အခန်း267

161 25 0
                                    

အနာဂတ်ခရီးသည်

ဘာသာပြန်သူ-Palace of novels

အပိုင်း ၂၆၇ သူတော်စင်ရဲ့ မူလစွမ်းအား
သူမရဲ့ စကားကို ဘိုးဘေးက လက်မခံတာကို မြင်တော့ နန်ကုန်းကျင်း မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းဆူသည်။ ကျင်းယောင် သူတော်စင်က သက်ပြင်းချ၏။
ငါသာ စောစောက သိခဲ့ရင် မင်းငယ်ငယ်တုန်းက အ ရက်သောက်ဖို့ သင်ပေးခဲ့မှာ မဟုတ္ဘူး
လုဇြီ:.
တရားခံက သူပေါ့။ ဒါဆို ခင်များကြောင့် ခ်စ္စရာ ကောင်မလေးက အမူးသမား ဖြစ်သွားရတာပေါ့ ဟုတ္လား။
ကျင်းယောင် သူတော်စင်က သက်ပြင်းချကာ ဆက်ပြောပြန်သည်။
မင်းကို ကြည့်စမ်း သောက်မယ် တိုက်မယ် ဆိုတာချည်းပဲ။ ဒီလိုပုံစံနဲ့ မင်း ဘယ္လို ကောင်လေး ရပါတော့မလဲ။ ဟူး မင်းက အတော် ပျင်းတဲ့သူပဲကွ ဟမ်
သူက သက်ပြင်းချကာ တစ္ခြက္လုံး မော့သောက်လိုက်သည်။ ထို့နောက် ဆက်ပြော၏။
ငါ မသေခင် ကျင်းကျင်းရဲ့ ကေလးကို ချီခွင့်ရပါတော့မလား
နန်ကုန်းကျင်းက မသိသလိုသာနေသည်။ သူမက ဒီစကားတွေနဲ့ ကျင့်သားရနေပုံရသည်။ ဒီတော့ ဒီစကားတွေကို ပေါက်ကရ စကားတွေလို့ ပြောတာလား။ လုဇြီ ရယ်ချင်ပေမယ့် အရိုက်ခံရမှာစိုးလို့ မရယ်ရဲပေ။ ထိုအခိုက် နန်ကုန်းကျင်းက ပြောလာသည်။
အဘိုးကြီး အဘိုးကြီးက နောက်ထပ် နှစ်ထောင်ကျော် နေနိုင်ဦးမှာပဲလေ
ငါတို့ သူတော်စင်တွေလည်း သာမန္လိုပဲကြ ။ ငါက နောက်ထပ် နှစ်နှစ်ထောင်အတိပဲ သက်တမ်းကျန်တော့တာ
ထို့နောက် သူက လုဇြီကို ကြည့်ကာ ပြုံးသည်။
လူသားမျိုးနွယ်ရဲ့ အနာဂတ္က မင်းအပေါ် မူတည်နေပြီနော်
နန်ကုန်းကျင်းရဲ့ မျက်လုံးတွေက ဝမ်းနည်းမှုကြောင့် အရောင် လက်သွားသည်။ သို့သော် ဘာမှမပြောပေ။သို့သော် လုဇြီကေတာ့ မျက်လုံးပြူးနေ၏။
ကျင်းယောင် သူတော်စင်
ကျင်းယောင် သူတော်စင်က လက်ကာပြသည်။
ငါ့ကို နန်ကုန်းခေါ်သလို အဘိုးကြီးလို့ ခေါ်လို့ရပါတယ်
လုဇြီက ပြုံးလိုက်သည်။
အဘိုးကြီး နန်ကုန်း အဘိုးကြီး အထင်မှားနေတာ ထင်တယ်။ နဂါးငွေ့တန်းအဆင့်တွေက ဘယ္လို အသက္တိုပါ့မလဲ
အဘိုးကြီး နန်ကုန်းက ရယ်သည်။
ဟားဟားဟား ပုံမှန် နဂါးငွေ့တန်း အဆင့်တွေက နှစ်သိန်းကျော် ရှည်တယ်။ ဒါပေမယ့် ငါတို့ကေတာ့ မတူဘူး။
