အခန်း ၉၂

269 61 15
                                    

အခန်း ၉၂

ယိုဟော့သည် ဘုန်းတော်ကြီးနှင့် စုတ်ပြဲနေသော စုန်းအတတ်စာအုပ်မှ အချက်အလက်များ ထပ်မံစုဆောင်းပြီးနောက် အမှန်တရား၏ ၈၀ - ၉၀ ရာခိုင်နှုန်းခန့်ကို အနည်းနှင့်အများ ချိတ်ဆက်ဖော်ထုတ်လိုက်နိုင်သွား၏။

အနည်းငယ်ထပ်တွေးကြည့်ပြီးနောက် သူသည် အကျဉ်းစခန်းသို့ ပြန်သွားကာ နတ်ဆေးဆရာကို သွားခေါ်ခဲ့သည်။ လူသေများကို လွတ်မြောက်စေရန် လူနှစ်ယောက် သေကိုသေရမည်။

မြို့စားကြီးနှင့် နတ်ဆေးဆရာ။

ကျိန်စာပျက်ပြယ်သွားသည်နှင့်တစ်ဆက်တည်း ရဲတိုက်မီးလောင်ကျွမ်းသွားပါလျှင် ဤကျိန်စာသင့်နေသော ခံရသူသားကောင်များသည် အသက်ပြန်ရှင်သန်လာရန် ဖြစ်နိုင်ချေ... ရှိလောက်သည်ဟု ဘုန်းတော်ကြီးက ပြောခဲ့သည်။

နတ်ဆေးဆရာနှင့် မြို့စားကြီး နှစ်ဦးစလုံး ပြန်လည်အသက်ဝင်လာလိမ့်မည်မဟုတ်ဘဲ ခံရသူသားကောင်များသည်လည်း သေဆုံးရလိမ့်မည်မဟုတ်ပေ။

စမ်းကြည့်၍ အကျိုးမယုတ်နိုင်..

ထို့ပြင် သူ့တွင်အကြံတစ်ခုရှိသည်၊ သို့သော်လည်း မြို့စားကြီးအကူအညီလိုအပ်သည်။ အဆိုပါ သူရူးသည် ပို၍ ပူးပေါင်းလိုစိတ်ရှိပါစေဟု မျှော်လင့်ရသည်ပင်။

သူက မြို့ထဲမှ ရထားလုံးတစ်စီးကို စီး၍ နတ်ဆေးဆရာကို ရဲတိုက်သို့ ပြန်ဆွဲခေါ်လာခဲ့သည်။

ရဲတိုက်သည် ပရမ်းပတာဖြစ်နေသည်။ စင်္ကြံတွင် ဖြေဆိုသူများနှင့် ပြည့်နေ၏။

ယိုဟော့သည် တစ်ခုခုမူမမှန်မှန်း ချက်ချင်း အာရုံရနေသည်၊ ထိုသည့်တိုင် သူ့ခြေလှမ်းများကိုမူ ရပ်တန့်မပစ်ခဲ့ပေ။ အခြားအရာများနှင့်ယှဉ်လျှင် လက်ထဲကကိစ္စသည် ပို၍ အရေးကြီးသည်။

မှိန်ပျပျ ဖယောင်းတိုင်မီးသည် အခန်းအတွင်းမှ သဲ့သဲ့ထွက်ပြူနေသည်။ ယိုဟော့သည် လက်တစ်ဖက်တွင် နတ်ဆေးဆရာကို တစ်ရွတ်တိုက်ဆွဲလာပြီး ကျန်တစ်ဖက်တွင်မူ ဓားတစ်ချောင်းကို ကိုင်ထားသည်။ သူက ခြေရင်းတွင်ဖြာကျနေသောအလင်းရောင်ကို ငုံ့ကြည့်လိုက်သည်တွင် ရုတ်တရက် အသည်းနှလုံး တုန်ယင်သွားသည်ကို ခံစားလိုက်ရ၏။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now