အခန်း280

130 16 0
                                    

အပိုင်း ၂၈၀ ၄၃၂၈ကြမ်မြောက် ပြိုင်ပွဲ

အဆုံးတွင် သူတို့လေးယောက်လုံး ငါးဖမ်း ပြီးသွားခဲ့ကာ ကင်စားလိုက်ကြသည်။ နန်ကုန်းကျင်းက ယင်ယင်နဲ့ အဘိုးကြီး နန်ကုန်းပျော်နေတာကို ကြည့်ကာ ပြုံးသည်။

အဘိုးကြီး ယင်ယင့်ဆီက ဘာအမြတ်ထုတ်လိုက်ပြီလဲ

ထိုအဘိုးကြီးရဲ့ စွမ်းအားကသာ တိုးတက်လာမယ်ဆိုရင် သူ့ရဲ့သက်တမ်းကလည်း တိုးတက္လာမွာ ဖြစ်ပေသည်။ လူတိုင်းက အဘိုးကြီး နန်ကုန်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်တော့သည်။

အဘိုးကြီး နန်ကုန်းက ခေါင်းခါသည်။
မထူးခြားပါဘူး။ ယင်ယင်က မွေးတာ သိပ်ကြာသေးပုံ မရဘူး၊ ဒါကြောင့် ကြယ် ဝိဉာဉ်မျိုးစိတ်ရဲ့ စွမ်းအားကို ဆက်မခံရသေးဘူး၊ ကိုယ်ပိုင် စွမ်းအားကိုတောင် သေချာ မသုံးတတ်သေးဘူး။ ငါတို့အချိန်ယူရလိမ့်မယ်

ထိုစကားကြားတော့ အားလုံး စိတ်ပျက်သွားကြတော့သည်။ သူတို့က ယင်ယင်လေးက အဘိုးကြီးအား သင်ကြား ပြသပေးနိုင်ရန် မျှော်လင့်နေခဲ့ကြတာပင်။ လက်၇ှိတွင်တော့ ထိုသို့ မဖြစ်နိုင်သေးတာကို သိလိုက်ရတော့သည်။

အဘိုးကြီး နန်ကုန်းက ပြုံးသည်။
မစိုးရိမ်ကြပါနဲ့ ငါက နောက်ထပ် နှစ်နှစ်ထောင်တောင် အသက်၇ှည်ဦးမှာပါ၊ အဲ့ဒိအခါ မျိုးစိတ်စွမ်းအားကို ယင်ယင် ဆက်ခံရတာမျိုး ရှိလာနိုင်ပါတယ်။ ငါ့မွာ အချိန်ရှိပါသေးတယ်

လုဇြီ: ဟုတ္သားပဲ အနာဂတ်မှာ အခွင့်အရေး ရွိလာဦးမွာပါ

သူတို့တွေ စားသောက်ပြီးတဲ့နောက် ပြန်လာခဲ့လိုက်ကြတော့သည်။ အဘိုးကြီး နန်ကုန်းတွင်လည်း ကိုယ်ပိုင် လုပ်ဆောင်စရာတွေ ရှိနေခဲ့သည်ပဲ။ ယင်ယင်လေးက အဘိုးကြီး နန်ကုန်းကို လက်ရမ်းကာ နှုတ်ဆတ်သည်။

အဘိုး သမီး နောက်ကျ လာ ကစားမယ်နော်

အဘိုးကြီး နန်ကုန်းက ပြုံးသည်။
ကောင်းပြီ ယင်ယင်လေး လာရင် ဘိုးဘိုးက ငါးကင် ကျေွးမယ်

ယင်ယင်လေးက တစ္လလုံးလုံး ငါးမ်ားစြာ ဖမ်းမိခဲ့သည်။ ထို့ကြောင့်   ထိုရေကန်ထဲတွင် ပစ္စည်းကောင်းတွေ ရှိနေမှန်း သူမ သိနေပေ၏။

အနာဂတ်ခရီးသည် ဒုတိယတြဲDonde viven las historias. Descúbrelo ahora