အခန်း234

178 22 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၃၄ ပိုက္ဆံ ပေးခြင်း

လင်းလင်က လေထဲတွင် တိုက်ခိုက်နေခဲ့သည်။ သို့သော် ထိုနေရာက မြေပြင်နဲ့တော့ သိပ်မဝေးပါချေ။ အလင်းဝင်ပေါက်ဖွင့်လှစ်ခြင်းအဆင့် စွမ်းအင်တွေက လေပြင်းကို ဖြစ်ပေါ်စေကာ ဘူတာရုံရှိ အလံတွေကို လွင့်နေစေခဲ့သည်။ ဒါ့အပြင် အနီးအနားရွိ သစ်ပင်တွေကိုလည်း ကခုန်နေစေ၏။ ထိုနယ်မြေမှ ထွက်ပေါ်လာတဲ့ အလင်းရောင်တွေက နေ့အချိန်အလားပင် ထင်ရစေသည်။

လုဇြီ အံ့အားသင့်ရတာကတော့ လင်းလင်က ဓါးရှည်ကို မသုံးတော့ဘဲ လွံကို ပြောင်းသုံးနေသောကြောင့် ဖြစ်သည်။ လွံက ညင်သာစွာ လှုပ်ရှားနေကာ စွမ်းအားပြင်းထန်ပုံလည်း ပေါ်သည်။ သူမရဲ့ ပြိုင်ဘက် အရှိန်အဝါတွေက သူမထက် သန်မာသည်။ သို့သော် သူမရဲ့ ပြိုင်ဘက်ကိုတောင်မှ အပြင်းအထန် လှုပ်ရှားရအောင် သူမက ဖိအားပေးနိုင်နေ၏။

အဆုံးတွင်တော့ သူမရဲ့ ပြိုင်ဘက်တောင်မှ သက်ရောက်တဲ့ တိုက်ခိုက်မှုကို မထုတ်ဖော်နိုင်ခဲ့ချေ။ သူ့ရဲ့ခုခံအားက ထိုးဖောက်ခံလိုက်ရကာ လွံက ရင်ဘတ်ထဲ ဝင်သွားခဲ့သည်။

တိုက္ပြဲက ရပ်တန့်သွားခဲ့ကာ လုဇွီရဲ့ခေါင်းထဲ မေးခွန်း သငေ်္ကတတွေနဲ့ ပြည့်နှက်နေတော့၏။ ဒါက လင်းလင် အတုကြီးများ ဖြစ်နေလားလို့ လုဇြီ ခံစားမိလာရသည်။ သူမ ဒီလောက် ခွန်အားကြီး မနေသင့်ဘူးလေ ဟုတ်ပြီလား။ ဘာလို့ ဓါးကို မသုံးတော့တာလဲ။ ဘာလို့ လှံပြောင်းသုံးလိုက်တာလဲ။

သူမရဲ့ တိုက်ခိုက်ချက်တွေက စွမ်းအင်တွေကို ဖော်ထုတ်ပြီးသား ဖြစ်နေတယ်။ ဒါပေမယ့် ဒီလောက် မြန်မြန်အထိ ဘာလို့ တိုးတက်သွားရတာလဲ။မြင်ကွင်းက အရမ်းကို မြန်လွန်းနေတယ် ဟုတ်ပြီလား။

လုဇြီ ကျက်သေသေ နေတော့သည်။ သူတစ်ယောက်တည်းသာ ထိုသို့ဖြစ်နေသည်မဟုတ်ဘဲ ရွှမ်းယွီချီ၊ ထန်းယွမ်ချန်းဟွာနဲ့ ဂျက်စီကာတို့တွေလည်း မှင်သက်နေကြ၏။ သူတို့ရဲ့အမူအရာကေတာ့ ရှင်းလင်းနေသည်။

ဒါက လင်းလင်မဟုတ်ဘူးလို့ ယုံကြည်လိုက်ကြ၏။ လင်းလင်နဲ့ သူမရဲ့ပြိုင်ဘက် သိုင်းယှဉ်ပြိုင်တာကို ကြည့်ရုံနဲ့ သူမရဲ့ပြိုင်ဘက်ကို သူမ ရိုက်ထုတ်နိုင်မယ်ဆိုတာက သိသာလာသည်။ ဒါကဘယ်လိုဖြစ်ပြီး လင်းလင်ဖြစ်နိုင်မှာလဲ။

အနာဂတ်ခရီးသည် ဒုတိယတြဲWo Geschichten leben. Entdecke jetzt