အခန်း203

212 30 1
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၀၃ နန်ကုန်းကျင်းထက် ပိုဆိုးတယ်.

ဗီဒီယိုကလစ်မှ မြင်ကွင်းကို မြင်ပြီးနောက် လုဇွီရဲ့စိတ်အခြေအနေက မကောင်းတော့ပေ။

ဒါ ၀င်ခွင့်စစ်ဆေးခြင်းတုန်းက ဗီဒီယိုကြီးမဟုတ်လား

ဘယ် မျိုးမစစ်က ဒါကို တင်လိုက်တာလဲ.

လူတိုင်းရဲ့ ထူးဆန်းတဲ့အကြည့်တွေက သူ့ဆီရောက်နေတာကို ခံစားမိတော့ လုဇွီရဲ့စိတ်အခြေအနေက ပိုဆိုးလာခဲ့သည်။

သူ အရမ်းတုံးလွန်းသွားတာ

အဲလစ္ကို အရသာရှိတာတွေ ပြန်ယူသွားပေးချင်နေတာပဲ သိနေတော့ တိုက်၇ိုက်ထုတ်လွှင့်နေတယ်ဆိုတာကို မေ့သွားခဲ့တာ.

လုဇြီ အသက်မဲ့သလိုဖြစ်သွားသည်။

ဗဟိုအစိုးရက လူတွေဘယ်လောက်များများ ဒီဗီဒီယိုကို တွေ့သွားကြပြီးပြီလဲ.

သူက အစားအေသာက္ကို အရမ်းချစ်မြတ်နိုးတတ်တဲ့သူမျိုးဆိုတာကို လူတွေ သိသွားကြပြီလား

လင်းလင်လည်း ဒါကိုကြည့်ဖူးပေမယ့် ထပ်ကြည့်ရပြန်တော့လည်း ထပ်ရယ်ရပြန်တယ်။

သူမရဲ့ပခုံးတွေက တသိမ့်သိမ့်ပင် တုန်လာစေတဲ့အထိ သူမက ရယ်နေကာ အခြားသူတွေပါ ဝိုင်းရယ်လာကြတော့သည်။

လုဇြီ ထိုသူတွေကို ဆွံ့အစွာကြည့်လိုက်သည်။

ရယ်ရတယ်ပေါ့ ရယ်ကြ ဆက်ရယ်ကြ။ နောက်ခါဆိုရင် မင်းတို့ကို အရသာရှိတာတွေ ဘာမွ မကျေွးတော့ဘူး

သူက သူတို့ကို အဲလစ်ရဲ့စားစရာတွေ ကျေွးခဲ့ဖူးတယ်လေ

ဒါကို အခုလို ရယ္စရာလား

ရွှမ်းယွီချီဆိုတာက ရေခဲအလှလေးမဟုတ်ဘူးလား ဘာကိစ္စ သူမကပါ ရယ်နေရတာလဲ

လန်းသည်လည်း ရှက်ရွံ့စွာရယ်နေသည်။ သူက တစ်စုံတစ်ရာကို တွေးမိပုံရကာ ပြောလာသည်။

လုဇြီသာ လူငယ်မှူးမတ်ဖြစ်သွားရင် ဘယ္လို ဘွဲ့ပေးမလဲဆိုပြီး လူတွေ တွေးနေလောက်တယ်။ ဇြီ့ကို လူငယ်မှူးမတ်တစ်ယောက်လို့ သတ်မှတ်လို့ရနေပြီမဟုတ်လား

အနာဂတ်ခရီးသည် ဒုတိယတြဲDonde viven las historias. Descúbrelo ahora