အခန်း ၆၁: လှိုင်းကို ထိုးခွဲခြင်း

349 75 5
                                    

အခန်း ၆၁: လှိုင်းကို ထိုးခွဲခြင်း

ကုန်သင်္ဘောများ သူ၏မူလနေရာသို့ ပြန်ပို့ခံလိုက်ရသည်နှင့် သူတို့သည် စက်ဝိုင်းကဲ့သို့ တစ်ပတ်လည်သွားကာ တစ်ဖန် အနှီဖြူဖျော့ဖျော့မျက်နှာများနှင့် မျက်နှာချင်းဆိုင်ဖြစ်သွားသည်။

ပဲ့ကိုင်သည် ထိုသို့ရုတ်တရက်ဆန်သော လှုပ်ရှားမှုအပြောင်းအလဲကြောင့် ပစ်ထုတ်ခံလိုက်ရကာ ထိုမျက်နှာများအနက် တစ်ခုကို အနမ်းပေးမိတော့မလိုဖြစ်သွားသည်။ သူက ကြူကြူပါအောင်အော်ကာ ကြောက်လန့်တကြား လေးဘက်တွား၍ ထွက်ပြေးလာသည်။

"အားလုံး သင်္ဘောခန်းတွေထဲဝင်ကြ!" ကပ်ပတိန်သည် ကြိုးချည်ရန်သုံးသော ရွက်တိုင်တစ်ခုထက်တွင် ရပ်ကာ ထိုအမိန့်ကို ပေးလိုက်သည်။

မျက်နှာနံရံများထံမှ လေသည် အလွန်ပြင်းထန်သောကြောင့် သူ့မျက်လုံးများပင် မဖွင့်နိုင်ပေ။

ထိုအမိန့်ကို ပေးပြီးနောက် သူ့ကို ဆွဲချလိုက်ကြသည်။ သင်္ဘောသားများအားလုံးသည် လေ့ကျင့်ထားသကဲ့သို့ သင်္ဘောခန်းများထဲသို့ ခုန်ဝင်လိုက်ကြသည်။

လူအများစုက သွေးပျက်ကာ ထွက်ပြေးနေချိန်တွင် ယိုဟော့ကမူ တစ်ဖက်တွင် အနားသို့ တိုးကပ်သွားလေသည်။

သူက အဖြူရောင်မျက်နှာနံရံများဆီသို့ ခြေလှမ်းအချို့တိုးကပ်သွားကာ တစ်ခုခုကို စစ်ဆေးလိုသည့်နှယ်.....

"ကြည့်မနေနဲ့တော့။ မင်းအသက်မရှင်ချင်တော့ဘူးလား" ဒုခေါင်းဆောင်သည် တရုတ်လို အော်ဟစ်ကာ သူ့ကို အကြမ်းပတမ်း ဆွဲခေါ်သွားသည်: "မြန်မြန် အထဲဝင်"

မျက်စိတစ်မှိတ်အတွင်း ကုန်သင်္ဘောသုံးစီး၏ ကုန်းပတ်များသည် ဗလာကျင်းသွား၏။ လူတိုင်းသည် သင်္ဘောခန်းများအတွင်းသို့ ဝင်သွားကြသည်။

သင်္ဘောသားတစ်ဦးသည် တမဟုတ်ချင်း အံဝှက်တံခါးကို ဆွဲပိတ်လိုက်ကာ ကြိုးဖြင့် တင်းတင်းချည်လိုက်ပြီးနောက် သူ့မျက်နှာတွေ သွေးရောင်မရှိတော့ဘဲ လှေကားထက်သို့ ပြိုလဲကျသွားသည်။

ဒုခေါင်းဆောင်သည် ကြိုးကို မှီနေကာ ခဏလောက် မောဟိုက်နေလေသည်။ သူက ထိတ်လန့်မှုမှ ပြန်မသက်သာလာသေးပေ။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now