အခန်း ၁၂၆: သင်္ဘောကူး(ပြောင်း)တဲ့ တီးလီ

193 45 8
                                    

အခန်း ၁၂၆: သင်္ဘောကူး(ပြောင်း)တဲ့ တီးလီ

ရုပ်ရှင်ပြစက်ခန်းတွင် အခြေအနေသည် ဖရိုဖရဲဖြစ်နေလေသည်။

ကျန်ရှိသောတခြားသူများအားလုံး ရူးသွပ်နေသည့်အချိန်တွင် ကျောင်းသားခေါင်းဆောင်ကမူ အမှန်တကယ်ပင်‌ ပျော်ရွှင်မြူးထူးစွာ သူတို့ကို နှုတ်ဆက်စကားဆိုနေသည်။

ယိုဟော့နှင့်ချင်ကျိုးကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားစွာ အော်ခေါ်လာလေသည်။ "ကော!"

ယွီဝမ် : "???"

သူသည် ခြေဖျားထောက်ကာ ယိုဟော့နောက်မှ သူ့မျက်နှာပေါ်စေရန် အကောင်းဆုံးကြိုးစားလိုက်သည်။ "လူဆိုးခေါင်းဆောင်" ကိုစိုက်ကြည့်၍ သတိအပြည့်နှင့် မေးလိုက်သည်။ "မင်းက ဘယ်သူလဲ၊ ဘယ်သူ့ကို 'ကော' လို့ခေါ်နေတာလဲ"

"သူတို့နှစ်ယောက်ကိုခေါ်တာလေ၊ ယိုကောနဲ့ ချင်ကော" ကျောင်းသားသည် သူ့စိတ်လှုပ်ရှားမှုတို့ကို အရှိန်သပ်လိုက်ပြီးနောက် သူတို့နောက်မှ ဝူလိနှင့် ရှုးရွှယ်တို့ကို သတိထားမိသွား၏။ သူက လက်ပြ၍ နှုတ်ဆက်လာသည်။

"ဝူကျဲနဲ့ ရှုးကျဲ တို့လည်း ဒီရောက်နေတာလား"

"ကျွန်တော့်ကို မှတ်မိသေးလား" သူက သူ့ကိုယ်သူ ကောင်းကောင်းသိ၍ သူ့ခေါင်းကို ညွှန်ပြလာသည်။ "ကျွန်တော့်မျက်နှာက အရမ်းအထူးခြားကြီးမဟုတ်ရင်တောင်မှ ဆံပင်ဖြူတွေကတော့ သိသာမှာပါ"

ချင်ကျိုးက ဆိုသည်။ "ဟုတ်တယ်၊ တီးလီမလား"

တီးလီသည် သူ့ကိုမှတ်မိသောကြောင့် အလွန်အမင်း ပျော်ရွှင်သွား၏။ အလျင်အမြန်ပင် သူ၏ သွားတက်လေးကို ပြလာခဲ့သည်။ "ဟုတ်တယ်!"

"ကော သူက ဘယ်သူလဲ" ယွီဝမ်သည် ခပ်တိုးတိုး မေးလိုက်သည်။

ယိုဟော့က သူ့ခေါင်းကို စောင်းငဲ့၍ ဆိုသည်။ "သမိုင်းစာမေးပွဲမှာ အတူတူဖြေခဲ့တာ၊ မင်းနဲ့ ရွယ်တူလောက်ပဲ"

ရှုးရွှယ်သည် တီးလီကို ပြန်ပြုံးပြလိုက်ပြီးနောက် ထပ်ဖြည့်ပြောလာသည်။ "သူက တော်တော်လေးဉာဏ်ကောင်းပြီး အစပိုင်းမှာ ပထမအဆင့် ရခဲ့တာလေ၊ ထိပ်တန်းကျောင်းသားလေး"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeΌπου ζουν οι ιστορίες. Ανακάλυψε τώρα