အခန်း269

162 26 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၆၉ က်ားက နဂါးကိုစားသလို သရုပ်ဆောင်ရမယ်
အနည်းဆုံးတော့ လုဇွီရဲ့အရင်က လုပ်ဆောင်ချက်တွေ အားလုံးက အထက်အရာရှိ အာဏာပိုင်တွေ အားလုံးကို ကျေနပ်စေခဲ့သည်။ လုဇြီကို သူ ကိုယ်တိုင် နည်းနည်း ဂရုစိုက်ပေးလိုက်လို့လည်း အခြေအနေက ကွာခြားသွားလိမ့်မည် မဟုတ်ပေ။ ကျင်းယောင်သူတော်စင်က တစ်ဖန်ပြန်၍ ပြုံးပြန်သည်။
ဇြီ ကျင်းကျင်းကို ဘယ်လိုထင်
အဖိုးကြီး သုံးကြိမ်ရှိသွားပြီနော် သုံးကြိမ်ဆိုရင်တော့ ဒါက ဘောင်ကျော်သွားပြီ
ကျင်းယောင် သူတော်စင်ပင် စကားကို ဆုံးအောင် မပြောရသေး နန်ကုန်းကျင်းက ထိုသို့ပြောလာခဲ့သည်။ သူမက ပြိုင်ဘက်ကင်းတဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်လာမယ့် ကံကြမ္မာ ရှိနေပြီးသား ဖြစ်သည်။ လူသားမျိုးနွယ်ကို သူမ ကာကွယ်နိုင်ပေ၏။ ထို့ကြောင့် ဆက်ဆံရေးတွေ ၊ဘာတွေ မလိုပါပေ။
အခြားတစ်ဖက်တွင်တော့ လုဇြီက ခေါင်းကိုက်နေခဲ့သည်။ ဒီလူအိုကြီးက မရပ်တော့ဘူးပေါ့။ သူမကေတာ့ ဒေါသထွက်တော့မယ်။
ကျင်းယောင် သူတော်စင်က လုဇြီကို အလေးအနက်ကြည့်လိုက်တော့သည်။
ဇြီ မင်းက ပါရမီရှိတယ်၊ ငါတို့မင်းကို သေချာလည်း ဂရုစိုက်ပျိုးထောင်ပေးမယ်။ ဒါပေမယ့် မင်း မစ်ရှင်းတွေကို ဝင်ရောက်လုပ်ဖို့ လိုအပ်သေးတယ်နော်၊ ဒါမွပဲ မင်းရဲ့အလားအလာကို အခြားသူတွေကိုပါ ပြသပြီး ဖြစ်သွားမှာ
ဆည်းဆာချိန် စနစ္က နယ်ပယ်တိုင်းအတွက် အထောက်အပံ့ တိုင်ကြီးတွေအဖြစ် တည်ထားပေးပေသည်။ အထူးသဖြင့် ဗဟိုအစိုးရ တက္ကသိုလ်က ကျောင်းသူ၊ကျောင်းသားတွေကို အလွန်အမင်းဂရုစိုက်တတ်ပေမယ့် သူတို့အတွက်တော့ တစ်ဖန်ပြန်လုပ်ပေးရတာတွေ ရှိသည်။ ထိုအရာကေတာ့ မစ်ရှင်းတွေ ဖြစ်၏။
လုဇြီက ပြုံးသည်။
မစိုးရိမ်ပါနဲ့ အဖိုးကြီး နန်ကုန်း ကျွန်တော်သိပါတယ်
ကျင်းယောင် သူတော်စင်ရဲ့မျက်နှာက သက်တောင့်သက်သာဖြစ်သွားကာ ပြောသည်။
ဒါပေမယ့် မစ်ရှင်းဆိုတာက မစ်ရှင်းပါပဲ ၊မင်းရဲ့အသက်က ပိုပြီး တန်ဖိုးရှိတယ်။ ဒီမစ်ရှင်းကို အောင်မြင်အောင် မလုပ်နိုင်ဘူးထင်ရင် ဒီအတိုင်း  ထားခဲ့လိုက် မင်းရဲ့အသက်က ပိုပြီးအရေးကြီးတယ်
