲ။
တစ်စုံတစ်ရာကတော့ ဒီမြေပုံနဲ့ ပတ်သတ်ပြီးပြောင်းလဲနေပြီလို့ လုဇြီ ခံစားခဲ့ရသည်။ လုဇွီရဲ့မျက်လုံးတွေက အလင်းရောင် တဖျက်ဖျက် လက္လာခဲ့ကာ မနေ့က တိုက်ပွဲအကြောင်း ပြန်တွေးခဲ့လိုက်၏။ ဒါယုန်နဲ့များ သက်ဆိုင်နေမလား။
ဘာလို့ ဒီနေရာက သားရဲတွေက နတ်စွမ်းအင် နှစ်မျိုးပိုင်သွားကြတာလဲ။ အလင်းဝင်ပေါက် အခု သုံးဆယ်ဖွင့်ထားတဲ့ သားရဲတွေဆိုရင် အရှင်သခင်တွေက အသာအယာ သတ်ပစ်နိုင်တယ် မဟုတ္ဘူးလား။ ဒါက အဲ့ယုန္နီဆီက ပြန်ပြီး ဆင့်ကဲ ပြောင်းလဲလာတာများလား။
အိုး ဘုရားရေ ဒါက မယုံနိုင်စရာ ကောင်းလွန်းတဲ့ ယုန်ဖြစ်နေပြီပဲ။ လုဇြီက သူ့ရဲ့ခန့်မှန်းချက်တွေကို မယုံရက်ပေ။ သူ့ရဲ့ခန့်မှန်းချက်တွေက ပေါက်ကရတွေ ဖြစ်နေသည် မဟုတ်ပါလား။ သူ ဒီယုန္ကို နားလည်မှုလွဲသွားတာဆို ဘယ္လိုလုပ္မလဲ။ ဒီယုန္က ယုန်ကောင်းလေး ဖြစ်နေမယ် ဆိုရင်ရာ။
သို့သော် ယုန်ရဲ့အကြည့်ကြောင့် သူ အကြိမ်ပေါင်းများစွာ သေခဲ့တယ်ဆိုတာကို ပြန်သတိရမိတော့ ခေါင်းခါလိုက်တော့သည်။ မဖြစ်နိုင်တာ။ တကယ်ကိုရက်စက် ယုတ်မာပြီး ကောက်ကျစ် စဉ်းလဲတဲ့ ယုန်ပဲဖြစ်ရမယ်။
ဒါပေမဲ့ သားရဲတွေက ဒီလောက် စွမ်းအားကြီးလာပြီဆိုတော့ သူ့အတွက် အကျိုးအမြတ် ရှိလာပြီပေါ့။  အလင်းဝင်ပေါက် လေးရာနဲ့ငါးရာကြားတွင် ရှိသည့် ခေါင်းဆောင်တွေကိုတော့ သူ သတ်နိုင်လောက်မည်မဟုတ်ပေ။ သို့သော် ဒီအဆင့်တွေလောက်ကိုတော့ သူ သတ်နိုင်ပါ၏။
သူ့ရဲ့လေတောင်ပံကို အသုံးပြုလိုက်ကာ လုဇြီက တစ်ချက်ခတ်လိုက်လေရင်း အစိမ်းရောင် ကြေးခွံ ခြငေ်္သ့ခေါင်းပေါ်သို့ ရောက်သွားလိုက်သည်။
သေစမ်း
ခြိမ်း
လုဇွီရဲ့မျက်နှာက အေးစက်သွားကာ သူ့ရဲ့ညာလက်သီးကို ဆန့်ထုတ်လိုက်တော့၏။ လေပြင်းတွေက တိုက္ခိုက္လာခဲ့ကာ မီးနဲ့လျှပ်စီးတို့ကလည်း ကခုန်နေခဲ့သည်။ ဒီထဲတွင် ခန္ဓာနတ်သိုင်းလည်း ပါဝင်နေခဲ့ပေ၏။ ထို့ကြောင့် အေးဆေးစွာပင် တစ်ဖက်သူကိုဆုတ်ဖြဲ နိုင်လိုက်ပေသည်။
ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ အရိုးအက်ကွဲသံတွေက ထွက်ပေါ်လာခဲ့ကာ ခြငေ်္သ့ကြီးထံမှ မီးခိုးရောင် မြူတွေက ထွက်ပေါ်လာခဲ့လေတော့သည်။ ထို့နောက် သူ့ရဲ့ဒဏ်ရာတွေကို ကုစားပေး၏။ သို့သော် ဒဏ်ရာက ပြင်းထန်လွန်းပေသည်။
ခဏချင်းတွင်ပင် အသက်စွမ်းအင်က ကုန်ဆုံးသွားရပြန်တော့သည်။ မြေပြင်သို့ က်သြားခဲ့ျပန္ကာ အက်ရာကြီးပင် ဖြစ်သွားစေခဲ့၏။ ထိုအခါ ကြောင်နက်ကြီးက ထရပ်လာသည်။
မြောင် မြောင် မြောင်
သူက သူ့ရှေ့တွင်ရှိသည့် ခြေနှစ်ခြောင်းနဲ့ သတ္တဝါကိုကြည့်နေခဲ့သည်။ ဒီခြေနှစ်ခြောင်းနဲ့ သတ္တဝါနဲ့ သေတဲ့အထိ တိုက်ခိုက်ရမယ်ဆိုတာကို သိလိုက်ရ၏။
မကောင်းတော့ဘူး။ ဘာလို့ ဒီသားရဲက အရမ်းစွမ်းအားကြီးနေရတာလဲ။ ဒီခြေနှစ်ချောင်းနဲ့ သတ္တဝါဆီက နတ်ဆိုးဆန်တဲ့ အရှိန်အဝါတွေ ထွက်နေတယ်ဆိုတာကို ထိုကြောင်ကြီးက သိလိုက်သည်။ သို့သော်ထိုအချိန်တွင်ပင် ခြေနှစ်ချောင်းနဲ့ သတ္တဝါက ပျောက်ကွယ်သွားခဲ့သည်။
သို့ရာတွင် ကြောင်ကြီးအနေနဲ့ သူ့ရဲ့ခါးနားဆီက ပြင်းထန်တဲ့ စွမ်းအားတွေကို ခံစားမိလိုက်သည်။ သူအော်မည် ပြင်လိုက်သည့် အချိန်မှာပင် လွင့်ထွက်သွားကာ သွေးအန်လိုက်ရတော့သည်။
လုဇြီက သားရဲနှစ်ကောင် ဖုန်အဖြစ် ပြောင်းသွားတာကို မြင်တော့ ပြုံးလိုက်၏။ နောက်ထပ် ပြန်လည်ကုစားခြင်း နတ်စွမ်းအင်နဲ့ လေနတ်စွမ်းအင်၊ လျှပ်စီးနတ်စွမ်းအင်နဲ့ ပထမအဆင့် နတ်စွမ်းအင်တွေ ရလိုက္တာပဲ။ အာ ဒီကောင်လေးတွေက နတ်စွမ်းအင်အပိုင်းအစ နှစ်ခုဆီ မြိုထားခဲ့လို့ စွမ်းအင်နှစ်မျိုးဆီ ရှိနေတာ ဖြစ်မယ်။ ကြည့်ရတာတော့ ဒီမြေပုံတွင်းမှာပြောင်းလဲမှုတွေရှိနေပြီ ထင်တယ်။ သေချာတာပေါ့။ အဲ့ဒါ အဲ့ဒီယုန်ကြောင့်ပဲ။
လုဇြီက နတ်စွမ်းအင် အလင်းလုံးတွေကို ကောက်လိုက်သည်။ ဒါက အားလုံးပေါင်း အနီရောင် အလင်းလုံး ဆယ္လုံးရကာ ခရမ်းရောင် အလင်းလုံး လေးလုံးရလိုက်ပေသည်။ ဒါက ပိုသန္မာတဲ့ ခေါင်းဆောင်ကြီးတွေထက်တော့ အားနည်းတယ် ထင်ရပေမဲ့ အလင်းဝင်ပေါက် ဖွင့်လှစ်ခြင်းအဆင့်တွင်တော့ ရှိနေကြသေးသည်ပေ။
လုဇြီက ပျော်ရွှင်စွာနဲ့ သူ့ရဲ့အမဲလိုက်တဲ့ ခရီးကို စတင်တော့သည်။ လမ်းတစ်လျှောက်တွင် သူက ခုန်ပေါက်နေတော့၏။