သူပြောတာ မှန်သည်။ ထိုအဆင့်သို့ရောက်ရန် အရင်းအမြစ်ပေါင်းများစွာ လိုအပ်ခဲ့ပေသည်။လူသားမျိုးနွယ်တွေက စကြာဝဌာထဲသို့ လွန်ခဲ့သည့် နှစ်နှစ်ထောင်လောက်ကမှ ဝင်လာခဲ့ခြင်း ဖြစ်ပေသည်။
လူသားမျိုးနွယ်တွေက မတိုင်မီက အလွန်အားနည်းခဲ့ကာ သီအိုက်က်က တွေးရရင် နဂါးငွေ့အတန်း အဆင့်အထိ ရောက်ရန် မဖြစ်နိုင်ပါပေ။ သို့သော် နှစ်တစ်ထောင် ကျော် ကြာချိန်က နဂါးငွေ့တန်းအဆင့် တစ်ယောက် ပေါ်ခဲ့ပေသည်။
လုဇြီ အံ့သြသွားသည်။ သူက မေးလိုက်၏။
လူအိုကြီး နန်ကုန်း ဆိုလိုတာက ပုံမှန်အားဖြင့် နဂါးငွေ့တန်းအဆင့်ကို မတက်နိုင်ကြဘူးလား
လူအိုကြီး နန်ကုန်းက ကောင်းကင်ကို မော့ကြည့်ကာပြောသည်။
အဲ့ဒိအချိန်တုန်းက လူသားမျိုးနွယ်တွေက နတ်သူငယ် မျိုးနွယ်ဆီက အထောက်အပံ့ကို တောင်းခံခဲ့ကြတယ်။ ဒီတော့ ကျင့်ကြံခြင်း နည်းလမ်းတွေ၊ သိုင်းတွေရခဲ့တယ်။ နတ်သူငယ် မျိူးနွယ်က ငါတို့နဲ့ မျိုးနွယ်မတူဘူး။ ဒီတော့ အများကြီး မကူညီနိုင်ကြဘူး၊ ငါတို့က အားနည်းလွန်းတယ်၊ ဒီတော့ နဂါးငွေ့တန်းအဆင့် တစ်ယောက်မှ မရွိဘဲ နဂါးငွေ့တန်း နယ်မြေမှာ ကိုယ်ပိုင် နယ်မြေပိုင်ဖို့က မဖြစ်နိုင်ဘူး။
အဲ့ဒိအချိန်တုန်းက ငါတို့တွေထဲမှာ အစွမ်းထက်ဆုံးသူ ၁၂ယောက်ရှိခဲ့တယ်။ သူတို့တွေက နတ်သူငယ်တွေနဲ့ သဘောတူညီချက် လုပ်ခဲ့တယ်
လုဇြီ:ဘယ္လို သဘောတူညီချက်ပါလဲ
သူတို့က ငါတို့တွေ နဂါးငွေ့တန်း နယ်မြေထဲ နေနိုင်ဖို့ အရင်းအမြစ်တွေ ထောက်ပံ့ပေးမယ်။ ငါတို့က အလဲအလှယ်အနေနဲ့ နဂါးငွေ့တန်းအဆင့်တွေရဲ့ အသက်စွမ်းအင်တွေကို သူတို့ရဲ့ နတ်သစ်ပင်ဆီ ပြန်ပေးရတယ်။ ဒါကြောင့် ငါတို့ရဲ့ သက်တမ်းက နှစ် ၄၀၀၀ပဲရှိတယ်
ငါတို့ရဲ့ အလားအလာကြောင့် အဆင့်တက်ခဲ့ရင်တောင် အျခား မျိုးနွယ်တွေနဲ့ တိုက်ခိုက်နိုင်မှ ဖြစ်နိုင်လိမ့်မယ်
ဒါပေမယ့် ငါတို့ ပိုင်နက် နေရာတစ်ခု ရခဲ့ပါတယ်။ ဒီတော့ တန်ပါတယ်
သူက ပြုံးကာ ဆက်ပြောသည်။
အခုတော့ လူအိုကြီး ၁၂ယောက်မှာ ၄ယောက်ပဲ ကျန်တော့တယ်။ အဘိုးကြီး လင်းကလည်း
သူက ဆက်မပြောတော့ပေ။ အဘိုးကြီးလင်းရဲ့ နာမည်ပါလာတာနဲ့ သူ့မျက်နှာက ပျက်သည်။ သူ ငါးဖမ်းမိတော့မည့်အချိန်တွင် ဖုန်းလာခဲ့သည်။ သူတို့မတွေ့တာ နှစ်ရာပေါင်းများစွာ ကြာခဲ့ပြီးမှ တစ်ကြိမ် ဖုန်းခေါ်ခြင်း ဖြစ်သည်။ သူ့ရဲ့ မိတ်ဆွေဟောင်းတွေဆီကို ဒီအဘိုးကြီးက တကယ် လာမလည်ချင်ဘူးလား။ ဒီအတိုင်း တစ်ယောက်ထဲများ သေသွားချင်နေတာလား။
လုဇြီ:.
