အခန်း257

162 20 0
                                    

Share 20ပြည့်တိုင်းတစ်ပိုင်းအပိုလက်ဆောင်ပေးပါမည်share40ဆို2ပိုင်းလက်ဆောင်ပါ အားပေးသူတိုင်းကိုကျေးဇူးပါ

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၅၇ အမူးသမားက ဒီလိုလဲ လုပ်နိုင်တာပဲလား

လုဇြီက အခြားသုံးယောက် ပြုံးနေတာကို မြင်တော့ သူ့ရဲ့စိတ်ထဲ မှတ်ထားလိုက်သည်။ ဟွန့် သူ အခွင့်အရေးရှာလို့ မတွေ့စေနဲ့။ တွေ့လို့ကတော့ လက်စားပြန်ချေမှာ။

ထိုအခိုက် လင်းလင်က ယင်ယင်ကို ကြည့်ကာ ပြုံးလိုက်သည်။
လုဇြီ ပြောတာ မှန်တယ်။ တူတွေနဲ့ ပန်းကန်ပြားတွေကို မစားရဘူးနော်

ချိုးယွဲ့ ဟော်ရှားကလည်း ရုတ်တရက် ပြုံးလာကာ ယင်ယင်ကို ကြည့်သည်။
အကိုကြီး လုဇြီက ကြည့်ကောင်းတာဆိုတော့ သူကသေချာပေါက် သမီးကို စားစရာတွေ ခွဲကျေွးမှာပါ

လုဇြီ

ချိုးယွဲ့ဟော်ရှားရဲ့စကားက သူ့ကို ချီးကျူးနေတယ်လို့ထင်ရပေမဲ့ သူကေတာ့ ချီးကျူးတယ်လို့ မခံစားရပါဘူးနော်။ သူ ချောမှန်း သူ သိပါတယ် ဟုတ်ပြီလား။ ဒီချိုးယွဲ့ဟော်ရှားဆိုတဲ့ မိန်းမက ယင်ယင်ကိုတောင်မှ မကောင်းတဲ့ အကြံတွေ ပေးနေသေးတယ်ပေါ့။ သေချာပေါက် သူဒါကို မှတ်ထားပြီး လက်စားချေရမယ်။ ဒီအမျိုးသမီးကတော့ တော်တော်လေးကို နတ္ဆိုးဆန္တာပဲ။

ထိုအခိုက် ယင်ယင်က ခေါင်းငြိမ့်သည်။
သမီး သိပြီ သမီးကေတာ့ မစားရဘူး။ ဒါပေမဲ့ လုဇြီကေတာ့ စားလို့ရတယ်

လုဇြီ ဘာလို့ ငါက စားလို့ရမွာလဲ။ ငါလဲ မစားပါဘူး

ယင်ယင်က ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတယ်လို့ သူ ခံစားလာရသည်။ တမင်သက်သက် စားစရာတွေ လိုချင်လို့ အခုလိုမျိုး လျှောက်ပြောနေတာ ဖြစ်မယ်။ ဒီမိန်းကလေးငယ်လေးက ရိုးသားတယ် ထင်ရပေမဲ့ အျခား အမျိုးသမီးကြီးတွေလို ဖြစ်နေမယ်လို့ သူ မထင်ထားပေ။ သူ သေချာပေါက် သတိအနေအထားနဲ့ နေရမယ်။ သူမကို ဒီလိုမျိုး ထပ်လုပ် ခွင့်မပြုနိုင်ဘူး။

စားလို့ မရဘူးလား
ယင်ယင်ရဲ့မျက်လုံးတွေက ပြူးကျယ်နေခဲ့ကာ လုဇြီအား သနားစဖွယ် ကြည့်သည်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now