အခန်း253

164 23 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၅၃ ကေလး ပြန်ပေးဆွဲ သမားအဖြစ် အထင်မှားခြင်း
လုဇြီက ငွေရောင်ဆံပင်နဲ့ ယင်ယင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့ရဲ့အကြည့်တွေကို လင်းလင်ဆီ ပြန်ရွှေ့လိုက်၏။ လင်းလင်ကလည်း သူ့ကို ပြန်ကြည့်နေခဲ့သည်။
ဒီကေလးမေလးရဲ့ပုံစံက ချစ်စဖွယ်ကောင်းလှကာ လုဇွီနဲ့ လင်းလင်တို့ဟာလည်း သူမဆီက မည်သည့် အရှိန်အဝါနဲ့ နတ်ဆိုးဆန်တဲ့ ခံစားခ်က္ကိုမွ မရေပ။ ဒ့ါအပြင် ။
လုဇြီက လင်းလင်ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသည့် ယင်ယင်ကို ကြည့်ကာ ခပ်ညစ်ညစ် ပြုံးလိုက်သည်။ ဒီကေလးမေလးက သာမန် ကေလးမေလးပဲ ဖြစ်လောက်မှာပါ။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီး အစ်မကြီးတွေကို သဘောကျနေတာလဲ။
ထို့နောက် လင်းလင်က ယင်ယင့်ကို ပြုံးကာ မေးလိုက်သည်။
ညီမေလး ဒီမွာ ဘာလုပ်နေတာလဲ
လင်းလင်က အခေါ်အဝေါ်ပင် ပြောင်းလိုက်၏။
ယင်ယင်က ခေါင်းမော့ကာ မပြောင်းလဲတဲ့ လေသံနဲ့ ပြောသည်။
ယင်ယင်
လင်းလင် အနည်းငယ်တော့ ကြောင်သွားခဲ့သည်။ ယင်ယင်က သူမ နာမည်ကို ထပ်ပြောတာကို ကြားလိုက်ရသည် မဟုတ္လား။
အစ်မကြီး သမီးကို ယင်ယင်လို့ ခေါ်လို့ရပါတယ်
လင်းလင်ရဲ့မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာသည်။ ထို့နောက် သူမက ယင်ယင်ရဲ့ခေါင်းကို ပုတ်ပေးကာ ပြောလိုက်၏။
ဒါဆိုလည်း ယင်ယင်လေး ဒီမွာ ဘာလာလုပ်နေတာလဲ လမ်းပျောက်လာတာလား
ယင်ယင်က ခေါင်းခါကာ တည့်တည့်ရပ်သည်။ ထို့နောက် သူမရဲ့လက်တွေကို ခါးတွင် ထားကာ မျက်နှာသေလေးနဲ့ပြောပြန်၏။
သမီး ထင်ထင့်ကို လာရွာတာပါ ။သမီးတို့ ကျောင်းအတူသွားကြမှာလေ သမီးက အခုမွ အိပ်ယာနိုးလာလို့
ထင်ထင် ဟုတ္လား
လုဇွီနဲ့ လင်းလင်တို့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ အဆုံးတွင်တော့ လင်းလင်က ပြုံးကာ ထပ်မေးလိုက်ရ၏။
ယင်ယင် ထင်ထင်က ဘယ္သူလဲ
ထင်ထင်က သမီးရဲ့သူငယ်ချင်းပါ ။ထင်ထင်က သမီးကို ကစားဖို့ ခေါ်လာခဲ့တာ
ထင်ထင်လို့ ခေါ်တဲ့ လေသံတွင် ထိုငွေရောင်ဆံပင်နဲ့ ကေလးမေလးရဲ့ မျက်နှာတွင် တက်ကြွတဲ့ အမူအရာပေါ်လာခဲ့သည်။ သူမေလးရဲ့ မျက်လုံးပြာတွေတွင် အလင်းရောင်တွေ လက်လာခဲ့လေ၏။ လေသံကလည်း အနည်းငယ် မြန်သွားခဲ့သည်။