ဒီသူတော်စင်တွေက အဲ့ဒိအချိန်က တကယ့်ကို စွမ်းအားကြီးသူတွေ ဖြစ်ကြမှာ သေချာတယ်။ သူတို့တွေက အနည်းဆုံး ကြယ်အဆင့်တွေ ဖြစ်ကြမှာပဲ ဒါတောင်မှ အားနည်းတယ်လို့ သတ်မှတ်ခံရတုန်းလား။သူတို့က  စကြာဝဌာတစ်ခုလုံးတွင် အားနည်းတဲ့ မျိုးနွယ်ဖြစ်ရသလို နတ်သူငယ် နဂါးငွေ့တန်းထဲတွင်လည်း အားနည်းပေသည်။ လူသားမျိုးနွယ်တွေက နဂါးငွေ့တန်းအတွင်းတွင်သာ အားကြီးနေခြင်း ဖြစ်ပါ၏။ဒါကလည်း သူတို့ရဲ့ တိုက်ပွဲတွေအပေါ်  မူတည်သည်ပဲ။
သူသာဆိုရင် သက်တမ်းကို ပေးနိုင်မယ် မထင်ဘူး၊ ဒါကြောင့် ဒီလူတွေကို သူတော်စင်တွေလို့ သတ်မှတ်ခံရတာကိုး။ သူလည်း ပြင်းပြင်းထန်ထန် ကြိုးစားရမယ်။ သူတို့ရဲ့ ပေးအပ်မှုကို ပြန်ပေးဆပ်နိုင်အောင် လုပ်ရမယ်။
တစ်ချိန်တည်းမှာပင် နတ်သူငယ် မျိုးနွယ်ကို သူ လန့်လာခဲ့သည်။ အရင်းအမြစ်တွေနဲ့ ဖိအားပေးပြီး နဂါးငွေ့တန်းအဆင့်တွေ ရောက်ရန်  လုပ်နိုင်ခဲ့သည်မဟုတ်လား။ ထိုအလဲအလှယ်ကြောင့်လည်း နဂါးငွေ့တန်းအဆင့် သူတော်စင်တွေ ဖြစ်လာခဲ့ခြင်းပါပေ။
အဘိုးကြီး နန်ကုန်းက ပြုံးကာ ပြောသည်။
လုဇြီ မင်းရဲ့ ပါရမီက မြင့်တယ်။ မင်းတိုးတက်လာတာကို ငါစောင့်ကြည့်နေတာ။ မင်းမှာ နတ်စွမ်းအင် ဘယ်လောက်ရှိ၇ှိ ဘယ္လို နတ်စွမ်းအင်တွေပဲ ရှိ၇ှိ ကိစ္စမရှိဘူး။ မင်းတို့ကောင်တွေကပဲ အနာဂတ်မှာ လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်ရမှာ
သူက လုဇြီကို ပခုံးပုတ်သည်။
မင်းရဲ့ပါရမီက ကျင်းကျင်းထက် သာတယ်။မင်း နဂါးငွေ့တန်းအဆင့်ကို ရောက်မယ့်အချိန်ကို ငါ စောင့်နေမယ်။ အဲ့ဒိအချိန်ကျရင်တော့ ငါ့တို့ရှိချင်မှ ရှိတော့မယ်။ ဒါပေမယ့် လူသားမျိုးနွယ်ကိုတော့ မင်းတို့တွေ ဆက်ပြီး ကာကွယ်သွားရမယ်
လုဇြီ: စိတ်မပူပါနဲ့အဘိုးကြီး နန်ကုန်း။ အ့ဒိအချိန်ကျရင် အဘိုးကြီး နန်ကုန်းတို့လည်း ရှိနေဦးမှာပါ။ ဒါပေါ့ ကျွန်တော်ကလည်း လူသားပဲလေ သေချာပေါက် မျိုးနွယ်ကို ကာကွယ်ရမှာပေါ့
အဘိုးကြီ နန်ကုန်းက သဘောကျသွားသည်။
ကောင်းတယ်ကွာ
သူက ပြုံးကာ ပြော၏။
မင်းက ပါရမီလည်း တော်တော်လေး ရှိတယ်။ ရုပ်လည်း တော်တော် ကြည့်ကောင်းတယ်။ မင်း ကျင်းကျင်းနဲ့အတူရှိဖို့ ကြိုးစားရှိရင်ရော ဘယ္လိုလဲ ။ ကျင်းကျင်းက လှတယ်၊ ပါရမီလည်း ရှိတယ်။  နဂါးငွေ့တန်းအဆင့် တစ်ယောက်ရဲ့ မြေးလည်း ဟုတ်နေသေးတယ်။ ပြီးတော့ ထိပ်တန်းအဆင့်ပိုင်းလည်း ဝင်တယ်။ ချမ်းလည်းချမ်းသာတယ်၊ လှလည်း လွတယ္ကြာ
လုဇြီ:..
