အခန်း ၃၂: ပြစ်ဒဏ်
ထိုအခိုက်အတန့်တွင် ချင်ကျိုးသည် စာမေးပွဲခန်းစောင့်တစ်ယောက်နှင့်မတူဘဲ ထိန်းမနိုင်သိမ်းမရသော ဖြေဆိုသူတစ်ယောက်နှင့် ပိုတူနေလေသည်။ ထိုသို့သော အထက်စီးဆန်မှုတွင် အထိန်းအကွပ်မဲ့မှုအရိပ်အယောင်များကိုလည်း တွေ့နေရသည်။ ထိုအရာသည် လူတော်တော်များများအတွက်မူ အလွန်ဆွဲဆောင်မှုရှိသောအရာဖြစ်သည်ကို လက်သင့်ခံရမည်ဖြစ်သည်။
ထိုသူကို ရက်အနည်းငယ်ခန့်သာ သိကျွမ်းဖူးသည်မှာ အသိသာကြီးဖြစ်သော်လည်း ယိုဟော့၏စိတ်တွင် အလိုအလျောက်ပင် အားကောင်းသော အတွေးတစ်ခုဝင်နေလေသည်။
ထိုအခိုက်အတန့်သည် ချင်ကျိုး၏ စိတ်နေသဘောထားအစစ်အမှန်နှင့် အနီးစပ်ဆုံးဖြစ်သည်ဟု... သူက ခံစားလိုက်ရသည်။ ယင်းမှာ အလွန့်အလွန်ပင် မျက်စိပသာဒလည်း ဖြစ်နေတော့သည်။
ချင်ကျိုးသည် သူ့ရှေ့တွင် ရပ်တန့်လိုက်ပြီး သူ့အိတ်ကပ်ထဲမှ မီးခြစ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ "ဒါကို မြစ်နံဘေးမှာ ရှာတွေ့ခဲ့တာ။ ဘယ်လိုမျိုး သိပ်မနာခံတတ်တဲ့ ဖြေဆိုသူကများ ပစ္စည်းတွေကို ဟိုပစ်ဒီပစ် ပစ်ထားတာလဲလို့ တွေးနေမိတာ"
ယိုဟော့၏ အမူအရာမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။ စိတ်ထဲတွင်တော့ သူရူးသွားတာဖြစ်ရမည်ဟု သူကတွေးလိုက်သည်။ -င်ကြီးကိုပဲ မျက်စိပသာဒ ဖြစ်နေလိုက်။ (T/N သူဆဲပြီလေ)
ချင်ကျိုးသည် မီးညွန့်လေး ပေါ်လာအောင် မီးခြစ်အဖုံးကို ဆတ်ခနဲတောက်လိုက်သည်။ ထို့နောက် လေမှုတ်လိုက်ပြီး ပြန်ပိတ်လိုက်သည်။
"လိုချင်တဲ့သူ မရှိဘူးလား"
ယိုဟော့သည် ပြန်ဆွဲယူလိုက်ပြီး အေးတိအေးစက်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ "မင်း ရန်မစဘဲနဲ့ စကားမပြောတတ်ဘူးလား"
ချင်ကျိုးက ရယ်လိုက်သည်။ သူက တည်ကြည်စွာဖြင့်ဆိုသည်။ "မင်းလည်း ထိုနည်းလည်းကောင်းပါပဲ"
ယိုဟော့၏ မျက်နှာထားမှာ တင်းမာသွားတော့သည်။
သူက ချင်ကျိုးကို ဆက်ပြီး အရေးမစိုက်ချင်တော့သော်လည်း စက္ကန့်အနည်းငယ်အကြာတွင် မေးလိုက်သည်။ "ဒီလောက်ကြီးတဲ့မီးတွေ မင်းစမွှေးလိုက်တာလား"
JE LEEST
တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_Unicode
ActieOfficial English Title (Global Examination) mostly known as Global University Entrance Examination_GUEE တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲလို့ခေါ်တဲ့ system ထဲကို ရုတ်တရတ် ခေါ်သွင်းခြင်းခံလိုက်ရတဲ့ ယိုဟော့.. အဲဒီမှာ သူလိုပဲ ကံမကောင်းတဲ့ တခြားဖြေဆိုသူတွေန...