သူတို့နားထောင်လေလေ လုဇွီနဲ့ လင်းလင်တို့ စိတ်ရှုပ်လာလေလေ ဖြစ်သည်။ ဘယ်လိုဖြစ်ပြီး ဒီလိုကေလးမေလးကို သူတို့ရဲ့ကျောင်းကို သူငယ်ချင်းက အတန်းအတူတူတက်ဖို့ ခေါ်လညရမှာလဲ။ ဒါက ဗဟို အစိုးရ တက္ကသိုလ်လေ။ နေပါအုံး သူတို့က ဗဟိုအစိုးရ တက္ကသိုလ်မှာရော ရှိနေတာ ဟုတ်ရဲ့လား။
ကလေးမလေးရဲ့အကြည့်တွေကို ပြန်ကြည့်ရင်း သူမေလးက မူလတန်း ကျောင်းသူလေးသာ ဖြစ်သင့်တယ်လို့ ခံစားလာရပြန်သည်။ခဏလေး နေပါအုံး။
လုဇွီနဲ့ လင်းလင်တို့ တစ်စုံတစ်ရာကို တွေးလိုက်မိ၏။ ဒီကေလးမေလးက ဆရာ၊ဆရာမေတြသမီး ဒါမွမဟုတ္ညီမေတြ မဟုတ္ဘူးလို့ ဆိုလိုတာလား။ သူမ သူငယ်ချင်းနဲ့ ကျောင်းသွားဖို့ ထွက်လာတယ်ဆိုတော့ ။
သူတို့ရဲ့မျက်လုံးထဲတွင် ပြဿနာရဲ့အရင်းအမြစ်ကို တွေ့သွားသလိုမျိုး အလင်းရောင်တွေလည်း လက်လာခဲ့သည်။ ဒီကေလးမေလးက နတ်သမီးဂြိုလ်ကို လာတာလား။
လုဇွီရဲ့မျက်နှာတွင် ညင်သာတဲ့ အပြုံး ပေါ်လာကာ ယင်ယင့်ကို ကြည့်လိုက်သည်။
ယင်ယင်လေး ဒီကို ဘယ္လိုလာတာလဲ
ယင်ယင်က ခေါင်းလှည့်ကာ လုဇြီကို ကြည့်သည်။ ထို့နောက် အရူးတစ်ယောက်က မေးခွန်း မေးသလာသလိုပြောလိုက်၏။
လာချင်လို့ လာတာလေ
လာချင်လို့။
လုဇြီ နှလုံး ဆောင့်ခုန်သွားသလိုမျိုး ဖြစ်သွားခဲ့ကာ မနည်း စိတ်ငြိမ်အောင် ပြန်ထိန်းရင်း မေးလိုက်ရ၏။
ဒီကို ဘယ္သူက ခေါ်လာတာလဲ။ မိဘတွေနဲ့အတူ လာတာလား
ယင်ယင်က ထိုမေးခွန်းကို ကြားတော့ အေတြးနက္သြားပုံ ရသည်။ အဆုံးတွင်တော့ သူမက မျက်လုံးပြူးသွားကာ လုဇြီကို သတိ အနေအထားနဲ့ ကြည့်သည်။ တစ်ချိန်တည်းတွင်ပင် သူမက ခြေလှမ်း တစ်လှမ်း နောက်ဆုတ်လိုက်ကာ ပြောသေး၏။
ထင်ထင်ပြောတဲ့ ကလေးတွေကို ပြန်ပေးဆွဲတဲ့သူဆိုတာ နင်မဟုတ်လား ။ဒဏ္ဏာရီထဲက မေးခွန်းလိုမျိုး ကလေးတွေကို မိဘေတြ အနားမွာ မရှိဘူးလားဆိုပြီး လာမေးနေတယ်လေ
လုဇြီ
လင်းလင်: ကေလး ပြန်ပေးဆွဲသမား ဟုတ္လား
လုဇြီက ယင်ယင်ရဲ့ ကြည်လင်နေတဲ့ အပြာရောင် မျက်ဝန်းတွေကို ကြည့်ကာ သူ့ရင်ဘက်က အောင့်တက်လာသလို ခံစားလာရသည်။ ငါ လုဇြီက ခန့်ညားချောမောတယ်၊ ပါရမီ ကောင်းတယ်၊ စိတ်ကူးယဉ်ဆန်ဆန်လည်း  ချစ်တတ်ပါသေးတယ်။ ဒီလိုမျိုး ထူးချွန်ပြီး ပြီးပြည့်စုံတဲ့ သူမျိုးက ကေလးမေလး တစ်ယောက်ရဲ့ ကေလး ပြန်ပေးဆွဲသမားနဲ့ အမှားခံရတယ်တဲ့လား။ သူ သေချင်သွားပြီ။
လုဇြီ ချက်ချင်း ပြန်ဖြေလိုက်၏။
ငါက ဒီက ကျောင်းသားပဲ
သူမက သာမန် မဟုတ္ဘူးဆိုတာ သိသာနေမှတော့ သူ ဖြေရှင်းရမှာပေါ့။ သူမက အရေးကြီးတဲ့ တစ်စုံတစ်ယောက် ဖြစ်နေရင် ဘယ္လိုလုပ္မလဲ။
တကယ္လား
တကယ်ပေါ့
ကောင်းပြီလေ
လုဇြီ:..
