အခန်း ၈ - တန်ပြန်လက်ဆောင်

547 101 25
                                    

အခန်း - တန်ပြန်လက်ဆောင်

အခန်းတွင် ချိတ်ထားသော ကြက်ဖ၏လည်ပင်းက တစ်ဖန်ပြန်လှည့်လာ၍ အော်မြည်လျက် ပြတင်းအပြင်သို့ ကြည့်နေလေသည်။

စာမေးပွဲခန်းစောင့် သုံးယောက်က နှင်းမုန်တိုင်းကိုဖြတ်၍ လျှောက်လာနေကြသည်။ တံခါးပွင့်သွားသည်နှင့်တစ်ပြိုင်နက် သစ်သားအိမ်လေးအတွင်း အအေးဓာတ်က စိမ့်ဝင်လာလေသည်။

ရင်းနှီးနေသော မြင်ကွင်း၊ ရင်းနှီးနေသော လူများ။

အခန်းအတွင်းရှိ လူအို၊ လူပျော့၊ လူမမာတို့၏ မျက်နှာများ အားလုံး တောင့်တင်းနေကြသည်။

154 ၏ မျက်နှာမှာ ပို၍ပင် မာထန်နေတော့သည်။ "ကျွန်တော်တို့ စည်းကမ်းချိုးဖောက်မှု သတိပေးချက် ထပ်ရထားတယ်"

သူက မှတ်စုတစ်ခုကို ဆွဲထုတ်လိုက်ပြီး ပြောသည်။ "သတိပေးစာမှာတော့ တစ်ယောက်သောဖြေဆိုသူက..."

"ဘယ်တော့မှ လိုက်နာတတ်လာမှာမဟုတ်တဲ့ ချစ်စရာကောင်းပြီး ရိုကျိုးတဲ့ ဖြေဆိုသူလေ" ချင်ကျိုးက လက်အိတ်ချွတ်ရင်း ကျီစယ်သလို ထပ်ဖြည့်ပြောလိုက်သည်။

"ပြဿနာရှိလို့လား" ချင်ကျိုးက မျက်ခုံးပင့်လိုက်သည်။

154 : "..... မရှိပါဘူး"

ယိုဟော့လိုလူကို "ချစ်စရာကောင်းပြီး ရိုကျိုးတယ်" လို့ပြောတာ ခေါင်းဆောင်က ဘယ်လောက်တောင် မျက်စိမှောက်နေလို့လဲ။

ဒါပေမဲ့ ပြောတဲ့သူက သူ့ခေါင်းဆောင်ဆိုတော့... သူ့မှာပဲ ဒီလိုအဓိပ္ပါယ်မရှိတာတွေပြောနိုင်တဲ့ အာဏာရှိတာလေ။

ယိုဟော့က လက်ပိုက်လျက် နံရံကိုမှီရင်း ချင်ကျိုးကို အေးစက်စက် ကြည့်လိုက်သည်။

ချင်ကျိုးက နှုတ်ခမ်းတွင် ပြုံးမယောင်သန်းလျက် သူ့ကိုပြန်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကြားရှိ မီးဖိုမှ နွေးထွေးသော အလင်းရောင်အောက်တွင် သူက နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြသည်။

ထိုအပြုအမူမှာ အလွန် လူကြီးလူကောင်းဆန်သော်လည်း မျက်နှာထားမှာတော့ အပြောင်အပြက်ဆန်နေသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now