အခန်း252

162 23 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၅၂ သမီး မိသားစုက ကြယ်တွေပဲ
နံနက်ပိုင်း အတန်းက ပြီးဆုံးသွားခဲ့သည်။ လုဇွီနဲ့ လင်းလင်က စာသင်ခန်းမှ ထွက်လာခဲ့သည်။ သူတို့ရဲ့နောက်သို့ အကြည့်တွေ ကပ်ပါလာ၏။နေ့လည်ပိုင်းတွင် အတန်းမ၇ှိလေရာ ကျောင်းသူ၊ကျောင်းသားတိုင်းက ကျင့်ကြံ၇န်အတွက် အဆောင်ကို ပြန်ကြရပေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လည်း အဆောင်ဘက်သို့ ပျံသွားလိုက်ကြသည်။

လမ်းတစ်လျှောက်တွင် သူတို့နှစ်ယောက် သိုင်းပညာအကြောင်း ဆွေးနွေးဖြစ်ကြသည်။ သိပ်မကြာခင်အချိန်တွင် ပထမနှစ်တို့ရဲ့ အဆောင်တွေဘက် ပြန်ရောက်လာခဲ့ပေသည်။ ထိုအခိုက် လင်းလင်က တစ်စုံတစ်ရာကို ရှာတွေ့လိုက်ပုံရကာ အောက်ဘက်သို့ ညွှန်ပြလိုက်သည်။

ဇြီ အဲ့ကေလးကို ကြည့်စမ်း

လုဇြီ အောက်ဘက်သို့ ငုံ့ကြည့်လိုက်တော့ ငွေရောင် ဆံပင်နဲ့ ကေလးမေလးကို တွေ့ရလေသည်။ ထိုကေလးက ၁မီတာလောက်သာ အရပ်၇ှည်သေးကာ အဆောင်နယ်မြေ လမ်းဘေးတွင် ရှိနေလေသည်။

ထိုကေလးမေလးက ပန်းနုရောင် ၀တ်စုံလေးနဲ့ ဒူးအထိ ရှည်သည့် ခြေအိတ်တိုလေးကို ၀တ်ထားပေသည်။ ပန်းရောင် လည်သာ ဖိနပ်လေးက သူမရဲ့ ခြေထောက်တွင် ကွက်တိကျနေကာ သူမေလးက လွယ်အိတ်အနီလေးကိုလည်း သယ်ထားသေးပေသည်။ သူမေလးက ခြေတိုလေးနဲ့ လမ်းလျှောက်နေခဲ့သည်။ သူမ ဘယ်ကိုသွားနေမှန်းတော့ သူတို့ မသိကြပါပေ။

လုဇြီ:.

ဒီခေတ်မှာ ကျောပိုးအိတ် သယ်တဲ့ ကလေးတွေလည်း ရှိသေးတာလား။ နေပါဦး ဒါက အဓိက အချက် မဟုတ်ဘူးလေ။ မည်သို့ပင်ဆိုစေ ခေတ်နောက်ပြန် ဆြဲတဲ့ သူတွေကလည်း ရှိတတ်သည်ပဲ။

မေးခွန်းက ဘာလို့ ပထမနှစ် လက်ရွေးစင်တန်းတွေရဲ့ အဆောင် နယ်မြေဝန်းကျင်မှာ ရှိနေတာလဲ ဆိုတာပဲ။ ဘာလို့ ဒီကေလးမက ဒီမှာရှိနေတာလဲ။ သူတို့အတန်းထဲမှာ ဒီလို ကေလးမ သေးသေးလေး တစ်ယောက်ရှိတယ်လို့တော့ သူ မထင်ပေ။

လုဇြီ ထိုကလေးမငယ်လေးကို ကြည့်နေခဲ့သည်။ သူတို့က ကောင်းကင်တွင် ပျံသန်းနေတာဖြစ်လို့ ဖြည်းဖြည်းချင်းလျှောက်နေတဲ့ ထိုကေလးမက သတိပြုလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ရာကတော့ ထူးခြားနေတယ်လို့ သူတို့ခံစားမိလာ၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now