လင်းလင်:..
သူ့ကို ဒီလိုနဲ့ ယုံလိုက်ရောလား။ သူတို့နှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဘယ္သူသိမွာလဲ သူ့ရှေ့က ဒီကေလးမေလးက တကယ့် ကလေးမငယ်လေး ဖြစ်နေနိုင်တာပဲ။ ဘယ္သူသိမွာလဲ ထင်ထင်လို့ ခေါ်တဲ့ ကေလးမေလး တကယ် ရောက်လာပြီး ကျောင်းသွားဖို့လည်း လာခေါ်နိုင်တာပဲ။
ဒါပေမယ့် ဒီနားမွာ မူကြိုကျောင်းတွေ ရွိလို့လား။ လုဇြီ မတွေးတတ်တော့ချေ။ ထိုအခိုက် ယင်ယင်က ရုတ်တရက် မေးလာသည်။
အစ်မတို့တွေ ထင်ထင့်ကို တွေ့မိကြသေးလား
လုဇွီနဲ့ လင်းလင်တို့ ကြောင်သွားကြသည်။ လင်းလင်က ယင်ယင့် ပခုံးကို ပုတ္ကာ ပြောလိုက်သည်။
ထင်ထင်က ဘယ္လိုပုံရွိလဲ အစ္မက လိုက်ရှာပေးမယ်လေ
သူတို့ မကူညီလည်း ရပေမယ့် ယင်ယင်လေးက သိပ္ကို ခ်စ္ဖို့ ကောင်းနေခဲ့သည်။ လင်းလင်အဖို့ အလိုလို ကာကွယ်ပေးချင်စိတ်တို့ ပြည့်လာခဲ့ရပေသည်။ ယင်ယင်က ဘေးဘက်ကို အတန်ငယ်စောင်းကာ တိတ်သွားသည်။ ခဏေနမွ မျက်နှာသေနဲ့ ပြော၏။
ထင်ထင်က ဒီလိုပုံမျိုးပဲ
သူမက လက္ကို အသာ ရမ်းလိုက်သည်။သူတို့ရှိနေခဲ့သည့် နေရာနှင့် ၁၀မီတာ အတွင်းတွင် ပြောင်းလဲမှုတွေဖြစ်လာတော့သည်။ ပတ်ဝန်းကျင်က မည်းမှောင်သွားကာ နေလည်း ပျောက်သွားသည်။ ထို့နောက် ကြယ်တွေ ထွက်ပေါ်လာကာ အလင်းတွေက အချင်းချင်း ဆက်သွားလေသည်။ ထို့နောက် ပတ်ဝန်းကျင်ကို သံကြိုးတွေနဲ့ ဆက်သွယ် ကာရံထားသည့် ဥယျာဉ်ငယ်လေး တစ္ခု ပေါ်လာခဲ့သည်။
ငွေရောင်ဆံပင်နဲ့ ယင်ယင်က ပန်းရောင် ဝတ်စုံလေးကိုသာ ဝတ္ထားကာ ဒူးလေးပိုက်ရင်း ထိုင်နေသည်။ သူမက မျက်နှာသေနဲ့သာ ဒန်းပေါ် ထိုင်နေ၏။ သို့သော် သူမရဲ့ ကျောဘက်တွင် ဆံပင် နှစ်ဘက် ခွဲစီးထားသည့် ကေလးမေလး တစ်ယောက်ကို တွေ့ရပေသည်။ ထိုကေလးမေလးက မျက်နှာဝိုင်းကာ တောက်ပတဲ့ အပြုံးကို ပိုင်ထားသည်။ သူမေလးက ဒန်းကို တွန်းနေပေသည်။
မြင်ကွင်းတစ်ခုလုံးက ထိုကေလးမေလးရဲ့ ရယ်သံတွေနဲ့ ပြည့်နေခဲ့ပေသည်။ ကြယ်အလင်းတွေ အောက်က ထိုပုံရိပ္ကို လင်းလင်နဲ့ လုဇြီတို့ မင်သက်စွာ စိုက်ကြည့်နေခဲ့ပေသည်။ သူတို့ အတော်လေး အံ့အား သင့်နေရ၏။ ဒီကေလးမေလးက သာမန်မဟုတ်မှန်းတော့ သိပေမယ့် ဒီလောက်အထိတော့ မထင်ထားကြပေ။