လုဇြီက မှင်သက်သွားတော့သည်။ သူက ကျင်းယောင်သူတော်စင်ရဲ့မျက်လုံးထဲက စိုးရိမ်တဲ့ အမူအရာတွေကို မြင်တော့ ဒါက သူ့ရဲ့ပါရမီကြောင့်နဲ့ သူ့ကို သတိပေးလိုခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ သူ့ရဲ့စိတ်ထဲ နွေးထွေးသလို ခံစားလိုက်ရ၏။ သူ ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
ကျွန်တော် နားလည်ပါပြီ
ထိုအခိုက် ကျင်းယောင် သူတော်စင်က တစ်စုံတစ်ရာကို သတိရသြားပုံရကာ အလေးအနက် ပြောသည်။
အခုကစပြီး မင်းရဲ့စွမ်းအား အားလုံးကို ထုတ်မပြမိစေနဲ့၊ အခြားမျိုးစိတ်က လူတွေက ဒီမှာနေနိုင်စွမ်းမရှိဘူးဆိုပေမယ့် သတင်းတွေကတော့ အခြားမျိုးစိတ်ဆီကို ရောက်တာမျိုးဖြစ်နိုင်တယ်။ ဒါကြောင့် မင်းကို ပစ်မှတ်ထား မခံရချင်ရင် မင်း သိုသိုဝှက်ဝှက်နေတတ်ဖို့ လိုအပ်တယ်
လုဇြီက ခေါင်းငြိမ့်လိုက်သည်။ ဒါက ဝက္က က်ားကို စားသလို ဟန်ဆောင်ရမှာပေါ့။ ဒါပေမယ့် သူ့လိုစွမ်းအားကြီးတဲ့ သူမျိုးကတော့ ဝက်နဲ့မတူပါဘူး။ က်ားက နဂါးကိုစားသလို ဟန်ဆောင်ရတာမျိုးပဲ ဖြစ်ရမယ်။ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ လုဇြီ စမ်းကြည့်ချင်သွားသည်။
"ငါ့ကို အဘိုးကြီးပဲခေါ်"
လုဇြီ"..."
နန်ကုန်းကျင်းရဲ့ လူသတ်မလို အကြည့်တွေအောက်တွင် လုဇြီရဲ့ နှုတ်ခမ်းတွေက ရှုံ့မဲ့နေရပြီ။ သူက ခြောက်ကပ်စွာပြောလိုက်၏။
ကျေးဇူးတင်ပါတယ် အဘိုးကြီး
နန်ကုန်းကျင်းနဲ့ယှဉ်ရင် သူတော်စင်က ပိုကြောက်ဖို့တောင် ကောင်းနေတာပဲ။ ကျင်းယောင် သူတော်စင်က ပျော်ပျော်ရွှင်ရွှင် ခေါင်းငြိမ့်သည်။
ကောင်းပြီ၊ မင်းတို့တွေ သွားနိုင်ပြီ။ လူငယ်တွေက အချင်းချင်း စကားမ်ားမ်ား ပြောသင့်တယ်
သူတို့နှစ်ယောက်လုံး ဆွံ့အသွားရပြန်သည်။ နန်ကုန်းကျင်းက ပြော၏။
အဖိုးကြီး ကျွန်မတို့ အရင်သွားတော့မယ်နော်
ထို့နောက် သူမက ချက်ချင်းပင် ထွက်သွားလေတော့သည်။ သူမသာ ဆက်နေပါက ဒေါသပေါက်ကွဲနိုင်ပေ၏။ သူမက အနာဂတ်ရဲ့သိုင်းဘုရင်မဖြစ်သည်။
သူမရဲ့နောက်မှ လုဇြီက ခပ်မြန်မြန် လိုက္သြားခဲ့၏။
