အခန်း ၃၁ : စာမေးပွဲကို မီးလောင်တိုက်သွင်းခြင်း

387 80 6
                                    

အခန်း ၃၁ : စာမေးပွဲကို မီးလောင်တိုက်သွင်းခြင်း

သူတို့၏ ယခင်က အတွေ့အကြုံအရ စာမေးပွဲတွင် ပေးထားသောမေးခွန်းများအားလုံးကို ဖြေဆိုရန် မလိုအပ်ကြောင်း သိရှိထားပြီးဖြစ်သည်။

ဖြေဆိုသူသည် အမှတ်တစ်မှတ်မှ မရခြင်းကဲ့သို့သော အဖြေချမရေးခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကိုသာ လက်ခံနိုင်မည်ဆိုပါက အရေးမကြီးသောမေးခွန်းများကို ကျော်ချနိုင်သည်။

ဖြေဆိုသူတစ်ယောက်သည် စာမေးပွဲကို အဆုံးသတ်နိုင်သည့် နည်းလမ်း သုံးမျိုးရှိသည်။ တစ်နည်းသည် အမြစ်ဖြတ်သုတ်သင်ခြင်းဖြစ်သည်။ နောက်တစ်နည်းမှာ အချိန်ကုန်သွားခြင်းဖြစ်ပြီး နောက်ဆုံးတစ်နည်းမှာ အဓိကမေးခွန်း(များ)ကို စောလျင်စွာ ဖြေဆိုခြင်းဖြစ်သည်။

မုဆိုးတုန်းက အဓိကမေးခွန်းမှာ အထူးပန်းကန်ခွက်ယောက်ကို ရှာဖွေခြင်းဖြစ်သည်။

ယခုအဓိကမေးခွန်းမှာ အဖတ်စွမ်းရည်မေးခွန်းဖြစ်သည့် လူရုပ်များ လက်ဆောင်ပေး၍ အိမ်အပြန်လမ်းကို ရှာဖွေခြင်းဖြစ်သည်။

ယခင်က ယွီဝမ်သည် လူရုပ်များကို လက်ဆောင်ပေးရန် အချိန်အကြာကြီး ယူရလိမ့်မည်ဟု တွေးထားခဲ့သည်။

ကျောက်ဝမ်ထူ၏ ဒိုင်ယာရီတွင် မှတ်တမ်းတင်ထားသည့်အတိုင်းသာဆိုလျှင် အားလုံးက အတူတကွ စုဝေးလိုက်ကာ ကြိုးစား၍ အရုပ်တစ်ရုပ်ချင်းဆီ၏ ပိုင်ရှင်မှန်ကို ခန့်မှန်းကာ နေ့တိုင်း တာဝန်၏ တစ်စိတ်တစ်ပိုင်းကို ဂရုတစိုက် ဖြည့်စည်းရုံသာဖြစ်သည်။

သူ၏အနှီရွှေပေါင်တံသည် ယင်းက နှေးကွေးလွန်းသည်ဟု တွေးကာ တစ်ညတည်းနှင့် အပြီးသတ်ချင်နေမည်ဟု သူလုံးဝမမျှော်လင့်ထားခဲ့ပါချေ။

အိမ်ထောင်စု ဆယ့်ရှစ်စုကို တစ်ညတည်းနှင့်လား။

ဘယ်လို ဟာသမျိုးလဲ....

သူတို့သည် ယိုဟော့ကို မယုံကြည်ခြင်းကြောင့်မဟုတ်ပေ။ မည်သို့စတင်ရမည်ကို မသိခြင်းသာဖြစ်သည်။

သူတို့အိမ်သို့ ပြန်ရောက်ချိန်တွင် ညဉ့်နက်နေပြီဖြစ်၏။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now