သူမေလးက လက်လေး ရမ်းရုံနဲ့ သူတို့ ဘေးက နေရောင်က ပျောက်ပြီး ကြယ်ရောင်နဲ့တောင် ပုံရိပ်တွေ ဖော်နိုင်တယ်လား။ ဒါ့အပြင် သူမရဲ့ လှုပ်ရှားမှုတိုင်းက ကလေးတစ်ယောက်နဲ့လည်း တူလွန်းနေသည်လေ။ ဘာလို့ ဒီလို ကေလးမေလးမွာ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားရတာလဲ။
လုဇွီနဲ့ လင်းလင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ဒါက နဂါးငွေ့တန်း အဆင့် နတ်စွမ်းအင် နိုးထ လာခဲ့တာမျိုးများလား။ဒီကလေးမလေးက ဘယ်နှနှစ်လောက် ကျင့်ကြံရသေးလို့လဲ။
ဒါမှမဟုတ်။ ဒီကေလးမက လူ မဟုတ္တာပဲ ဖြစ်မယ်။
ယင်ယင်ပြောတဲ့ သူမ မိသားစုက ကြယ်တွေဆိုတာကို သူတို့ ပြန် သတိရလိုက် ကြသည်။ ဒီကေလးမေလးကို ကြည့်နေရင်း သူတို့ ရူးသွားတော့မယ်လို့ ခံစားနေရ၏။
သို့ပေမယ့် မဖြစ်နိုင်ပါပေ။
ဒဏ္႑ာရီထဲက ကြယ် ဝိဉာဉ်မျိုးစိတ်ဟာ ကြယ်အလင်းမှ တဆင့် မွေးဖွားလာကြောင်း ဆိုကြသည်။ မွေးဖွားပြီးနောက် နဂါးငွေ့တန်းအဆင့်ကို တန်းရောက်ကာ ငယ်စဉ်ကတည်းက နဂါးငွေ့တန်း အရှင်သခင်တွေ ဖြစ်တတ်ကြောင်း ဖော်ပြထားခဲ့ပေသည်။
ဒီကေလးမေလးက နဂါးငွေ့တန်း အဆင့်လား။ သူတို့ရဲ့ နှဖူးမှ ချေွးတွေ စီးကျလာခဲ့ပြီ။ ဒါက မွေးကတည်းက အစွမ်းထက်ဆုံး အဆင့်ကို တန်းရောက်တဲ့ ဖြစ်တည်မှုလေးပဲ။ နဂါးငွေ့တန်း အဆင့်တွေဟာ နဂါးငွေ့တန်း လမ်းကြောင်းကိုတောင်မှ အသာလေး ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြသည်။ သူတို့ရဲ့ လုပ်နိုင်စွမ်းက မနိမ့်ကျပါပေ။
မည်သို့ပင်ဆိုစေ ဒီကေလးမေလးက လူသားနဲ့ သိပ္ကို တူလွန်းနေခဲ့ပေသည်။ လုဇွီနဲ့ လင်းလင်တို့အဖို့ ဒဏ္႑ာရီထဲက ကြယ်ဝိဉာဉ် မျိုးစိတ်ကို အခုလိုမျိုး တွေ့ရလိမ့်မယ်လို့ မထင်ခဲ့မိပေ။ ဒါပေမယ့် အခုလိုမျိုး လူသားတွေနဲ့တော့ တူမနေသင့်ဘူးလေ ဟုတ်ပြီလား။
