အခန်း1

901 43 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၀၁

နာကျင်မှုတွေ သက်သာသွားတာနဲ့ လုဇြီ သက်ပြင်းချလိုက်သည်။ စစ္ပြဲမွ စိတ်အားထက်သန်မှုနဲ့ အမဲလိုက်ကြားခံနယ်မြေ တိုက္ပြဲမွ စိတ်အားထက်သန်မှုတို့က ကုန်ဆုံးသွားခဲ့သည်။ သူ ချက်ချင်းပင် အလွန်အမင်း မောပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။ အားအင်မဲ့နေသလိုပင် ခံစားရေသး၏။

သူ့ခေါင်းထဲရှိ ကြားခံနယ်မြေထဲတွင် ရှိနေပါသော လေနဲ့လျှပ်စီးအလင်းလုံးတွေကို လုဇြီ ကြည့်လိုက်သည်။ ထို့နောက် မနက်ဖန်မှသာ စတင်လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တာ့သည်။

သူ အနားယူဖို့ လိုနေပြီ။

သူ အိပ်ဖို့ကြိုးစားခဲ့ပေမယ့် အမဲလိုက်ကြားခံနယ်မြေကိုသာ ရောက်သွားခဲ့ကာ အလင်း၀င်ပေါက်ဖွင့်လှစ်ခြင်းအဆင့် သားရဲသုံးကောင်နဲ့ ကြုံခဲ့ရသည်။
သူ ယခင်က တစ်ကောင်ဆီနဲ့သာ ဆုံဖူးသည်။

ဘာလို့ ရုတ်တရက်ကြီး အတူတူပေါ်လာရတာလဲ

ဘာကြောင့်မှန်းလည်း မသိလေတော့ မတွေးတော့ဖို့သာ ဆုံးဖြတ်လိုက်သည်။

အမဲလိုက်ကြားခံနယ်မြေအကြောင်း သူသိပ်အများကြီးမသိပေ။ ထို့ကြောင့် လိုက်တွေးနေမယ့်အစား ကျင့်ကြံလိုက်တာက ပိုကောင်းမယ်လို့ သူထင်သည်။

လောလောဆယ်တော့ သူအိပ်တော့မယ်..

နောက်နေ့ တစ်နေ့လုံး နဲ့ တစ္ညလုံး ကုန်တဲ့အထိ အိပ်ပစ်လိုက်မယ်

လုဇြီ မျက်လုံးတွေ မှိတ်လိုက်သည်။ သူ့ရဲ့အသိစိတ်တွေက လွင့်ပါးသွား၏။

ထိုအချိန်မှာပင် တံခါးခေါက်သံကို ကြားလိုက်ရသည်။ အသံတစ္သံ ထြက္လာ၏။

ဇြီ မင်းရှိလား။ အိပ်ယာနိုးပြီလား။ ငါတို့ သတင်းပို့ဖို့လိုတယ်

လုဇြီ အသိပြန်၀င်လာသည်

ယဲ့မူအသံပဲ

ဘာလဲ.

တစ္ညလုံး ကျေကျေနပ်နပ် အိပ်ရမယ်ဆိုတာကရော ဘာဖြစ်သွားတာလဲ

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now