အပိုင်း ၂၉၃ အိပ်ပျော်နေတဲ့ ယင်ယင်
လုဇွီနဲ့ လင်းလင်တို့ ဘူတာရုံသို့ ရောက်လာသည်။ သူတို့ သငေ်္ဘာထွက်မည့် အချိန်စာရင်းကို တစ်ချက် ကြည့်လိုက်သည်။ လွန်းထည်စနစ်သို့ သွားမည့် အေစာဆုံး သငေ်္ဘာက နောက် နာရီ၀က်နေရင် ထွက်မည်ဖြစ်သည။ ဒါက သာမန် သငေ်္ဘာဖြစ်ရာ ဈေးနှုန်းက မကြီးပေ။
သူတို့နှစ်ယောက်က ကိုယ်ပိုင် သီးသန့်ခန်း တစ်ခန်းရဲ့ လက်မှတ်ကိုသာ ၀ယ်လိုက်ခဲ့သည်။
သငေ်္ဘာပေါ် တက္ကာ သူတို့တွေ အခန်းထဲ ၀င်လိုက်ကြသည်။ အခန်းက သိပ်မကြီးပေ။ အိပ်စင် နှစ်ထပ်ပါကာ ဆိုဖာနဲ့ တီဗွီလည်း ပါသေးပေသည်။လုဇြီက ဆိုဖာပေါ် ထိုင်နေတဲ့ အချိန် လင်းလင်က အိပ်ယာပေါ် ထိုင်နေလေသည်။
နာ၇ီ၀က်လောက်တော့ ကြာလိမ့်မယ်၊ အရင်ဆုံး လန်ကျန်းမှာ ရပ်လိမ့်မယ်။မင်း ငါ့အိမ် မလိုက်မှာ သေချာပြီလား၊ ငါ မင်းကို အဲလစ်နဲ့ မိတ်ဆက်ပေးမယ်လေ
လုဇြီက ဖိတ်လိုက်သည်။ မည်သို့ပင်ဆိုစေ လင်းလင်က သူ့ အကောင်းဆုံး သူငယ်ချင်း တစ်ယောက် မဟုတ္လား။လင်းလင်က မ်က္လုံးသာ လှန်သည်။
မလိုက်ပါဘူးထိုအခိုက် လင်းလင်ရဲ့ ဖုန်းက မြည်လာသည်။ လင်းလင် ကောက်ကြည့်ပြီး လန့်သွားရ၏။
အစ္မ ကျင်းပဲသူမက ဖန်သားပြင်ကို ဖွင့်လိုက်တဲ့အခါ နန်ကုန်းကျင်းရဲ့ ခေါင်းပိုင်းက ပေါ်လာသည်။
လုဇြီ လင်းလင် ငါ.သူမက တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်ပေမယ့် တဖက္က ပတ်၀န်းကျင် အခြေအနေကို သတိထားမိသွားခဲ့သည်။ သူမရဲ့ အမူအယာက တောင့်တင်းသွားခဲ့၏။ သူမ လုဇွီနဲ့ လင်းလင်ကို ထူးဆန်းသလို ကြည့်သည်။ ထို့နောက် ပြော၏။
နင်တို့တွေ ကိုယ်လက် လှုပ်၇ှားတဲ့ လေ့ကျင့်ခန်း လုပ်နေကြတာလား၊ ဆက်လုပ်နော် ငါ မနှောင့်ယှက်တော့ဘူး
ထို့နောက် နန်ကုန်းကျင်းက ဖုန်းချသွားခဲ့သည်။လုဇြီ:.
လင်းလင်:
လေ့ကျင့်ခန်းဆိုတာက ဘာကို ဆိုလိုတာလဲ။ ထိုအချိန်မှ ပတ်၀န်းကျင်က နည်းနည်း တစ်မျိုးဖြစ်နေတာကို သူတို့ သတိထားမိလိုက်ကြသည်။