သေးငယ်လှတဲ့ သစ္သား တဲအိမ်လေးတွင်တော့ ကျင်းယောင် သူတော်စင်က သက်ပြင်းချနေခဲ့သည်။ သူ့ရဲ့လက်ထဲတွင် ဓါတ္ပုံတစ္ပုံ ပေါ်လာ၏။ ထို ဓါတ်ပုံထဲတွင် လူငယ်ကောင်မလေးနဲ့ ကောင်လေး အားလုံးပေါင်း ဆယ့်နှစ်ယောက် ရှိနေခဲ့သည်။
သူတို့တွေ အားလုံးက တစ်ချိန်က အရမ်းကို အစွမ်းထက်ခဲ့သည့် မွေးရာပါ ပါရမီရှင်တွေ ဖြစ်ကြကာ ပထမဆုံး လူငယ် မျိုးဆက် မှူးမတ်တွေ ဖြစ်ကြပေသည်။ ထိုလူတွေက လူသားမျိုးနွယ်ရဲ့ ဂုဏ်ယူရဆုံးသူတွေ ဖြစ်ခဲ့၏။ လူသား မျိုးနွယ်အတွက် သူတို့ရဲ့ ကိုယ့်ကိုယ်ကို အနစ်နာခံမှုတွေကြောင့်သာ နတ်သူငယ်မျိုးစိတ် နယ်မြေထဲသို့ ဝင်ရောက် ချိုးဖျက်ရင်း သေဘာ တူညီချက်တွေ လုပ်နိုင်ခဲ့ခြင်းဖြစ်ပေသည်။
သူတို့ နောင်တရလား။ သေချာတာပေါ့။ ဘာလို့ သူတို့လုပ်ခဲ့ရတာလဲ၊သူတို့ နောင်တရတယ်။ သို့သော် အချို့သော အကြောင်းအရာတွေကြောင့် ဘယ္သူကမွ မငြင်းဆိုနိုင်ကြပေ။ ဒါက လူသားမျိုးနွယ်အနာဂတ်နဲ့ ဆိုင်သည့် ကိစ္စ ဖြစ်ခဲ့ပေသည်။ မဟုတ်ပါက သူတို့ အခုလောက်အထိ တိုးတက်လာလိမ့်မည်မဟုတ်ပေ။
ကျင်းယောင် သူတော်စင်က လက်ထဲက ဓါတ္ပုံကို ပွတ်သက်နေခဲ့သည်။ သူ့ရဲ့မျက်လုံးတွေက မှေးမှိန်နေခဲ့၏။ ရုတ်တရက် သူ့ရဲ့လက်ချောင်းက အလွန်အမင်းလှပသည့် အနက်ရောင် ဆံပင်နဲ့ အမျိုးသမီးတွင် အဆုံးသတ်သွားခဲ့သည်။ ထိုသူက နန်ကုန်းကျင်းနဲ့ ဆင်၏။
ယြန္စီ ငါ မင်းကို သတိရတယ်
အစ်ကိုကြီးတွေ၊ အစ်မကြီးတွေ မစိုးရိမ်ပါနဲ့ ငါတို့အဖိုးကြီးငါးယောက် အသက်ရှင်နေသမျှ လူသားမျိုးနွယ်က ဘယ်တော့မှ အနိုင်ကျင့် မခံရေစရပါဘူး
ဒီနေ့ အဲ့ဒီကေလး ရောက်လာခဲ့တယ်၊ သူက အရင်တုန်းက ငါတို့လိုပဲ ။ဒါပေမယ့် ငါတို့ထက်တောင်မှ ပိုအလားအလာ ကောင်းသေးတယ် ၊ ပတ်ဝန်းကျင်ကလည်း ငါတို့ထက် ပို အထောက်အပံ့တွေ ပေးနိုင်တယ်
သူက လူသားမျိုးနွယ်ရဲ့အနာဂတ်ကို သယ်ဆောင်နိုင်ပါစေလို့ မျှော်လင့်ရမှာပဲ
တဲအိမ်ရဲ့အပြင်ဘက်တွင်တော့ နန်ကုန်းကျင်းက စွမ်းအား အပြည့်ဖြင့် လမ်းလျှောက်နေခဲ့သည်။ လုဇွီကလည်း ကူကယ်ရာမဲ့စွာဖြင့် နောက်မှ လိုက်နေခဲ့ ၏။
