အခန်း220

182 26 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၂၀ ကိုယ့်စွမ်းအား ကိုယ် ပြန်ကြောက်ခြင်း

အနက်ရောင် သလင်းလုံးက အနက်ရောင် အလင်းတန်းအဖြစ်ပြောင်းကာ လုဇွီရဲ့ကိုယ်နှင့် ပေါင်းစပ်သွားခဲ့သည်။ ထိုအနက်ရောင် အလင်းတွေက သူ့ရဲ့အရေပြား၊ အသား၊ အရွတ်၊ အရိုးနဲ့ အင်္ဂါတွေအထိ ပြန့်နှံ့သည်။ ထိုသည်က မရေမတွက်နိုင်သော အပ်ပေါင်းများစွာက သူ့ရဲ့ ခန္ဓာကိုယ် ထောင့်ပေါင်းစုံမှ ၀င်ရောက်လာတာနဲ့ တူသည်။

လုဇြီ မျက်မှောင်ကြုတ်လိုက်ကာ ခရမ်းရောင် အလင်းလုံးတစ်လုံး ထုတ်သုံးလိုက်သည်။ ခရမ်းရောင် အလင်းတွေလက်လာကာ သူ့ရဲ့စိတ်က ကြည်လင်လာသည်။ သို့ရာတွင် နာကျင်မှုက ရှိနေဆဲဖြစ်၏။

ကံကောင်းတာက သူက သေတာနဲ့ နာတာကို အကျင့်ဖြစ်နေခဲ့တာပဲ။နာကျင်မှုကို တောင့်ခံနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ဒါက နာတယ်ဆိုရုံလောက်လေးပါပဲ။

ထို့နောက် သူက နတ်သိုင်းကို သင်ယူသည့်နေရာတွင် စိတ္ကို နစ်မြုပ်လိုက်တော့သည်။ သလင်းလုံးက ကြီးမားလေရာ များပြားလှသော နတ်သိုင်း အချက်အလက်တွေပါ၀င်လေသည်။

သူက ခရမ်းရောင်အလင်းလုံးကို သုံးခဲ့လေတော့ နတ်သိုင်းရဲ့ အချက်အလက်ပေါင်း မ်ားစြာကို ဖမ်းဆုပ်နိုင်ခဲ့သည်။ လုဇြီက မည်းမှောင်နေသည့် အခန်းတွင်းတွင် တင်ပလ္လင်ခွေ ထိုင်နေခဲ့သည်။ သူ့ကိုယ်မှ သတၳုနက်ရောင်အလင်းတွေ ထွက်နေ၏။

အချိန်မည်မျှ ကုန်ဆုံးသည်ပင် မသိတော့သော အချိန်တွင် လုဇွီရဲ့နာကျင်မှုတွေက ပျောက်ဆုံးသွားခဲ့လေပြီ။ သူသည်လည်း နတ်သိုင်းရဲ့ အချက်အလက်ပေါင်းများစွာကို နားလည် တတ်ကျွမ်းနေပြီဖြစ်၏။

လုဇြီ မ်က္လုံး ဖွင့်လိုက်သည်။ အနက်ရောင် မျက်၀န်းမှ သတၳုရောင်အလင်းက လက်နေသည်။ သူ့ကိုယ်က မပြောင်းလဲသွားပေမယ့် လူတွေကို သူ့ဆီမှ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းသော ချီကို ခံစားရစေသည်။ သူက ကျားကြီးတစ်ကောင်နဲ့ တူလာသည်။

အနာဂတ်ခရီးသည် ဒုတိယတြဲDove le storie prendono vita. Scoprilo ora