အခန်း ၁၄၈: အပျက်အစီးများ

365 64 23
                                    

အခန်း ၁၄၈: အပျက်အစီးများ

စာမေးပွဲခန်းစောင့်တစ်ဦးဖြစ်လာခဲ့သော ချင်ကျိုးသည် ဒုက္ခများစေသောတည်ရှိမှုတစ်ခု ဖြစ်နေဆဲပင်။ စနစ် စိတ်ပူပန်ရလောက်သည်အထိ သူသည် ထိုပုန်ကန်ထကြွလိုသောဉာဉ်လေးနှင့် မွေးဖွားလာခဲ့ခြင်းဖြစ်နိုင်သည်___ သူသည် စည်းကမ်းချိုးဖောက်ခြင်းကို နေ့စဉ်ထမင်းစားရေသောက်နေသကဲ့သို့ သဘောထားပြီး စာမေးပွဲခန်းစောင့်တစ်ဦးဖြစ်လာပြီးသည့်တိုင်အောင် ဆက်လက်လုပ်နေဆဲဖြစ်သည်။

စည်းကမ်းတို့ကို လေးကြိမ်တိုင်တိုင် ချိုးဖောက်လိုက်ပြီးသည့်အချိန်တွင်တော့ စနစ်သည် သည်းမခံနိုင်တော့ပေ။ စနစ်သည် စည်းကမ်းချက်များအောက်တွင် သတ်မှတ်ချက်တစ်ခု ထပ်ဖြည့်လာသည်၊ ယင်းမှာ သူ့ကို နောက်ထပ်စာမေးပွဲ ထပ်ဖြေဆိုစေခြင်းပင်ဖြစ်သည်။

သူက စာမေးပွဲဝင်ရောက်ဖြေဆိုရသောကြောင့် ယာယီဖြေဆိုသူတစ်ဦးနှင့် တန်းတူဖြစ်လာခဲ့သည်။ ဖြေဆိုသူတစ်ဦးဖြစ်ဖို့ရန်အတွက် ဝင်ခွင့်လက်မှတ်လိုအပ်မည်ဖြစ်ပြီး ထိုအချိန်က ၎င်းတို့ကို စီစဉ်ပေးရန် တာဝန်ကျသောသူမှာ စာမေးပွဲခန်းစောင့်ချုပ် A ဖြစ်၏။

အခြားသူများမသိသည်မှာ ချင်ကျိုး၏ဝင်ခွင့်လက်မှတ်ကို ပြုလုပ်မည့်ရက်တွင် ထိုနေရာ၌ ချင်ကျိုးကိုယ်တိုင်ရှိနေခဲ့သည့်အဖြစ်နှင့် သူ့ကို ခေါ်ခဲ့သည့်သူမှာလည်း စာမေးပွဲခန်းစောင့်A ဟူသည့် အကြောင်းကိုပင်။

ဝင်ခွင့်လက်မှတ်များကို စနစ်၏ပင်မထိန်းချုပ်စင်တာ ဖြစ်သည့် စနစ်၏ဗဟိုချက်တွင် ပြုလုပ်ရသည်။ ယင်းမှာ ချင်ကျိုး ထိုသတ္တုတံခါးရှေ့တွင် တရားဝင် မတ်တပ်ရပ်နေခဲ့သော ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် သူအနားသို့ မကပ်နိုင်ခင်မှာပဲ စနစ်ထံမှ သတိပေးသံတစ်ခု ထွက်ပေါ်လာသည်။

ချင်ကျိုးသည် မျက်ခုံးပင့်လိုက်သည်။ "ဒီဟာမှာ ပြဿနာများရှိနေတာလား"

(စာမေးပွဲခန်းစောင့်ချုပ်မဟုတ်တဲ့သူတွေကို ပင်မထိန်းချုပ်စင်တာအတွင်း ဝင်ရောက်ခြင်းမှ တားမြစ်ထားပါတယ်)

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now