အခန်း ၁၃၁: သူ့လူကိုယ့်ဖက်သား စပိုင်

192 38 0
                                    

အခန်း ၁၃၁: သူ့လူကိုယ့်ဖက်သား စပိုင်

ဂျွတ်___

ရုတ်တရက် အသံတိုးတိုးတစ်သံ ကြားလိုက်ရ၏။

"ဘာကျိုးသွားတာလဲ"

လူတိုင်းက အသံလာရာသို့ လှမ်းကြည့်လိုက်သော် လောင်ယွီ ရှက်ရွံ့နေသောဟန်ဖြင့် အလျင်စလို ထရပ်လိုက်သည်ကို မြင်လိုက်ရသည်။

"အတွေးလွန်သွားပြီး ထိုင်ခုံက အိတ်ပေါ်ဖိမိနေတာကို မမြင်လိုက်ဘူး"

"အမယ်လေး မြားတွေက အဲဒီအထဲမှာ!" ယွီဝမ်သည် အိတ်ကို စစ်ဆေးရန် အပြေးသွားလိုက်သည်။ "လောင်ယွီ... အဆင်ပြေရဲ့လား"

လောင်ယွီက ရှက်ရမ်းရမ်းကာ လက်ကိုဝှေ့ယမ်းပြလိုက်သည်။ "ငါဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး၊ ဘာလို့ ငါ့ကိုကြည့်နေတာလဲ မြားကိုသာကြည့်!"

"ကြည့်နေပါတယ်" ယွီဝမ်သည် အလောသုံးဆယ် မြားတို့ကို စစ်ဆေးကြည့်လိုက်ပြီးနောက် ဒေါသထွက်စွာ ပြောလာသည်။ "လောင်ယွီ... ဝိတ်ချဖို့ လိုနေပြီ"

သူက အိတ်ထဲမှမြားတစ်ချောင်းကို ထုတ်ယူလိုက်ပြီးနောက် ၎င်းမြားကျိုးနေသည့်ပုံစံအရဆိုလျှင် လောင်ယွီထိုင်ချလိုက်စဉ်က ထိုင်ခုံခြေထောက်ရှိနေခဲ့သောနေရာဖြစ်နိုင်သည်။

လောင်ယွီသည် အလွန်ရှက်နေသောကြောင့် တစ်ခုခုပင် တုံ့ပြန်မပြောနိုင်တော့ပေ။

တစ်ဖက်တွင် တီးလီသည် ရုတ်တရက် အော်လိုက်သည်။ "ဟုတ်သားပဲ လက်နက်တွေရှိသေးတာပဲ!"

"ဘာလဲ"

"ငါက အသက်ရှင်ဖို့ပဲ တအားလုံးပမ်းနေတော့ လက်နက်တွေအကြောင်း မေ့တော့မလို့.. မေးခွန်းထဲမှာ ဖြေဆိုသူတွေက လက်နက်ဖျက်ဆီးမိရင် အမှတ် ၅ မှတ်နှုတ်ခံရမယ်လို့ ပြောတယ်မလား၊ အဲဒါကို ပြောင်းပြန်တွေးကြည့်ရင် လက်နက်တစ်ခုကို ချိုးလိုက်တဲ့အတွက် အစ်ကိုတို့ အပိုမှတ်ရသင့်တာပေါ့"

တီးလီသည် သူ၏ ရှာဖွေတွေ့ရှိမှုအတွက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

သို့သော် ချင်ကျိုးက ပြောလာ၏။ "အဲလိုလည်း မဟုတ်ဘူး"

တီးလီသည် အေးခဲသွားသည်။ "ဘာလို့လဲ"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now