အခန်း204

202 27 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၀၄ ရွှေရောင်နေ

အဆုံးတွင်တော့ လုဇြီ လျှပ်စီးသလင်းလုံးကိုသာ ရွေးချယ်လိုက်တော့သည်။

လျှပ်စစ်စွမ်းအားက ပိုစိတ်၀င်စားဖို့ကောင်းတယ်။

သူအရမ်းသိချင်လာပြီ။

သူ့ရဲ့စိတ်စွမ်းအင်ကို အသုံးပြုလိုက်သည်။ ထိုအခါ လျှပ်စီးအလင်းလုံးက ပျောက်ကွယ်သွားခဲ့သည်။

ကံအားလျော်စွာ အင်အားကြီးမားတဲ့စွမ်းအင်တို့က လုဇွီ့ကိုယ်ထဲ ထိုးထွက်လာခဲ့သည်။

စွမ်းအင်တွေက လုဇြီကိုယ္ကို ၀န်းရံလာခဲ့၏။ သူ့ရဲ့ဆဲလ်တွေထဲ လျှပ်စီးပွားတွေကိုပင် ခံစားမိလာသည်။

သူ့ရဲ့ကိုယ်က တုန်ယင်လာရ၏။ သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေက တုန်လှုပ်လာတော့သည်။ အသက်ရှူ၇တာပင် ခက်ခဲလာ၏။

ရှင်သန်နေတဲ့ဆဲလ်တွေက မိုးကြိုးလျှပ်စီးတွေ ထိမွန္ခံရလို့ သေဆုံးလာခဲ့သည်။

သူ့ခန္ဓာပင် ထုံကျင်လာခဲ့ပြီ။ သို့သော် နာကျင်မှုကို ခံစားနေရဆဲဖြစ်သည်။ နှဖူးမှ ချေွးတွေလည်း စီးကျလာတော့၏။

သူ မျက်မှောင်ကြုတ်ကာ ခရမ်းရောင်အလင်းလုံးကို ထုတ်သုံးလိုက်သည်။ သူ့စိတ်က ရှင်းလင်းသွားခဲ့ကာ နတ်စွမ်းအင်ကို စတင် စမ်းစစ်တော့သည်။

လေးနာ၇ီကြာပြီးနောက် လုဇွီရဲ့ကိုယ်တွင် အက်ကွဲရာတွေ ပေါ်လာခဲ့သည်။

သူ မျက်လုံးဖွင့်လိုက်သည်။ ခရမ်းရောင်လျှပ်စီးတွေက သူ့ မ်က္လုံးထဲ လက်နေတော့သည်။

သူ ညာလက္ကို ဆန့်ထုတ်လိုက်တော့ လျှပ်စီးတွေ တလက်လက်ဖြစ်လာတော့သည်။ ထိုထဲတွင် ချီစွမ်းအားတွေ ပေါက်ထွက်မတတ် ပြင်းထန်နေခဲ့ကာ စွမ်းအားကြီးမားသော ဖျက်ဆီးခြင်းစွမ်းအင်တို့ ပြည့်နှက်နေခဲ့သည်။

လုဇြီ မျက်ခုံးပင့်လိုက်သည်။ သူ လက်သီးဆုပ်လိုက်၏။ ထိုအခါ လျှပ်စီးတွေ ပျောက်ကွယ်သွားခဲ့သည်။

ပြန်လည်ကုစားခြင်းနတ်စွမ်းအင်ကဲ့သို့ ထိုစွမ်းအင်ရဲ့အဆင့်ကလည်း နိမ့်ကျနေခဲ့သည်။ ဒါကို အသုံးပြုနိုင်စွမ်းက လေနဲ့မီးထက် တော်တော်လေးကို နိမ့်ကျပေသည်။ လျှပ်စီးနတ်စွမ်းအင်ကိုသာ သုံးပါက သူ့ရဲ့တိုက်ပွဲစွမ်းအားက သိုင်းအမြုတေအဆင့်သာ ရောက်လောက်သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲDonde viven las historias. Descúbrelo ahora