အခန်း ၂၄: အရုပ်ချုပ်မလား၊ မချုပ်ဘူးလား

366 73 5
                                    

အခန်း ၂၄: အရုပ်ချုပ်မလား၊ မချုပ်ဘူးလား

အဖတ်က အကြားထက် ပို၍ စိတ်ပျက်လက်ပျက်ဖြစ်စရာကောင်းသည်။

အုပ်စုကြီးသည် အားလုံး အတူတကွ ပင့်သက်ရှိုက်လိုက်ကြသည်။ သူတို့ ရှိုက်လာသော ပင့်သက်ပင် ပြန်ရှူမထုတ်နိုင်သေးခင် လောင်ယွီ၏ အော်သံသည်ကား ပျံ့လွင့်လာလေသည်။

"အမယ်လေး၊ ဒီကို မြန်မြန်လာကြဦး"

တစ်ညတာကာလလေးတွင်ပင် ချန်ပင်းနှင့် လျန်ယွမ်ဟောက်၏အိမ်သည် ဇောက်ထိုးမိုးမျှော်ဖြစ်နေလေသည်။

အိပ်ခန်းအတွင်းတွင် သွေးများ နေရာတကာတွင် ရှိနေ၏။ ကြမ်းပြင်၊ နံရံများနှင့် အိပ်ရာပေါ်တွင်လည်း ရှိနေလေသည်... ထို့အပြင် အိမ်ရှေ့တံခါးမှ အပြင်ဘက်ထိ ဦးတည်နေသော စွပ်ကြောင်းရာရှည်ကြီး နှစ်ကြောင်းကိုလည်း မြင်နေရပေသည်။

အားလုံး ကမန်းကတန်း ပြေးလာကြချိန်၌ လောင်ယွီသည် ဧည့်ခန်းထဲမှ နံရံတွင် အင်္ဂတေကိုင်ခံထားရသည့်အလား ကပ်နေလေသည်: "ငါဝင်ဝင်ချင်းကို သောက်ရမ်းလန့်ဖျပ်သွားတာပဲ၊ မတ်တပ်ရပ်စရာ နေရာတောင်မရှိဘူး"

"သေစမ်း... ဘာတွေဖြစ်နေတာလဲ၊ သူတို့ဘယ်မှာလဲ"

လောင်ယွီက ပွင့်နေသော အိပ်ခန်းတံခါးထံသို့ လက်ညှိုးထိုးပြလိုက်သည်: "အိပ်ရာထဲမှာပဲဖြစ်လိမ့်မယ်၊ စောင်ပုံထဲမှာ တစ်ခုခုဖောင်းနေတယ်၊ ငါတစ်ခါနှစ်ခါ ခေါ်ကြည့်လိုက်ပေမယ့် ဘယ်သူမှ ပြန်မဖြေဘူး... စောင်ကို ခွာကြည့်ချင်ပေမယ့် အရမ်းအလျင်စလိုနိုင်သွားမှာလည်း စိုးရိမ်တာနဲ့"

အခြားသူများ၏ မျက်နှာများမှာ ဖြူဆုတ်နေလေပြီ။ ၎င်းတို့သည် ဤကဲ့သို့သော မြင်ကွင်းမျိုး တစ်ခါမျှ မမြင်ဖူးကြပါချေ။

"သူ သူတို့ အသက်ရှင်သေးရဲ့လား" ယွီဝမ်က ကြောက်လန့်တကြား မေးမြန်းလာ၏။ လောင်ယွီသည် တိတ်ဆိတ်နေလေသည်။

ဤမျှသော သွေးပမာဏကိုကြည့်မည်ဆိုလျှင် မည်သူမဆို သေနှင့်ပြီးဖြစ်လောက်ပေမည်။

ထပ်လောင်းပြောရလျှင် သွေးညှီနံ့မှာ ခပ်ပျပျသာ ရတော့သည့်အပြင် ကြမ်းပြင်ပေါ်မှာ သွေးများမှာလည်း ခြောက်သွေ့နေသည်ဖြစ်ရာ... ညတွင်းချင်း ခြောက်သွားခြင်း ဖြစ်နိုင်လေသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now