အခန်း ၅၁: တွေ့နေရသော်လည်း မမှတ်မိခြင်း

345 82 10
                                    

အခန်း ၅၁: တွေ့နေရသော်လည်း မမှတ်မိခြင်း

တံခါးသည် အနည်းငယ်ပင် ပွင့်နေပြီ။

ပွင့်နေသည့်တံခါးကြားလေးမှ ဝင်လာသော အလင်းသည် ဆုံးဖြတ်ချက်ပြတ်သားသောအမျိုးသမီး၏ စိမ်းဖန့်နေသော မျက်နှာကို အလင်းပေးနေသည်။

"လုပ်လို့ရလား" ယိုဟော့က မေးသည်။

021 သည် စိတ်ထဲမှာ လွန်ဆွဲနေသည်: ".....မရဘူး"

ယိုဟော့က သူမကို တိတ်တဆိတ်ကြည့်နေသည်။

ထို့နောက် ထပ်ဖြည့်ပြောသည်: "အဲဒါက အရမ်းခက်ပြီး အန္တရာယ်လည်းများတယ်"

ယိုဟော့: "ဥပမာပြောရင်.."

"ဥပမာ........." 021 သည် ဦးနှောက်ခြောက်အောင် စဉ်းစားလိုက်သည်: "ဒါမျိုး တစ်ခါဖြစ်ဖူးတယ်၊ စာမေးပွဲခန်းစောင့်တစ်ယောက်က မှားပြီး ဖြေဆိုသူကို လူရှိပြီးသားသူ အခန်းထဲကို ပိတ်ထားလိုက်တာ"

ယိုဟော့သည် တံခါးဘေးတွင် မှီလျက် သူမတောင်တောင်အီအီ ဆက်ပြောတာကို စောင့်နေသည်။

021 ကဆိုသည်: "တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖြေဆိုသူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်သိကြတယ်၊ ပိုပြီးတိုက်ဆိုင်သွားတာက တစ်ယောက်က နောက်တစ်ယောက်ရဲ့ အိပ်မက်ဆိုးဖြစ်နေတာပဲ။ ဒါကိုရင်းနှီးမနေဘူးလား"

ယိုဟော့က ဆိုသည်: "ဆက်ပြော"

021: "တိုတိုပြောရရင် A တွေ့ဖို့အကြောက်ဆုံးအရာက B ဖြစ်ပြီး B တွေ့ဖို့အကြောက်ဆုံးလူက A ဖြစ်နေတယ်။ အဲဒီလိုမျိုးပဲ။ အဲဒီနှစ်ယောက်ကို အကျဉ်းခန်းတစ်ခုတည်းမှာ ထားလိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ"

မိန်းမပျိုက တောင်ရောက်မြောက်ရောက်ပြောနေရုံတင်မကဘဲ ခန္ဓာကိုယ်ဖြင့်ပင် လက်ဟန်ခြေဟန်ပြလိုက်သေးသည်။

သနားစရာက သူမပရိသတ်က နားမဝင်ခဲ့ဘူး။

ကံကောင်းစွာနှင့် သူမသည် တစ်ဖက်လူ၏ အေးစက်ပြီး သီးသန့်ဆန်သော အပြုအမူနှင့် ရင်းနှီးနှင့်ပြီးဖြစ်သည်။ ယိုဟော့ စကားပြောတာကိုပင်မစောင့်တော့ဘဲ သူမက လျှို့ဝှက်ချက်၏ အဖြေကို ဖော်ထုတ်လိုက်သည်: "အကျဉ်းခန်းတစ်ခုတည်းမှာ A နှစ်ယောက် B နှစ်ယောက်ဖြစ်သွားတယ်"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now