တစ်ရက်ကြာပြီးနောက် လုဇြီက ကြေးခွံရောင် ခြငေ်္သ့ကို ဖုန်အဖြစ် ပြောင်းလဲစေလိုက်ကာ သူ့ရဲ့နှုတ်ခမ်းနားက သွေးကို သုတ်လိုက်သည်။ တစ္ဆယ္ကီလိုမီတာ ကွာဝေးသည့် နေရာတွင်တော့ အုတ်အော်သောင်းနင်း ဖြစ်နေခဲ့၏။
ကြီးမားသည့် အက်ရာတွေက ရှိနေခဲ့ကာ ထိုနေရာတစ်ခုလုံး ဖ်က္စီးခံထားရပုံ ရသည်။ အနက်ရောင်ကြေးခွံနက်ကြီးက ပထမအဆင့် ခန္ဓာကိုယ်နတ်စွမ်းအင်ကို ပိုင်ဆိုင်တဲ့ တစ်ဦးထဲသော အကောင်ဖြစ်သည်။ သို့သော် သူ့ရဲ့စွမ်းအင်က အလင်းဝင်ပေါက် အခုတစ်ရာ့နှစ်ဆယ်တောင် ဖွင့်ထားသည့် အဆင့် ဖြစ်နေခဲ့သည်။
ဒီတစ်ရက်အတွင်းတွင်တော့ ဒီကောင်က အစွမ်းထက်ဆုံးဖြစ်ပေ၏။ သူ့ရဲ့အရှိန်နှုန်းကလည်း သူနဲ့သိပ်ကွာခြားမှု ရှိမနေခဲ့ပေ။
လုဇြီက ရုတ်တရက် မနေ့က တော်တော်များများ သေသွားခဲ့တဲ့ ခေါင်းဆောင်တွေ အကြောင်း သတိရလိုက်သည်။ ဒါက အကြောင်းပြချက်များ ဖြစ်နေမလား။ လုဇြီက အမျိုးစုံ စဉ်းစားနေလေရင်း အလင်းလုံးတွေကို ကောက်လိုက်သည်။
ထိုအခိုက် ကောင်းကင်က မဲမှောင်သွား၏။ လုဇွီကကောင်းကင်ကို ကြည့်လိုက်သည်။ ခေါင်းဆောင်အချို့က ကောင်းကင်ကိုဖြတ်သန်းသွားတယ်ဆိုတာကိုသိလိုက်သည်။ အာ သူသေဖို့ အသင့် ဖြစ်နေပါပြီ။
သို့ရာတွင် ကောင်းကင်က သူ့ဘာသာသူ မဲမှောင်သွားခြင်း ဖြစ်နေပုံရလေတော့ လုဇြီ စိတ်ရှုပ်သွားရ၏။ ဒါက ညတောင် မရောက်သေးဘူး မဟုတ္လား။ ထိုအခိုက် ရွှေရောင်အလင်းတွေက ကောင်းကင်မှ ကျဆင်းလာခဲ့သည်။
ကောင်းကင်နဲ့ မြေကြီးကို ထိုရွှေရောင် အလင်းတွေက ဆက္ထားသလား ထင်ရလာ၏။ ထို့နောက် ပြင်းထန်တဲ့ ချီစွမ်းအင်တွေက ဖြတ်သန်းသွားခဲ့ကာ သားရဲမျိုးစုံက စတင် ဟိန်းဟောက်ကြတော့သည်။
ဘာတွေ ဖြစ်ကုန်တာလဲ။ ရုတ်တရက် လုဇွီရဲ့အမြင်အာရုံက မဲမှောင်သွားခဲ့ရသည်။ သူမျက်လုံးပြန်ဖွင့်သည့် အချိန်တွင်တော့ အပြင်သို့ ရောက်နေခဲ့ပြီ။ လုဇွီအိပ်ရာမှ ထထိုင်ကာ နားမလည်သော အမူအရာနဲ့ ရှိနေခဲ့ပါ၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now