အခန်း273

139 22 0
                                    

အပိုင်း ၂၇၃ ဆရာလျှိုက တကယ့်လူကောင်းပဲ

လုဇြီက ချိုးယွဲ့ဟော်ရှားက အင်ပါယာ အကယ်ဒမီကျောင်းတွင် ဆရာမတစ်ယောက်ရော ဟုတ်ရဲ့လားဆိုတာကို သေချာ မသိပေ။ အကယ်ဒမီအင်ပါယာ ကျောင်းသူ၊ကျောင်းသားတွေသာ သူတို့ရဲ့ဆရာမက ဗဟိုအစိုးရ တက္ကသိုလ်ရဲ့ကျောင်းသူကို သင်ပေးနေတာကို သိသြားပါက ဒေါသထွက်သွားလောက်ပေသည်။

နှစ်ရက်ကြာပြီးသည့်နောက် ကျင်းယောင်ဂြိုလ်မှ အကြောင်းကြားစာ ရောက်လာသည်။ သူတို့အား တာအို ဉာဏ်အလင်းပွင့် ခန်းမသို့ သွားရောက်နိုင်မည်ဖြစ်ကြောင်း ပြောလာပေသည်။ နန်ကုန်းကျင်းက ချိုးယွဲ့ဟော်ရှားကို ခေါ်သည်။ ထို့နောက် လင်းလင်နဲ့ လုဇွီတို့အပါအဝင် ယင်ယင့်ကိုပါ ခေါ်ရင်း ကျင်းယောင် ဂြိုလ်သို့ ထွက်လာခဲ့လိုက်တော့သည်။

သူတို့လေးယောက်လုံးက ယင်ယင့်ကို တာအိုဉာဏ်အလင်းပွင့်ခန်းမကိုတော့ ခေါ်သွားလိမ့်မည် မဟုတ်ပေ။ သို့သော် တစ်ယောက်တည်း ထားခဲ့ဖို့ရာကလည်း မဖြစ်နိုင်ခဲ့။ သူမက ဆာလောင်လွန်းလို့ တစ်ခန်းလုံးကို စားလိုက်ရင် ဘယ်လိုလုပ်ပါ့မလဲ။

အဖိုးကြီးနန်ကုန်းက ယင်ယင့်နားမှာ နေရင်း အကျိုးအမြတ် ရချင်ပုံရပေသည်။ တဲအိမ်လေးရဲ့ရှေ့တွင် နန်ကုန်းကျင်းရဲ့ သငေ်္ဘာပျံက ရပ်တန့်သွားခဲ့သည်။ သူတို့လေးယောက်လုံးက ယင်ယင့်ကိုပါ ခေါ်ရင်း ဆင်းလာလိုက်၏။ သူမေလးက ပတ်ဝန်းကျင်ကို စပ္စုသလို ကြည့်နေခဲ့သည်။

အဖိုးကြီးနန်ကုန်းက အပြင်တွင် စောင့်နေခဲ့ပြီးသားဖြစ်ပေ၏။

နန်ကုန်းကျင်းက ယင်ယင့်ကို ပြုံးကာပြောလိုက်သည်။
ယင်ယင်လေး ဒီအဖိုးကြီးက အစ်မရဲ့အဖိုးလေ ၊ဒီတစ္လေတာ့ မမတို့က အခြားနေရာမှာ သွားကျင့်ကြံကြမှာ ။ဒါကြောင့် ညီမေလးက ဖိုးဖိုးနဲ့နေလို့အဆင်ပြေမလား

ယင်ယင့်ရဲ့ခန္ဓာကိုယ်လေးက တောင့်တင်းသွားခဲ့သည်။ သူမက လေးယောက်လုံးကို ကြည့်ကာ မျက်တောင် တဖျတ်ဖျတ်ခတ်၏။

ဒီဂြိုလ်ရဲ့တစ်နေရာရာမှာ နေပြီး ကျင့်ကြံကြမှာလား

လုဇြီက ယင်ယင်ရဲ့ခေါင်းလေးကို ပွတ်ပေးသည်။
မစိုးရိမ်ပါနဲ့ ငါတို့ ယင်ယင့်ကို ထားခဲ့မွာ မဟုတ်ပါဘူး

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now