သူ စိုးရိမ်နေခဲ့သည်။ သူက ကျင်းယောင် သူတော်စင်ကို အဖိုးကြီးလို့ ခေါ်ခဲ့တယ်။ သူမ သူ့ကို ရိုက်နိုင်လောက်လား။ သူမက သူ့ကို တစ်ချိန်လုံး ရိုက်နေရင် ဘယ္လိုလုပ္မလဲ။
ထိုလူအိုကြီးရဲ့အလေးအနက် မျက်နှာကို ပြန်တွေးမိတော့ လုဇြီက သူမေနာက္ကသာ လိုက္သြားဖို့ ဆုံးဖြတ်လိုက်တော့သည်။ သငေ်္ဘာထဲသို့ ပြန်ရောက်သွားပြီးသည့်နောက် လုဇြီက နန်ကုန်းကျင်း ဆိုဖာပေါ်တွင် ထိုင်နေတာကို မြင်ရ၏။
သူမက မျက်နှာသေနဲ့ ဖြစ်နေခဲ့သည်။ လုဇြီ လည်ပင်းလေးပွတ်ရင်း သူမနဲ့ ခပ်ဝေးဝေးမှာ ဝင်ထိုင်လိုက်တော့သည်။ ဒီနည်းနဲ့ သူ့ကိုယ်သူ ကာကြယ္ဖို့ အချိန်ရနိုင်ပေသည်။
သငေ်္ဘာပျံက မြင့်တက်သွားခဲ့ကာ ကျင်းယောင်ဂြိုလ်မှ ထြက္ခြာ လာခဲ့လေတော့သည်။  သငေ်္ဘာထဲက အလွန်အမင်း တိတ်ဆိတ်နေခဲ့၏။
လုဇြီက သက္သာရာရသလို သက်ပြင်းချနေခဲ့သည်။ ကြည့်ရတာတော့ သူမ သူ့ကို မရိုက်တော့ဘူး ထင်ပါတယ်။
ထိုအခိုက် နန်ကုန်းကျင်းက ပြောလာသည်။
ကောင်လေး လူအိုကြီးက နင့်ကို အရမ်း သဘောကျနေတာနော်၊ နင် သူ့ကို စိတ်မပျက်စေနဲ့
လုဇြီက နန်ကုန်းကျင်းက ဆိုဖာပေါ်မှာ ခပ်အေးအေးထိုင်နေကာ ပြတင်းပေါက်ကို စိတ်ရှုပ်ထွေးတဲ့အမူအရာနဲ့ ကြည့်နေတာကို မြင်လိုက်ရသည်။ သူမ ဒီလောက် တိတ်ဆိတ်နေတာကို သူ မမြင်ခဲ့ဖူးပေ။ ဒါက သူမနဲ့တောင် မတူသလိုပဲ။
သို့သော် လုဇြီက ခေါင်းငြိမ့် ပြလိုက်သည်။
"ဟုတ်ကဲ့"
ထိုအခိုက် သူ့ခေါင်းက နာကျင်သွားရကာ မျက်လုံးပင် ပြာသွားရလေသည်။
"နင်က နတ်သိုင်း သုံးခုကို ခဏလေးနဲ့ သင်နိုင်တယ်ပေါ့ ဟုတ္လား ၊ငါ့ဒေါသကို ဆြေနတာပဲ"
ဒါက ကျွန်တော့်ရဲ့အမှားမှ မဟုတ္တာ၊ ဆရာမပဲပြောတော့ အဘိုးကြီးကို စိတ်ပျက်အောင် မလုပ်ရဘူးဆို
ထိုစကားကြားတော့ နန်ကုန်းကျင်းရဲ့ ပြန်ခေါက်တော့မယ့် လက္က တန့်သွားခဲ့သည်။ သူမက လက္ကို ပြန်သိမ်းလိုက်ကာ လုဇြီကို လွှတ်ပေးလိုက်တော့သည်။ထို့နောက် အလေးအနက် ပြော၏။
လာ ဘယ်သိုင်းက နင်နဲ့ သင့်တော်လဲဆိုတာကို ငါကြည့်ပေးမယ်၊ နင့်ရဲ့အခြေအနေကို ငါ့ကို ပြောပြ

အနာဂတ်ခရီးသည် ဒုတိယတြဲUnde poveștirile trăiesc. Descoperă acum