အခန်း290

118 19 0
                                    

အပိုင်း ၂၉၀ သူ့နှလုံးသားက အနားမရနိုင်တော့ဘူးလား

လုဇွီနဲ့လင်းလင်က လီချင်းယွန် ပြန်ပြောလိုက်သည့် စကားကို ကြားတော့ မျက်မှောင် ကြုတ်လိုက်မိတော့သည်။ သူတို့နဲ့တူနေတာပဲ။ အယ္ဒြန္က လုဇွီနောက်က အစဉ်လိုက် လိုက်လာရသည့် ဓားမြတွေကိုမြင်တော့ ထူးဆန်းသည့် အမူအယာ ဖြစ်သွားကာ ပြောလာ၏။

ဂျူနီယာ လုဇြီက ဓားနတ်ဆိုးတွေကို သေသေသပ်သပ် စီရတာကို ကြိုက်တယ်လို့ ငါ ကြားဖူးပေမယ့် အခုလို တကယ်ဖြစ်နေမယ်လို့တော့ မထင်ထားခဲ့မိဘူး

လုဇြီ ရှက်၇ွံ့စွာ ပြုံးလိုက်သည်။
ကျွန်တော် အကျင့်ဖြစ်နေလို့ပါ၊ ဒါက မတော်တဆပါ

အခြားတစ်ဘက်၇ှိ လီချင်းယွန်က ပြောလာသည်။
ပမာဏက အခုထက် ပိုများသင့်တယ် မဟုတ္လား၊ ကျန်တဲ့ ဓားမြတွေကရော

လုဇြီ လည်ပင်းပွတ်ရင်း ပြောလိုက်သည်။
ကျွန်တော် သတ်လိုက်ပြီ

အယ်ဒွန်နဲ့ လီချင်းယွန်က လုဇြီကို အံ့သြသလို ကြည့်လာခဲ့သည်။ အနည်းဆုံး လူနှစ်ရာတော့ ရွိမွာမဟုတ္လား၊ ဒါကို လုဇြီက အကုန္သတ္လိုက္တာလား၊ ကြောက်စရာပဲ။

သို့သော် တဖက္က ဓားမြတွေ ဖြစ်သည်။ သူတို့လည်း လိုအပ္လာပါက သတ်ဖြတ်လိုက်မည်သာ ဖြစ်ပေသည်။ ထိုအခိုက် သိုင်းအမြုတေအဆင့် ဓားမြတွေက အရူးလို ပြုံးကာ တညီတညွှတ်ထဲ ပြောလာသည်။

ဘ၀က တိုတောင်းတယ်၊ သေခြင်းတရားကပဲ ထာ၀ရရှင်သန်မှုကို ပေးနိုင်တယ်

လီချင်းယွန်နဲ့ အယ္ဒြန္တို့ မျက်မှောင်ကြုတ်လိုက်ကြသည်။
သူတို့က ဘာလဲဟ

ကျပ်မပြည့်တာများလား။ လုဇြီ ခေါင်းခါလိုက်၏။
လျှို့ဝှက်သိုင်းတစ်ခုခု မဟုတ်ရင် နတ်စွမ်းအင်တစ်ခုခုပဲ ဖြစ်မယ်၊ ကျွန်တော် သတ်လိုက်တဲ့ လူတိုင်းကလည်း ဖုန်တွေ ဖြစ်သွားကြတယ်

အားလုံး မျက်လုံးတွေ မှေးကျဉ်းလိုက်ကြတော့သည်။ ထိုအခိုက် ဒဏ်ရာပြင်းပြင်းထန်ထန် ရနေခဲ့သည့် အလင်း၀င်ပေါက် ဖွင့်လှစ်ခြင်းအဆင့် ဓားမြတွေက သိုင်းအမြုတေအဆင့် ဓားမြတွေပြောတာကို ကြားလိုက်ကြကာ ထလာကြသည်။ သူတို့က လုဇြီတို့ကို ကြည့်ပြီး အရူးလို ပြုံးပြန်၏။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now