ဒါ့အပြင် ကြယ်ဝိဉာဉ် မျိုးစိတ်တွေရဲ့ လူဦးရေဟာ နည်းပါးလွန်းပေသည်။ နဂါးငွေ့တန်း တစ်လျှောက်တွင်မှ ၁၀၀၀၀ထက်ပင် နည်းပါးသေးပေသည်။ နဂါးငွေ့တန်း နယ်မြေကား ကျယ်ပြောလှရာ သူတို့အနေနဲ့ ကြယ် ဝိဉာဉ် မျိုးစိတ်နဲ့ တွေ့ဆုံဖို့ အခွင့်အရေးက မရှိနိုင်ပေ။ဒီတော့ သူမေလးက နတ်စွမ်းအင် နိုးထနိုင်ခဲ့တာလည်း ဖြစ်နိုင်တာပဲ။ အဲလစ်လည်း ဒီလိုမျိုး ဖြစ်ခဲ့တာပဲလေ။ မိဘတွေကိစ္စက ကေလးပီပီ စိတ်ထဲရှိရာ လျှောက်ပြောတာလည်း ဖြစ်နေနိုင်တာပဲ။ ထိုသို့တွေးမိစဉ် ကေလးမေလးက မော့ကြည့်လာကာ ပြောလာခဲ့သည်။
အစ်မကြီး ထင်ထင့်ကို တွေ့ပြီလားဟင်
ကေလးမေလးက သူ့အဖော်ကိုသာ ၇ှာချင်နေပုံရပေသည်။ သူတို့ သက်ပြင်း ချလိုက်မိကြသည်။ ကေလးမေလးက ခ်စ္ဖို့ ကောင်းလွန်းတယ်၊ အန္တရာယ်လို့ မြင်ဖို့က မဖြစ်နိုင်ဘူး။ သူတို့နှစ်ယောက်လုံး ပုံရိပ်ထဲက ကေလးမေလးကို ကြည့်လိုက်ကြသည်။ ဆံပင်နှစ်ဘက် စီးထားသည့် ထိုကေလးမေလးက သိပ် ချစ်ဖို့ကောင်းပေမယ့် ယင်ယင့်ကိုတော့ မယှဉ်နိုင်ပေ။
သူတို့နှစ်ယောက် ခေါင်းသာ ခါလိုက်မိကြသည်။ လင်းလင်က စိတ်လှုပ်ရှားနေတဲ့ ယင်ယင့်ကို ကြည့်ကာ အနည်းငယ် ရှက်ရွံ့ကာ တောင်းပန်တဲ့ လေသံနဲ့ ပြောလိုက်သည်။
စိတ်မကောင်းပါဘူး ယင်ယင်လေးရယ်၊ မမက ဒီကေလးမေလးကို မတွေ့မိဘူးရယ်
လုဇွီလည်း ခေါင်းခါလိုက်သည်။ သူ ငြင်းမည်ပြင်စဉ် တစ်စုံတစ်ရာ ထူးခြားတာကို တွေ့လိုက်ရလေသည်။ ဥယျာဉ်ရဲ့ ဘေးလမ်းတွင် ကားပါကင် ထိုးထားတာကို တွေ့ရသည်။ လေးဘီး ကားကြီးတွေက လမ်းကို ဖြတ်သန်းနေ၏။ ဒီစက်ကြီးတွေကို ဗဟိုအစိုးရ မတိုင်မီခေတ်မှာပဲ အသုံးပြုကြတာ မဟုတ္လား။
ယင်ယင် သမီးတို့ရဲ့ ဒီဥယျာဉ်လေးကို ဘယ်လိုခေါ်လဲ သိလား
တည်နေရာကို မေးတာက အကောင်းဆုံး မဟုတ္လား။
ယင်ယင်က ပြန်စဉ်းစားနေပုံရသည်။ ထို့နောက် သူမက ဖြေသည်။
ထင်ထင်ကတော့ သမီးတို့က မြေကမ်ဘာမှ ာေ နတယ္လို့ ပြောတယ်။ "
လင်းလင်နဲ့ လုဇြီတို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိရပြန်ပြီ။လုဇွီက လင်းလင်ကို မေးလိုက်သည်။
လက်ရှိ မြေကမ်ဘာက အခုလို ပုံစံလား
