အခန်း251

185 22 0
                                    

အအနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၅၁ နတ်သူငယ် နဂါးငွေ့တန်း နယ်မြေ

အမဲလိုက် ကြားခံ နယ်မြေသို့ ရောက်သွားသည့်အခါ အပြင်ဘက်တွင် ရှိသည့်အချိန်က ရပ်တန့်သွားခဲ့သည်။ သို့သော် ပုံရိပ်ယောင် မြို့တော်တွင်တော့ အပြင်ဘက်က အချိန်တွေက ဆက်သွားနေခဲ့သည်။

လုဇြီက ပုံရိပ်ယောင် သိုင်းမြို့တော်မှ ထွက်လိုက်တဲ့အခါ နာရီပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။ သူစက္ကိရိယာ အခန်းတံခါးကို ဖွင့်လိုက်ရင်း အပြင်ကို ထွက်လိုက်သည်။

သူ ပင့်သက် ရှိုက်လိုက်သည်။သူ့မျက်နှာတွင် အပြုံးပေါ်လာ၏။
အကယ်ဒမီအမှတ် ငါးသိန်းခွဲလောက် တစ်ကြိမ်တည်းရတာက ဆိုးတော့ မဆိုးပါပေ။ ပထမေနရာကို ရတဲ့အတွက် လစဉ်ပုံမှန် အကယ္ဒမီ အမှတ်တွေလည်း ရနေအုံးမည် မဟုတ္လား။ ဘာပဲဖြစ်ဖြစ် သူ ပိုက္ဆံ အများကြီး ရှာလိုက်နိုင်တာပေါ့။

လုဇြီက အောက်ထပ်ကို ဆင်းလာကာ အခန်းထဲသို့ ပြန်ဝင်လိုက်သည်။ သူ့ ခေါင်းနောက်တွင် လက္ကို ခုရင်း အိပ်ယာပေါ်တွင် လှဲလိုက်၏။ ထို့နောက် ပြတင်းအပြင်ဘက်တွင် မြင်နေရသည့် ဝါးပင်တွေကို စိုက်ကြည့်နေလိုက်သည်။

သူ့ရဲ့မျက်လုံးတွေတွင် အလင်းရောင်တွေ လက်နေ၏။ သူ့ရဲ့ခွန်အားက တော်တော်လေးကို အားနည်းသေးတယ်လို့ ခံစားနေရသည်။ တိုက်ခိုက်ရေး နတ်သိုင်းမျိုး သူ့တွင် လစ်လပ် နေသေး၏။

လက်ရှိအချိန်တွင် သူ့ရဲ့ခုခံအားနဲ့ အမြန်နှုန်းက ကောင်းမွန်လွန်း နေခဲ့ပြီ။ သို့သော် တိုက်ခိုက်စွမ်းအားကတော့ နည်းပါးလွန်းနေ၏။ သူ့ရဲ့နတ် စွမ်းအင်တွေကိုသာ အချိန်တိုင်း မှီခိုနေရပေသည်။ ထိုသည်က စွမ်းအင်များစွာ ကုန်ဆုံးစေကာ သက်ရောက်မှုလည်း နည်းပါးနေပေ၏။

လုဇွီတွင်သာ တိုက်ခိုက်ရေး နတ်သိုင်းတစ်ခုခုသာ ရှိနေမယ်ဆိုပါက သူ့ရဲ့စွမ်းအားတွေက အရှိန်နှုန်း မြင့်သွားမည်မှာ သေချာပေသည်။ ကံဆိုးတာက သူ့တွင် အကယ္ဒမီ အမှတ် မလုံလောက်တော့ပေ။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now