အခန်း ၉၈: ကံကောင်းသော လောင်းကစားနတ်ဘုရား

252 60 5
                                    

အခန်း ၉၈: ကံကောင်းသော လောင်းကစားနတ်ဘုရား

သူသည် စနစ်ကို ဒေါသထွက်အောင် လုပ်မိသည့်အတွက် ပြန်ပေးဆပ်ရခြင်းပေလား သို့မဟုတ် ချင်ကျိုးကိုယ်၌ကပင် သိပ်ကံမကောင်းခြင်းပဲလား မပြောနိုင်....

ပထမဆုံးကစားပွဲအတွက် ကတ်ဝေသူက ခွက်ကို မြှောက်လိုက်သောအခါ...

စုံဂဏန်း

"ဖိုးကံကောင်း" ယိုဟော့၏ မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလို ကြည်လင်သွားသည်။

သူက သူ့ကံအတွက် ဂုဏ်ယူသည့်ခံစားချက်နှင့် ချင်ကျိုးကို အနိုင်ယူလိုက်နိုင်သည့်ခံစားချက်အကြား ဒွိဟဖြစ်နေလေသည်။

ဘေးကကြည့်နေသူများသည် သူတို့ပဲ အခုလေးတင် အာမခံအောင်လက်မှတ်ကတ်ကို ဆုံးရှုံးလိုက်ရသကဲ့သို့ ရင်ဘတ်ထုလိုက် ခြေထောက်ဆောင့်လိုက် ဖြစ်နေကြ၏။

"ရူးနေပြီ။ သူတို့တွေ သေချာပေါက် ရူးသွားကြပြီ"

"ငါ့လခွမ်းတဲ့မှ ငါက ကံကောင်းခြင်းနတ်ဘုရားနှစ်ပါး အာမခံအောင်လက်မှတ်ကတ်ကို ငါးစာအဖြစ်သုံးပြီး ကတ်တွေအပုံလိုက် ယူသွားမယ်လို့ ထင်ပြီး လာကြည့်တာ.. အခုတော့ဖြင့် ဒါကြီးက..."

"ဒါက အာမခံအောင်လက်မှတ်ကတ်နော် သိရောသိကြရဲ့လား!"

မရေမတွက်နိုင်သော မျက်လုံးများအောက်တွင် ယိုဟော့သည် အာမခံအောင်လက်မှတ်ကတ်ကို စားပွဲ၏အစွန်းတစ်ဖက်သို့ တွန်းပို့ပေးလိုက်၏။

NPC ကြွက်သည် အလွန်အင်မတန် သဘာဝကျစွာ ပြုမူနေသည်။ သူက ကတ်ကို ပိုင်ဆိုင်လိုက်ရ၍ စင်စစ် ပျော်ရွှင်သွားသည့်အတိုင်း မြူးထူးစွာ ခုန်ပေါက်နေလေသည်။

ကတ်ဝေသူက သတိပေးလာ၏။ "သုံးပွဲ ကစားရပါမယ်။ ဒီကစည်းမျဉ်းအရ အလောင်းအစားလုပ်သူတွေက သုံးပွဲမပြီးမချင်း စားပွဲကနေ ထသွား၍ မရပါဘူး"

ပထမပွဲအတွက် တင်ထားသော စားပွဲပေါ်ရှိလောင်းကြေးများကို ပြန်ယူသွားလို့မရပေ။ ထပ်ဖြည့်၍သာရသည်၊ ပြန်နှုတ်၍မရ။

ဆိုလိုသည်မှာ ကစားပွဲဆက်လာသည်နှင့်အမျှ လောင်းကြေးသည်လည်း ပိုကြီးလာမည်ဖြစ်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeDär berättelser lever. Upptäck nu