လက်ရှိ မြေကမ်ဘာမှာ အခုလို ရှေးဟောင်း ကားကြီးတွေတော့ မရှိလောက်ဘူးလေ ဟုတ်တယ် မဟုတ္လား။ လင်းလင်လည်း မင်သက်နေခဲ့၏။ သူမ ငယ်ရွယ်စဉ်က မြေကမ်ဘာကို မကြာခဏ ရောက်ဖူးပေသည်။ သို့သော် အခုလိုမျိုး ကားတွေ ရှိတာမျိုးကိုတော့ သတိမရေခ်။
လုဇြီ: မြေကမ်ဘာမှာ ရှေးရိုးစွဲ နေရာတွေ ၇ှိလို့ နေမှာပေါ့
လင်းလင် ခေါင်းငြိမ့်လိုက်သည်။ မြေကမ်ဘာကား ကျယ်ပြောလွန်းလှရာ ထိုကဲ့သို့သော နေရာတွေ ရှိနိုင်ပေသည်။ သူတို့ အတွေးလွန်နေချိန်တွင် ကေလးမေလးက စိတ်ပျက် လက်ပျက် ပြောလာခဲ့သည်။
သမီး နိုးလာတော့ ထင်ထင့်ကိုရော ဒန်းကိုရော မတွေ့ရတော့ဘူး
လုဇြီတို့ မ်က္လုံး ပြူးရပြန်ပြီ။ သူမက နှစ်နှစ်ထောင်လောက် အိပ်နေလိုက်လို့လား။ ဒါမျိုးက လူသားတွေမှာ ဖြစ်တတ်လို့လား။ ဆက်တွေးလေလေ သူမေလးက ကြယ် ဝိဉာဉ် မျိုးစိတ် ဖြစ်နေနိုင်ကြောင်း  တွေးထင်မိလေလေ ဖြစ်လာသည်။ လင်းလင်က ပြုံးကာ ပြောလိုက်သည်။
ယင်ယင် ထင်ထင့်ကို ရွာဖို့ မမတို့ လူတွေ လိုက်ရှာရအောင်လေ။ ဒီတော့ ဗဟိုအစိုးရ တက္ကသိုလ်မှာ တစ်ရက်လောက်တော့ နေလိုက်နော်
ယင်ယင်က မေးသည်။
သမီးတို့ ထင်ထင့်ကို ရှာနိုင်မှာလား
ယင်ယင်လေးရဲ့ မျက်လုံးလေးတွေက ပြူးနေခဲ့ကာ ပိုလို့သာ ချစ်စဖွယ် ကောင်းနေခဲ့သည်။ လင်းလင် ရယ်လိုက်သည်။
မမ ကတိတော့ မပေးနိုင်ဘူး ညီမလေးရယ်။ ဒါပေမယ့် ဒီ့ထက် မြန်မြန် ပိုရှာနိုင်မယ့် နည်းကို သမီးရော စဉ်းစားမိလို့လား
ယင်ယင် ထိုစကားကို ကြားတော့ စိတ္ပ်က္စြာ ခေါင်းငုံ့သွားခဲ့သည်။ ဘေးက ကြည့်နေတဲ့ လုဇြီက ရင်နာလာရ၏။ ဒီကေလးမေလးက တကယ့် ဗုံးနော်။ လင်းလင်က ခေါ်ထားချင်နေတာလား။
သို့သော် ယင်ယင်လေးက သနားစရာ ကောင်းနေလေတော့ လုဇြီ မငြင်းနိုင်တော့ပေ။ ခ်စ္စရာ ကလေးမလေးတွေက လူတွေကို ကူညီချင်စိတ် ပေါက်အောင် တကယ် ဆွဲဆောင်နိုင်တယ်။ သူမက စွမ်းအားကြီးပေမယ့် သူမရဲ့ ပုံစံလေးက ကေလးမေလး ဖြစ်နေသည် မဟုတ္လား။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now