နန်ကုန်းကျင်းက သူ့ကို စူးရဲစြာ ကြည့်နေတယ်။ သူ ဘာပြန်ပြောရမလဲ။ ဒီလူအိုကြီးက နန်ကုန်းကျင်း ယောင်္ကျားမရမှာကို တော်တော် ကြောက်နေတဲ့ပုံပဲ။
သူပင် ဘာမွ မပြောရသေး နန်ကုန်းကျင်းက ကူကယ်ရာမဲ့စွာဖြင့် ဝင်ပြောလာသည်။
အဘိုးကြီး သူက ကျွန်မ ကျောင်းသားလေ၊ ပြီးတော့ တွေ့ရာလူကို ဒီလို လိုက်ပြောနေလို့ မရဘူးလေ
ကြည့်ရတာ ပြောနေကြ ဖြစ်ပုံပဲ။ နန်ကုန်းကျင်းလည်း ဘာလုပ်ရမယ် မသိပေ၊ သူမရဲ့သံလက်သီးနဲ့ ဘိုးဘေးကို သြားထိုးလို့မွ မရလေဘဲ။အဘိုးကြီး နန်ကုန်းက သက်ပြင်းချသည်။
ငါ့ရဲ့ခ်စ္စရာ ကျင်းကျင်းလေး လက်ထပ်ပြီး ကလေးတွေ မွေးတာကို ငါ မသေခင် ကြည့်ချင်သေးတယ်။ ခ်စ္စရာ ကလေးသေးသေးလေးကို ငါ ဖက်ချင်တယ်။ အဲ့ဒိကလေးလေးရဲ့ ကလေးလေးကို ချီနိုင်ရင်တောင် ပိုကောင်းမယ်။ မဟုတ်ရင်ငါတော့ ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်မှာ မဟုတ်တော့ဘူး
လုဇြီ:..
နန်ကုန်းကျင်း:.
အဘိုးကြီးက သနားစရာကောင်းအောင် လုပ်ပြနေတာလား။ သူကေရာ ဘာလို့ ဆွဲထည့်ခံရတာလဲ။ နန်ကုန်းကျင်းကတော့ ခေါင်းသာ ကုတ်နေတော့သည်။ ထိုအခိုက် လုဇြီက တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ပြောသည်။
ဒါနဲ့ အဘိုးကြီး နန်ကုန်း ခုနကပြောတဲ့ စုဆောင်းပွဲဆိုလား အဲ့ဒါက ဘာကို ပြောတာလဲ။
နတ်သူငယ် နဂါးငွေ့တန်းနယ်မြေကို အလယ္ဗဟို နတ်သူငယ် နတ် နယ်မြေကို အဓိကထားပြီး ပိုင်းခြားထားတယ်။ အနောက်၊ တောင်၊ အရှေ့နဲ့ မြောက်ဘက် နယ်မြေတွေဆိုပြီး ပြန်ခွဲထားတာပေါ့။ နို့နှစ်ရောင် နဂါးငွေ့တန်း နယ်မြေက အရှေ့ဘက် နယ်မြေထဲမှာ ရှိတယ်
နတ်သူငယ် မျိုးစိတ်ရဲ့ လက်အောက်မှာ နေတဲ့ အခြားမျိုးစိတ်တွေက နတ်သူငယ် နဂါးငွေ့တန်း နယ်မြေနဲ့ မနီးကြဘူး။ အရှေ့ဘက် နယ်မြေက ငါးနှစ်တစ်ကြိမ် စုဆောင်းပွဲ ကျင်းပတယ်။ အရှေ့ဘက် နယ်မြေကနေ အရင်းအမြစ်တွေ အလကား လဲလှယ်လို့ရတယ်။ ဒါပေါ့ နဂါးငွေ့တန်း နယ်မြေထဲနေတဲ့ မျိုးစိတ်တွေပဲ တက်ရောက်ခွင့်ရှိတယ်။
လုဇြီ ခေါင်းညိတ်သည်။
ဒီလိုကိုး
နတ်သူငယ် နဂါးငွေ့တန်းနယ်မြေက အတော်ကြီးတာပဲ။ နတ်သူငယ် မျိုးနွယ်ရဲ့ ကာကွယ်မှုအောက်မှာ မျိုးစိတ် ရကျော်တော့ ရွိမွာ သေချာတယ်။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now