အခန်း297

121 19 0
                                    

အပိုင်း ၂၉၇ မင်းမှာ ငါ ရှိပါတယ်

လေ့ကျင့်ရေးကွင်းထဲတွင် လုဇွီနဲ့လုလီတို့က မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြပေသည်။ လုဇြီက လုလီကို ပြုံးပြလိုက်သည်။
ကောင်းပြီ စေတာ့

ထိုနယ်မြေတစ်ခုလုံးက မှောင်နေခဲ့ပေမယ့် လုဇြီလို သိုင်းပညာ၇ှုင်ကိုတော့ သက်ရောက်မှု မ၇ှိပါပေ။စိတ်စွမ်းအင် မ၇ှိရင်တောင်မှ အမှောင်ထဲတွင် အရာရာကို သူက မြင်နိုင်စွမ်း ရှိသေးပေသည်။ ထိုအခိုက် လုလီက ပြုံးလာသည်။

အကို ငါ တိုက်ခိုက်တော့မယ်နော်

ထို့နောက် လုလီက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ လုဇြီ အံ့သြသွားရ၏။ သူ့ရဲ့အမြင်အာရုံနဲ့တောင်မှ သူမ ဘယ်ကိုရောက်သွားမှန်း သူ မသိလိုက်ပေ။ သူ စိတ်၀င်စားသွားရ၏။ အမှောင်စွမ်းအားက အတော်စိတ်၀င်စားဖို့ ကောင်းသည်ပဲ။

ရုတ်တရက် လက်ဖြူတစ်ဘက်က အမှောင်ထဲမှ ထိုးထွက်လာခဲ့သည်။ အနက်ရောင် မြူတွေနဲ့ လွှမ်းနေခဲ့ကာ လုဇြီရဲ့ ကျောအား ချိန်ရွယ်လာခဲ့၏။

လုဇြီက လှည့်လာခဲ့ကာ လက္ကို ရိုက်လိုက်သည်။
လီ မင်းရဲ့ချီက ပေါ်နေသေးတယ်

ဟမ့်

ထို့နောက် အမှောင်ထုက သိပ်သည်းသထက် သိပ်သည်းလာခဲ့သည်။ ကြယ်အလင်းကိုတောင် ဖုံးသြားခဲ့၏။ လုဇြီက ပတ်၀န်းကျင်ကို ကြည့်ကာ အတော်လေး စိတ်၀င်စားလာခဲ့သည်။ သူမရဲ့ နတ်သိုင်းက မဆိုးဘူးပဲ။

ထိုအခိုက် မြူနက်တို့က အမှောင်ထုထဲ တောက်ပလာခဲ့ကာ လုဇြီဆီ ဦးတည်လာခဲ့သည်။ လုဇြီက ခြေဖျားထောက်လိုက်ကာ နက်နဲသိုင်း စစ်သည် အဆင့် စွမ်းအား၊အ၇ှိန်တို့ကို သုံးပြီး ေ၇ှာင်လိုက်ခဲ့လေသည်။

အမှောင်ထုက လုဇွီရဲ့ရန်သူဖြစ်လာခဲ့သည်။ သူက ရွှံ့ထဲ မြုပ်နေသလို ထင်ရလာသည်။ သူ ဘယ္လိုလ ှုပ်ရှား၊လှုပ်၇ှား အမှောင်ထုက ကပ်ပါနေ၏။ မြူထုက မြှားတွေအဖြစ် ပြောင်းကာ သူ့အား အဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။ သို့သော် လုဇြီရဲ့ တိုက်ခိုက်မှုကလည်း မဆိုးရှာပေ။ သူက ပုံမှန်အတိုင်း ေ၇ှာင်နိုင်နေခဲ့ပေ၏။ ထိုအခိုက် လုဇြီက မေးလိုက်သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now